အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိတော့မယ်

အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိတော့မယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား ခုနှစ်ရက်ကြာ အကြမ်းဖက်လျှော့ချရေး သဘောတူညီချက်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီလို ကနဦးသဘော တူညီချက်ဟာ ရှည်လျားတဲ့ ငြိမ်းချမ်းရေးခရီးအတွက် အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောပါတယ်။

တစ်ကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ဆယ်စုနှစ်နှစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ဋိပက္ခအဆုံးသတ်ရေးအတွက် ပထမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို နှစ်ဘက်လက်မှတ်ရေးထိုးသွားမယ်လို့ သူကပြောပါတယ်။

အာဖဂန်နစ္စတန်မှ နိုင်ငံခြားတပ်ဖွဲ့ဝင်အားလုံးရုပ်သိမ်းခြင်းနဲ့ အတူ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်မယ့် သဘောတူညီချက် လက်မှတ်မရေးထိုးမီ သင့်တော်တဲ့ လုံခြုံရေးအခြေအနေတစ်ရပ်ကို ဖန်တီးသွားမယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီမှုကို နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘတ်က ကြိုဆိုလိုက်ပြီး ဒါဟာ တာလီဘန်တို့ရဲ့ အကြမ်းဖက်မှုလျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလိုလားမှုကို စမ်းသပ်တဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ဆိုပါတယ်။

တစ်ပတ်ကြာ အကြမ်းဖက်မှုလျှော့ချရေးသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် နောက်ထပ်ခြေလှမ်းဖြစ်တဲ့ သဘောတူညီမှုတစ်ရပ်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ လက်မှတ်ထိုးဖို့ စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #အမေရိကန် #တာလီဘန်

zawgyi

အေမရိကန္နဲ႔ တာလီဘန္အဖြဲ႔တို႔အၾကား ျငိမ္းခ်မ္းေရး သေဘာတူညီခ်က္ ရရိွေတာ႔မယ္

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔ တာလီဘန္အဖြဲ႔တို႔အၾကား ခုနွစ္ရက္ၾကာ အၾကမ္းဖက္ေလွ်ာ႔ခ်ေရး သေဘာတူညီခ်က္တစ္ရပ္ကို စတင္လိုက္ျပီျဖစ္ပါတယ္။

ဒီလို ကနဦးသေဘာ တူညီခ်က္ဟာ ရွည္လ်ားတဲ႔ ျငိမ္းခ်မ္းေရးခရီးအတြက္ အေရးပါတဲ႔ ေျခလွမ္း တစ္ရပ္ျဖစ္ေၾကာင္း အေမရိကန္နုိင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုကေျပာပါတယ္။

တစ္ကယ္လို႔ ေအာင္ျမင္ခဲ႔မယ္ဆိုရင္ ဆယ္စုနွစ္နွစ္ခုနီးပါး ၾကာျမင္႔ေနျပီျဖစ္တဲ႔ ဋိပကၡအဆံုးသတ္ေရးအတြက္ ပထမအဆင္႔ ျငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို နွစ္ဘက္လက္မွတ္ေရးထိုးသြားမယ္လို႔ သူကေျပာပါတယ္။

အာဖဂန္နစၥတန္မွ နုိင္ငံျခားတပ္ဖြဲ႔၀င္အားလံုးရုပ္သိမ္းျခင္းနဲ႔ အတူ ျငိမ္းခ်မ္းေရးအတြက္ အေျခခံအုတ္ျမစ္ေတြ ခ်မွတ္နို္င္မယ္႔ သေဘာတူညီခ်က္ လက္မွတ္မေရးထိုးမီ သင္႔ေတာ္တဲ႔ လံုျခံဳေရးအေျခအေနတစ္ရပ္ကို ဖန္တီးသြားမယ္လို႔ တာလီဘန္အဖြဲ႕က ထုတ္ျပန္ပါတယ္။
အေမရိကန္နဲ႔ တာလီဘန္တို႔အၾကား သေဘာတူညီမႈကို ေနတိုးအတြင္းေရးမွဴးခ်ဳပ္ ဂ်န္စတိုတင္ဘတ္က ၾကိဳဆိုလိုက္ျပီး ဒါဟာ တာလီဘန္တို႔ရဲ႕ အၾကမ္းဖက္မႈေလွ်ာ႔ခ်ေရးနဲ႔ ျငိမ္းခ်မ္းေရးလိုလားမႈကို စမ္းသပ္တဲ႔ အေရးပါတဲ႔ လုပ္ေဆာင္ခ်က္ျဖစ္တယ္လို႔ဆိုပါတယ္။

တစ္ပတ္ၾကာ အၾကမ္းဖက္မႈေလွ်ာ႔ခ်ေရးသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္နုိင္မယ္ဆိုရင္ေတာ႔ ျငိမ္းခ်မ္းေရးအတြက္ ေနာက္ထပ္ေျခလွမ္းျဖစ္တဲ႔ သေဘာတူညီမႈတစ္ရပ္ကို ေဖေဖာ္၀ါရီ ၂၉ ရက္မွာ လက္မွတ္ထိုးဖို႔ စီစဥ္ထားေၾကာင္း အေမရိကန္ နုိင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယုိက ေျပာပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #အေမရိကန္ #တာလီဘန္

Related posts

Leave a Comment

VOM News

FREE
VIEW