နယူးဒေလီက ဆန္ဒပြပွဲမှာ ၊လူ၅ဦးသေ၊ ၉၀ ကျော်ဒါဏ်ရာရ

နယူးဒေလီက ဆန္ဒပြပွဲမှာ ၊လူ၅ဦးသေ၊ ၉၀ ကျော်ဒါဏ်ရာရ

ဒေလီ၊ ဖေဖော်ဝါရီ-၂၅-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဥပဒေသစ်အပေါ် ဒေလီမြို့မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေကြောင့် လူ ငါးဦးသေဆုံးပြီး ၉၀ ကျော်ဒါဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးရုံရောက်လာသူအချို့ဟာ သေနတ်ဒါဏ်ရာတွေရရှိထားတယ်လို့ Guru Teg Bahadur ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ဒေါက်တာရာဂျက်ကယ်ရာက ဖေဖော်ဝါရီ ၂၅ ရက်မှာပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေအသုံးပြုခဲ့ပေမယ့် ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ အခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒေလီမြို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မလာရောက်မီ တစ်ရက်အလိုမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်နေပါတယ်။

ထရန့်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ဟာ ဆန္ဒပြမှုတွေကြောင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာနဲ့ကီလိုမီတာ အနည်းအကွာရှိ နေရာတစ်ခုမှာ ဖေဖော်ဝါရီ ၂၅ ရက်မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဒေလီရဲ့အချို့နေရာတွင်မှာ တင်းမာမှုတွေမြင့်တက်နေဆဲဖြစ်ပြီး စာသင်ကျောင်းအချို့ပိတ်ထားရသလို မီးရထားဘူတာငါးခုထက်မနည်းကိုလည်း ပိတ်ထားရတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #နယူးဒေလီ #ဆန္ဒပြ

zawgyi

နယူးေဒလီက ဆႏၵျပပြဲမွာ ၊လူ၅ဦးေသ၊ ၉၀ ေက်ာ္ဒါဏ္ရာရ

ေဒလီ၊ ေဖေဖာ္၀ါရီ-၂၅-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံမွာ နုိင္ငံသားဥပေဒသစ္အေပၚ ေဒလီျမိဳ႕မွာ ဆႏၵျပမႈေတြျဖစ္ပြားခဲ႔ျပီး ရဲတပ္ဖြဲ႔နဲ႔ ဆႏၵျပသူေတြအၾကား ပဋိပကၡေတြေၾကာင္႔ လူ ငါးဦးေသဆံုးျပီး ၉၀ ေက်ာ္ဒါဏ္ရာရရိွခဲ႔တယ္လို႔ ေဆးရံုတာ၀န္ရိွသူေတြက ေျပာပါတယ္။

ေဆးရံုေရာက္လာသူအခ်ိဳ႕ဟာ ေသနတ္ဒါဏ္ရာေတြရရိွထားတယ္လို႔ Guru Teg Bahadur ေဆးရံုရဲ႕ ေဆးဘက္ဆိုင္ရာ ၾကီးၾကပ္ေရးမွဴး ေဒါက္တာရာဂ်က္ကယ္ရာက ေဖေဖာ္၀ါရီ ၂၅ ရက္မွာေျပာပါတယ္။

ရဲတပ္ဖြဲ႔ဟာ မ်က္ရည္ယိုဗံုးေတြ၊ မီးခိုးဗံုးေတြအသံုးျပဳခဲ႔ေပမယ္႔ ေက်ာက္ခဲေတြနဲ႔ ျပန္လည္ပစ္ေပါက္ေနတဲ႔ ဆႏၵျပသူေတြကို လူစုခြဲဖို႔ အခက္အခဲေတြျဖစ္ေပၚခဲ႔ပါတယ္။

ေဒလီျမိဳ႕ကို အေမရိကန္သမၼတ ေဒၚနယ္ထရန္႔မလာေရာက္မီ တစ္ရက္အလိုမွာျဖစ္ပြားခဲ႔တဲ႔ အၾကမ္းဖက္ဆႏၵျပမႈေတြေၾကာင္႔ ေသဆံုးသူေတြထဲမွာ ရဲတပ္ဖြဲ႔၀င္တစ္ဦးလည္း ပါ၀င္ေနပါတယ္။

ထရန္႔နဲ႔ ၀န္ၾကီးခ်ဳပ္မိုဒီတို႔ဟာ ဆႏၵျပမႈေတြေၾကာင္႔ ပဋိပကၡေတြျဖစ္ပြားေနတဲ႔ ေနရာနဲ႔ကီလိုမီတာ အနည္းအကြာရိွ ေနရာတစ္ခုမွာ ေဖေဖာ္၀ါရီ ၂၅ ရက္မွာ ေတြ႔ဆံုေဆြးေႏြးၾကမွာျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ ေဒလီရဲ႕အခ်ိဳ႕ေနရာတြင္မွာ တင္းမာမႈေတြျမင္႔တက္ေနဆဲျဖစ္ျပီး စာသင္ေက်ာင္းအခ်ိဳ႕ပိတ္ထားရသလို မီးရထားဘူတာငါးခုထက္မနည္းကိုလည္း ပိတ္ထားရတယ္လို႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #နယူးေဒလီ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW