ကနီမြို့နယ်မှာ အချိန်အခါမဟုတ် လေပြင်းတိုက်လို့ နေအိမ်တွေပျက်စီးမှုရှိ

ကနီမြို့နယ်မှာ အချိန်အခါမဟုတ် လေပြင်းတိုက်လို့ နေအိမ်တွေပျက်စီးမှုရှိ

မုံရွာ-ဖေဖေါ်ဝါရီ ၂၆-၂၀၂၀
ရန်နိုင်စိုး ( VOM)

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အချိန်အခါမဟုတ် လေပြင်းတိုက်ခက်မှုကြောင့် နေအိမ် ၁၁ လုံးပျက်စီးခဲ့တယ် ဒေသခံတွေအပြောအရ သိရပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုထွန်ထွန်းဝင်းပြောပြတာကတော့

” အဲ့ဒီဘက်က အရင်နှစ်တွေက နွေခါဖြစ်ပေမယ့် အခုလိုအချိန်တော့မဖြစ်ဘူး။ အခုက ထူးထူးဆန်းဆန်းဖြစ်တာ။ အိမ်ခေါင်မိုးတွေလန်သွားတာတွေ ရှိတယ်။ မိုးတွေလည်းသည်းတယ်။ အဲ့ဒီဘက်မှာ ကနီကတခြားနေရာတွေလိုတော့မဟုတ်ဘူး ကာကွယ်ဖို့ အပင်တွေလည်းရှိနေတယ်။ အခုကတော့ အသေပျောက်တော့မရှိပါဘူး ” လို့ ဆိုပါတယ်။

အခုအိမ်ခြေပျက်စီးခဲ့တဲ့ ရွာတွေကတော့ ယင်းသွင်ရွာ၊ မိကျောင်းပုန်းရွာနဲ့ မုံပင်ရွာတို့ ဖြစ်ပြီး လူနေအိမ်ခြေ ၁၁ လုံးပျက်စီးခဲ့တယ်သိရပါတယ်။

ကနီမြို့နယ်မှာ နွေရာသီအတွင်း တန်ခူးလကျော်ကစတင်ကာ တခြားမြို့တွေထက် နှစ်စဉ် လေပြင်းဒါဏ်ခံစားနေရပေမယ့် အခု လေပြင်းတိုက်ခတ်တာကတော့ ထူးထူးခြားခြားဖြစ်နေပါတယ်။

မကြာခဏ လေပြင်းဒါဏ်တိုက်ခတ်ခံရပြီး နှစ်စဉ်ပျက်စီးမှုတွေကြောင့် တိုင်းအစိုးရအဖွဲ့ကနေ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ခံ သဘာဝဘေးအတွက်ဒီဇင်ဘာလပိုင်းက ကနီမြို့နယ် ရုံးဖွင့်ထားပါတယ်။

ကနီမြို့နယ်ဟာ နွေရာသီမှာ နှစ်စဉ် လေပြင်းတိုက်ခတ်မှုကြောင့် မကြာခဏ အိမ်ခြေပျက်စီးတာတွေရှိပြီး နေအိမ်ပြိုပျက်မှုကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ကနီ #အချိန်ခါမဟုတ်လေပြင်းတိုက်

 

ကန‌ီၿမိဳ႕နယ္မွာအခ်ိန္အခါမဟုတ္ ေလျပင္းတိုက္လို႔ေနအိမ္ေတြပ်က္စီးမွဳရွိ

 

မံုုရြာ-ေဖေဖၚဝါရီ ၂၆-၂၀၂၀

ရန္နိုုင္စိုုး ( VOM)

 

 

စစ္ကိုင္းတိုင္းကနီၿမိဳ႕နယ္မွာေဖေဖာ္ဝါရီ၂၅ရက္ေန႔က  အခ်ိန္အခါမဟုတ္ေလျပင္းတိုက္ခက္မႈေၾကာင့္ေနအိမ္ ၁၁လုံးပ်က္စီးခဲ့တယ္ ေဒသခံေတြအေျပာအရ သိရပါတယ္။

 

ကနီၿမိဳ႕နယ္တိုင္း‌ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ကိုထြန္ထြန္းဝင္းေျပာျပတာကေတာ့

 

 

” အဲ့ဒီဘက္ကအရင္ႏွစ္ေတြကေႏြခါျဖစ္ေပမယ့္အခုလိုအခ်ိန္ေတာ့မျဖစ္ဘူး။အခုကထူးထူးဆန္းဆန္းျဖစ္တာ။အိမ္ေခါင္မိုးေတြလန္သြားတာေတြရွိတယ္။မိုး‌ေတြလည္းသည္းတယ္။အဲ့ဒီဘက္မွာကနီကတျခားေနရာေတြလိုေတာ့မဟုတ္ဘူးကာကြယ္ဖို႔အပင္ေတြလည္းရိွ‌ေနတယ္။အခုကေတာ့  အေသေပ်ာက္ေတာ့မရွိပါဘူး” လို႔ဆိုုပါတယ္။

 

 

အခုအိမ္ေျခပ်က္စီးခဲ့တဲ့ ႐ြာေတြကေတာ့ယင္းသြင္႐ြာ၊မိေက်ာင္းပုန္း႐ြာနဲ႔မုံပင္႐ြာတို႔ျဖစ္ၿပီးလူ‌ေနအိမ္ေျခ၁၁လုံးပ်က္စီးခဲ့တယ္သိရပါတယ္။

 

ကနီၿမိဳ႕နယ္မွာေႏြရာသီအတြင္းတန္ခူးလေက်ာ္ကစတင္ကာတျခားၿမိဳ႕ေတြထက္ႏွစ္စဥ္ေလျပင္းဒါဏ္ခံစားေနရေပမယ့္အခုေလျပင္းတိုက္ခတ္တာကေတာ့ထူးထူးျခားျခားျဖစ္ေနပါတယ္။

 

မၾကာခဏေလျပင္းဒါဏ္တိုက္ခတ္ခံရၿပီးႏွစ္စဥ္ပ်က္စီးမႈေတြေၾကာင့္တိုင္းအစိုးရအဖြဲ႕ကေနလူမႈကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနလက္ေအာက္ခံသဘာဝေဘးအတြက္ဒီဇင္ဘာလပိုင္းကကနီၿမိဳ႕နယ္႐ုံးဖြင့္ထားပါတယ္။

 

ကနီၿမိဳ႕နယ္ဟာေႏြရာသီမွာႏွစ္စဥ္ေလျပင္းတိုက္ခတ္မႈေၾကာင့္မၾကာခဏအိမ္ေျခပ်က္စီးတာေတြရွိၿပီးေနအိမ္ၿပိဳပ်က္မႈေၾကာင့္လူေသဆုံးမႈေတြလည္းရွိခဲ့ပါတယ္။

 

#voiceofmyanmar #VOM #ကနီ #အခ်ိန္ခါမဟုုတ္ေလျပင္းတိုုက္

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW