ဥရောပသမဂ္ဂပေးအပ်တဲ့ ရှူးမန်းဆုကို တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ တအာင်းအမျိုးသမီးငယ်နဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရရှိ

ဥရောပသမဂ္ဂပေးအပ်တဲ့ ရှူးမန်းဆုကို တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ တအာင်းအမျိုးသမီးငယ်နဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀
အောင်ထူးနိုင်(VOM)

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ် ရှူးမန်းဆု(Schuman Awards)ကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူလည်းဖြစ်ပြီး၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ လွေးပိုးငယ်နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့က ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဥရောပသံအမတ်ကြီး နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဥရောပသံရုံးကနေ သိရပါတယ်။

“လေးကြိမ်မြောက်အဖြစ် ကျွန်တော်တို့က အလင်းပြမီးလျှံကို သယ်ဆောင်လာပေးတဲ့ သူတွေ၊ အကျဉ်းထောင်တွင်း၊ တရားရုံးတော်အတွင်း သို့မဟုတ် မြန်မာနိုင်ငံတစ်ဝှမ်းက ကျေးရွာတွေမှာ အများအကျိုးသယ်ပိုးရင်း လင်းလက်တောက်ပ နေကြတဲ့သူတွေကို ကျွန်တော်တို့ အသိအမှတ်ပြု ကြမှာပါ။ သူတို့က ပြည်ထောင်စုမြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသူတွေပဲ ဖြစ်ကြပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။

ရှူးမန်းဆုကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်ချီးမြှင့်တဲ့ဆု ဖြစ်တယ်လို့ သိရပါတယ်။

“အမျိုးသမီးတွေဆိုရင် သူ့ရဲ့မိသားစုတွင်းမှာသော်လည်းကောင်း ယောကျ်ားတွေရဲ့ ဖိနှိပ်ခြင်းခံရတယ်။ ကျွန်မကိုယ်တိုင်လည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီလို ခွဲခြားဆက်ဆံခံရတဲ့ ဘဝကနေ လွတ်မြောက်ချင်တယ်။ ဖိနှိပ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်ချင်တယ်။ ဒါကြောင့် အမျိုးသမီးအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ တိုင်းရင်းသားအခွင့်အရေးတွေအတွက် အလုပ်လုပ်မှဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အခုအချိန်အထိ အထူးသဖြင့်ပေါ့နော် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ရှူးမန်းဆုရှင် လွေးပိုးငယ်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးနဲ့သက်ဆိုင်ပြီး တရားစွဲဆိုခံရတဲ့ အမှုတွေကို ရှေ့နေလိုက်ပေးတာ၊ တစ်ခါတစ်ရံမှာ အခမဲ့ရှေ့နေလိုက်ပေးတာကို ဆယ်စုနှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေး၊ သတင်းအချက်အလက်များ လွတ်လပ်စွာရရှိရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်းဖြစ်ပေါ်လာရေးအတွက် ထောက်ခံအားပေး လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်မှာ ဦးကြီးမြင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ဟောပြောမှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရသူလည်း ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကိုတော့ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ သူတို့ရဲ့သတ္တိအတွက် ၂၀၂၀ ခုနှစ် ရှုးမန်းဆုကို ချီးမြင့်ခဲ့တာလို့ သိရပါတယ်။

ရှူးမန်းဆုတွေကို ဥရောပသမဂ္ဂရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ရောမစာချုပ်ရဲ့ နှစ်(၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ်ပေးအပ်ခဲ့တဲ့ ရှူးမန်းဆုရှင်တွေကတော့ NLD မှ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ငြိမ်း (Shalom) ဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ် ဂျာနန်းလတော်နဲ့ Equality Myanmar အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ရှူးမန်းဆုရှင်တွေကတော့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီ‌ဇောင်ဟောင်နဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းထွေးတို့ ရရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် ရှူးမန်းဆုရှင်တွေကတော့ ကျား၊မ ရေးရာနဲ့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးထောက်ခံအားပေးသူ ဦးအောင်ကျော်မိုးနဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်တို့က ရရှိခဲ့ကြတာဖြစ်ပါတယ်။

Photo – ဥရောပသမဂ္ဂရုံး
#VOM #voiceofmyanmar #ရန်ကုန် #ဥရောပသမဂ္ဂ #ရှူးမန်းဆု

Zawgyi

ဥေရာပသမဂၢေပးအပ္တဲ့ ရႉးမန္းဆုကို တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္၊ တအာင္းအမ်ိဳးသမီးငယ္နဲ႔ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ ရရွိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢကိုယ္စားလွယ္အဖြဲ႕က ေပးအပ္ခ်ီးျမႇင့္တဲ့ ၂၀၂၀ ခုႏွစ္ ရႉးမန္းဆု(Schuman Awards)ကို တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ တအာင္းအမ်ိဳးသမီးတက္ႂကြလႈပ္ရွားသူလည္းျဖစ္ၿပီး၊ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာႏိုင္ငံ)အေထြေထြအတြင္းေရးမႉးလည္းျဖစ္တဲ့ ေလြးပိုးငယ္နဲ႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕တို႔က ရရွိခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီဆုေပးပြဲအခမ္းအနားကို ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ဥေရာပသံအမတ္ႀကီး ေနအိမ္မွာ က်င္းပျပဳလုပ္ခဲ့တယ္လို႔ ဥေရာပသံ႐ုံးကေန သိရပါတယ္။

