ရခိုင်မှာ အင်တာနက်ဖြတ်တဲ့ကိစ္စ ရပ်ပေးဖို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ဦးကို ပုဒ်မ ၁၉နဲ့ အမူဖွင့်

ရခိုင်မှာ အင်တာနက်ဖြတ်တဲ့ကိစ္စ ရပ်ပေးဖို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၉ဦးကို ပုဒ်မ ၁၉နဲ့ အမူဖွင့်

ရန်ကုန်-ဖေဖေါ်ဝါရီ ၂၄-၂၀၂၀
စွဲ့ဝတီ (VOM)

ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက် သတင်းအမှောင်ချခြင်း ချက်ခြင်းရပ်ပေးဖို့၊ မူလတန်းကျောင်းပေါ်လက်နက်ကြီးကျခြင်းအတွက် တာဝန်ယူမူ၊ တာဝန်ခံမူ ချက်ခြင်းပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပမီဒီယာများ လွတ်လပ်စွာ သတင်းရယူနိုင်ရေးစတဲ့ အချက် သုံးချက်ကို မနေ့က ညနေပိုင်းမှာ ကမာရွတ်မြို့နယ် ဆင်ရေတွင်းကားမှတ်တိုင်ကနေ လည်းတန်းစင်တာ အထိ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုမှာ ပါဝင်တဲ့ ကျောင်းသားကျောင်းသူ ၉ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းန ဲ့ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ(ငြိမ်းစုစီ) ပုဒ်မ ၁၉နဲ့ ကမာရွတ်ရဲစခန်းမှာ ဒီကနေ့ နံနက်ပိုင်းက အမှုဖွင့်ထားတာဖြစ်တယ်လို့ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် က သိရပါတယ်။

“ကိုးယောက်ထဲက ၆ယောက်ကို ကမာရွတ်ရဲစခန်းကို လာခေါ်သွားတယ်။ သုံးယောက်လောက်ပဲ ကျန်တော့တယ်။ စစ်ချက်ယူတာပေါ့။ ဒီနေ့ သမဂ္ဂ ရုံးခန်းအထိ လာရောက်ခေါ်ဆောင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက ခြောက်ယောက်ပါတယ်။ မိန်းကလေးနှစ်ယောက် မနှင်း ၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ကိုဇော်ထက်နိုင်၊ ကိုအောင်ပြည့်စုံဖြိုး၊ ကိုနောင်ထက်အောင် ခြောက်ယောက်ပါတယ်”လို့ တရားစွဲဆိုခံရတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

မနေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေကတော့ မနှင်း ၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ ကိုဇော်ထက်နိုင်၊ ကိုအောင်ပြည့်စုံဖြိုး၊ ကိုသက်တင်အောင်၊ ကိုမြတ်ဟိန်းထွန်း၊ ကိုနောင်ထက်အောင် ၊ ကိုကျော်လင်း တို့ဖြစ်ကြပါတယ်။

“အဓိကတော့ တရားစွဲဆိုတာက ခွင့်ပြုချက် မတင်လို့ပါပဲ။ အစကတည်းက ကျွန်တေ်ာတို့က ဒီဥပဒေကို လက်မခံတဲ့အတွက် ခွင့်ပြုချက် မတင်တာဖြစ်ပါတယ်။ အစကတော့ ဦးဆောင်ပါဝင်နေတဲ့သူတွေကိုပဲ အဓိကတရားစွဲတဲ့ ပုံစံမျိုးပါပဲ။ ဒါပေမဲ့ အခမ်းအနားမှာ ဟောပြောတဲ့သူတွေကိုပါလိုက်ပြီးတော့ တရားစွဲတဲ့ ပုံစံမျိုး ဖြစ်လာတယ်”လို့ တရားစွဲဆိုခံရတဲ့ အထဲမှာပါဝင်ခဲ့တဲ့ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)က အခြေခံမူ တာဝန်ခံ ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်လင်းကပြောပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊
ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၊ ရခိုင်ကျောင်းသားများသမဂ္ဂ ဒဂုံတက္ကသိုလ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရွာသာကြီး နယ်မြေ) ၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ)တို့မှ ကျောင်းသားကျောင်းသူတွေ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆန္ဒပြကျောင်းသား၉ဦးကိုအမှုဖွင့်

ရခိုင္မွာ အင္တာနက္ျဖတ္တဲ႕ကိစၥ ရပ္ေပးဖို႔ ဆႏၵျပရာမွာ ပါဝင္ခဲ့တဲ့ ေက်ာင္းသား ၉ဦးကို ပုဒ္မ ၁၉နဲ႔ အမူဖြင့္

ရန္ကုုန္-ေဖေဖၚဝါရီ ၂၄-၂၀၂၀
စြဲ႕ဝတီ (VOM)