“ေလးႀကိမ္ေျမာက္အျဖစ္ ကြၽန္ေတာ္တို႔က အလင္းျပမီးလွ်ံကို သယ္ေဆာင္လာေပးတဲ့ သူေတြ၊ အက်ဥ္းေထာင္တြင္း၊ တရား႐ုံးေတာ္အတြင္း သို႔မဟုတ္ ျမန္မာႏိုင္ငံတစ္ဝွမ္းက ေက်း႐ြာေတြမွာ အမ်ားအက်ိဳးသယ္ပိုးရင္း လင္းလက္ေတာက္ပ ေနၾကတဲ့သူေတြကို ကြၽန္ေတာ္တို႔ အသိအမွတ္ျပဳ ၾကမွာပါ။ သူတို႔က ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ စစ္မွန္တဲ့ ဒီမိုကေရစီရရွိေရးအတြက္ ကူညီေဆာင္႐ြက္ေပးေနၾကသူေတြပဲ ျဖစ္ၾကပါတယ္”လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢသံအမတ္ႀကီး Kristian Schmidt က ေျပာပါတယ္။

ရႉးမန္းဆုကို ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ၊ တရားဥပေဒစိုးမိုးေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရး ျပည့္ဝစြာရရွိေရးအတြက္ စြမ္းစြမ္းတမံႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကသူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးအပ္ခ်ီးျမႇင့္တဲ့ဆု ျဖစ္တယ္လို႔ သိရပါတယ္။

“အမ်ိဳးသမီးေတြဆိုရင္ သူ႔ရဲ႕မိသားစုတြင္းမွာေသာ္လည္းေကာင္း ေယာက်္ားေတြရဲ႕ ဖိႏွိပ္ျခင္းခံရတယ္။ ကြၽန္မကိုယ္တိုင္လည္း အမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ ဒီလို ခြဲျခားဆက္ဆံခံရတဲ့ ဘဝကေန လြတ္ေျမာက္ခ်င္တယ္။ ဖိႏွိပ္ခံေနရတဲ့ ဘဝကေန လြတ္ေျမာက္ခ်င္တယ္။ ဒါေၾကာင့္ အမ်ိဳးသမီးအခြင့္အေရးေတြ လူ႔အခြင့္အေရးေတြ တိုင္းရင္းသားအခြင့္အေရးေတြအတြက္ အလုပ္လုပ္မွျဖစ္မယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ အခုအခ်ိန္အထိ အထူးသျဖင့္ေပါ့ေနာ္ အမ်ိဳးသမီးအခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္ေနတာျဖစ္ပါတယ္”လို႔ ရႉးမန္းဆုရွင္ ေလြးပိုးငယ္က ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္ဟာ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းတစ္ဦးျဖစ္ၿပီး ႏိုင္ငံေရးနဲ႔သက္ဆိုင္ၿပီး တရားစြဲဆိုခံရတဲ့ အမႈေတြကို ေရွ႕ေနလိုက္ေပးတာ၊ တစ္ခါတစ္ရံမွာ အခမဲ့ေရွ႕ေနလိုက္ေပးတာကို ဆယ္စုႏွစ္ေက်ာ္ၾကာ လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

တရားဥပေဒစိုးမိုးေရး၊ သတင္းအခ်က္အလက္မ်ား လြတ္လပ္စြာရရွိေရးနဲ႔ အုပ္ခ်ဳပ္မႈစနစ္ေကာင္းျဖစ္ေပၚလာေရးအတြက္ ေထာက္ခံအားေပး လုပ္ေဆာင္လ်က္ရွိၿပီး လက္ရွိအခ်ိန္မွာ ဦးႀကီးျမင့္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္တဲ့ ေဟာေျပာမႈေတြကို ျပဳလုပ္ခဲ့တဲ့အတြက္ တပ္မေတာ္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ နဲ႔ တရားစြဲဆိုခံထားရသူလည္း ျဖစ္ပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကိုေတာ့ ျမန္မာႏိုင္ငံတြင္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ကာကြယ္တဲ့ သူတို႔ရဲ႕သတၱိအတြက္ ၂၀၂၀ ခုႏွစ္ ရႈးမန္းဆုကို ခ်ီးျမင့္ခဲ့တာလို႔ သိရပါတယ္။

ရႉးမန္းဆုေတြကို ဥေရာပသမဂၢရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒေတြထဲက တစ္ခုျဖစ္တဲ့ ေရာမစာခ်ဳပ္ရဲ႕ ႏွစ္(၆၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ၂၀၁၇ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ စတင္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ေပးအပ္ခဲ့တဲ့ ရႉးမန္းဆုရွင္ေတြကေတာ့ NLD မွ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ၊ ၿငိမ္း (Shalom) ေဖာင္ေဒးရွင္း ဒါ႐ိုက္တာ ေဒၚ ဂ်ာနန္းလေတာ္နဲ႔ Equality Myanmar အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းတို႔ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ရႉးမန္းဆုရွင္ေတြကေတာ့ Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္း၊ လူအခြင့္အေရးတက္ႂကြလႈပ္ရွားသူ ခ်ယ္ရီ‌ေဇာင္ေဟာင္နဲ႔ အမ်ိဳးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားသူ ေဒၚခင္သန္းေထြးတို႔ ရရွိခဲ့ၾကပါတယ္။

၂၀၁၉ ခုႏွစ္ ရႉးမန္းဆုရွင္ေတြကေတာ့ က်ား၊မ ေရးရာနဲ႔ ၿငိမ္းခ်မ္းေရးတက္ႂကြလႈပ္ရွားသူ ေဒၚနန္ပူ၊ ၿငိမ္းခ်မ္းေရးေထာက္ခံအားေပးသူ ဦးေအာင္ေက်ာ္မိုးနဲ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္တို႔က ရရွိခဲ့ၾကတာျဖစ္ပါတယ္။

Photo – ဥေရာပသမဂၢ႐ုံး
#VOM #voiceofmyanmar #ရန္ကုန္ #ဥေရာပသမဂၢ #ရႉးမန္းဆု

Related posts

Leave a Comment

VOM News

FREE
VIEW