ရခိုင္ျပည္နယ္မွာ အင္တာနက္ ျဖတ္ေတာက္ သတင္းအေမွာင္ခ်ျခင္း ခ်က္ျခင္းရပ္ေပးဖို႔၊ မူလတန္းေက်ာင္းေပၚလက္နက္ႀကီးက်ျခင္းအတြက္ တာဝန္ယူမူ၊ တာဝန္ခံမူ ခ်က္ျခင္းေပးဖို႔နဲ႔ ရခိုင္ျပည္နယ္အတြင္း ျပည္တြင္းျပည္ပမီဒီယာမ်ား လြတ္လပ္စြာ သတင္းရယူႏိုင္ေရးစတဲ့ အခ်က္ သုံးခ်က္ကို မေန႔က ညေနပိုင္းမွာ ကမာ႐ြတ္ၿမိဳ႕နယ္ ဆင္ေရတြင္းကားမွတ္တိုင္ကေန လည္းတန္းစင္တာ အထိ ဆႏၵျပေတာင္းဆိုုခဲ႕ပါတယ္။ ဒီေတာင္းဆိုုမွဳမွာ ပါဝင္တဲ႕ ေက်ာင္းသားေက်ာင္းသူ ၉ဦးကို ၿငိမ္းခ်မ္းစြာစုေဝးျခင္းန ဲ႔ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒ(ၿငိမ္းစုစီ) ပုဒ္မ ၁၉နဲ႔ ကမာ႐ြတ္ရဲစခန္းမွာ ဒီကေန႔ နံနက္ပိုင္းက အမႈဖြင့္ထားတာျဖစ္တယ္လို႔ ေက်ာင္းသားမ်ားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ က သိရပါတယ္။

“ကိုးေယာက္ထဲက ၆ေယာက္ကို ကမာ႐ြတ္ရဲစခန္းကို လာေခၚသြားတယ္။ သုံးေယာက္ေလာက္ပဲ က်န္ေတာ့တယ္။ စစ္ခ်က္ယူတာေပါ့။ ဒီေန႔ သမဂၢ ႐ုံးခန္းအထိ လာေရာက္ေခၚေဆာင္တာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဆီက ေျခာက္ေယာက္ပါတယ္။ မိန္းကေလးႏွစ္ေယာက္ မႏွင္း ၊ မေအးျမတ္မြန္ေက်ာ္၊ ကိုသုတစိုး၊ကိုေဇာ္ထက္ႏိုင္၊ ကိုေအာင္ျပည့္စုံၿဖိဳး၊ ကိုေနာင္ထက္ေအာင္ ေျခာက္ေယာက္ပါတယ္”လို႔ တရားစြဲဆိုခံရတဲ့အထဲမွာ ပါဝင္ခဲ့တဲ့ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)က ကိုေအာင္ျပည့္စုံၿဖိဳးက ေျပာပါတယ္။

မေန႔က ဆႏၵျပပြဲမွာ ပါဝင္ခဲ့လို႔ ၿငိမ္းစုစီ ပုဒ္မ ၁၉နဲ႔ တရားစြဲဆိုခံခဲ့ရတဲ့ ေက်ာင္းသားေက်ာင္းသူေတြကေတာ့ မႏွင္း ၊ မေအးျမတ္မြန္ေက်ာ္၊ ကိုသုတစိုး၊ ကိုေဇာ္ထက္ႏိုင္၊ ကိုေအာင္ျပည့္စုံၿဖိဳး၊ ကိုသက္တင္ေအာင္၊ ကိုျမတ္ဟိန္းထြန္း၊ ကိုေနာင္ထက္ေအာင္ ၊ ကိုေက်ာ္လင္း တို႔ျဖစ္ၾကပါတယ္။

“အဓိကေတာ့ တရားစြဲဆိုတာက ခြင့္ျပဳခ်က္ မတင္လို႔ပါပဲ။ အစကတည္းက ကြၽန္ေတ္ာတို႔က ဒီဥပေဒကို လက္မခံတဲ့အတြက္ ခြင့္ျပဳခ်က္ မတင္တာျဖစ္ပါတယ္။ အစကေတာ့ ဦးေဆာင္ပါဝင္ေနတဲ့သူေတြကိုပဲ အဓိကတရားစြဲတဲ့ ပုံစံမ်ိဳးပါပဲ။ ဒါေပမဲ့ အခမ္းအနားမွာ ေဟာေျပာတဲ့သူေတြကိုပါလိုက္ၿပီးေတာ့ တရားစြဲတဲ့ ပုံစံမ်ိဳး ျဖစ္လာတယ္”လို႔ တရားစြဲဆိုခံရတဲ့ အထဲမွာပါဝင္ခဲ့တဲ့ ရကၡိဳင္ေက်ာင္းသားမ်ားသမဂၢ(တကၠသိုလ္မ်ား-ရန္ကုန္)က အေျခခံမူ တာဝန္ခံ ေက်ာင္းသားတစ္ဦးျဖစ္သူ ကိုေက်ာ္လင္းကေျပာပါတယ္။

အဲ့ဒီ ဆႏၵျပပြဲမွာ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ၊ရခိုင္ျပည္ေက်ာင္းသားသမဂၢ၊
ရကၡိဳင္ေက်ာင္းသားမ်ားသမဂၢ(တကၠသိုလ္မ်ား-ရန္ကုန္)၊ ရခိုင္ေက်ာင္းသားမ်ားသမဂၢ ဒဂုံတကၠသိုလ္ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ၊ စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ (႐ြာသာႀကီး နယ္ေျမ) ၊ ရန္ကင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢ (ဗကသ)တို႔မွ ေက်ာင္းသားေက်ာင္းသူေတြ ပါဝင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဆႏၵျပေက်ာင္းသား၉ဦးကိုုအမွဳဖြင့္

Related posts

Leave a Comment

VOM News

FREE
VIEW