မူဆယ်မြို့မှာ ကိုယ်အပူချိန်မြင့်တဲ့ စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိ

မူဆယ်မြို့မှာ ကိုယ်အပူချိန်မြင့်တဲ့ စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိ

မူဆယ် ဖေဖေါ်ဝါရီ ၂၅-၂၀၂၀
ပြည့်စုံ(မူဆယ်)

မူဆယ်မြို့တွင် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် တွင် ကိုယ်အပူချိန်လွန်ကဲနေသော အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို တွေ့ရပြီး ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ပြည်သူ့ဆေးရုံ(မူဆယ်)တွင် စောင့်ကြည့်ကုသပေးလျက်ရှိပါတယ်။

အဆိုပါကိုယ်အပူချိန်လွန်ကဲသောလူနာမှာ ကွက်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် နေထိုင်ပြီး လွန်ခဲ့သော ၁၅ ရက်ခန့်ကရွှေလီမြို့ သုံးဘီးစက်ပြင်အလုပ်ရုံတွင်အလုပ်လုပ်ခဲ့သော အသက် ၂၃ အရွယ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ၂၄ ရက် နေ့ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန့်ဝိန်းပေါက်မှနေပြီး မြန်မာနိုင်ငံအတွင်းစာအုပ်ရိုက်ရန် ဝင်ရောက်လာသောသူဖြစ်ပြီး မြန်မာစေတနာဝန်ထမ်းကူညီရေးအဖွဲ့မှတိုင်းတဲ့အခါမှာ အပူချိန် ၃၈ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်တွေ့ရှိရကြောင်း မူဆယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေဆီက သိရှိရပါတယ်။

အဲဒီအမျိုးသားမှာ စာအုပ်ရိုက်ပြီးချိန် မန့်ဝင်းစစ်ဆေးရေးဂိတ်မှ တရုတ်နိုင်ငံသို့ပြန်လည်ဝင်ရောက်သွားချိန်တွင် တရုတ်ဘက်မှ လက်မခံသောကြောင့် လူမှုရေးကားဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ခေါ်ဆောင်ခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(မူဆယ်)က သိရပါတယ်။

သူ့ရဲ့စစ်ဆေးမှုတွေကို ဓါတ်ခွဲခန်းနမူနာ ရယူဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓါတ်ပုံ – ဦးသောင်းထွန်း
#voiceofmyanmar #VOM #မူဆယ် #အပူချိန်မြင့်လူနာ

Zawgyi

မူဆယ္ၿမိဳ႕မွာ ကိုုယ္အပူခ်ိန္ျမင့္တဲ႕ ေစာင့္ၾကည့္လူနာတစ္ဦးေတြ႕ရွိ

မူဆယ္ ေဖေဖၚဝါရီ ၂၅-၂၀၂၀
ျပည့္စုံ(မူဆယ္)

မူဆယ္ၿမိဳ႕တြင္ ႏွစ္ႏိုင္ငံ ျပည္ဝင္ျပည္ထြက္ စစ္ေဆးေရးဂိတ္ျဖစ္သည့္ မန႔္ဝိန္းဂိတ္ တြင္ ကိုယ္အပူခ်ိန္လြန္ကဲေနေသာ အသက္ ၂၃ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးကို ေတြ႕ရၿပီး ေဖေဖၚဝါရီလ ၂၅ ရက္ေန႔တြင္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ ျပည္သူ႔ေဆး႐ုံ(မူဆယ္)တြင္ ေစာင့္ၾကည့္ကုသေပးလ်က္ရွိပါတယ္။

အဆိုပါကိုယ္အပူခ်ိန္လြန္ကဲေသာလူနာမွာ ကြက္ခိုင္ၿမိဳ႕နယ္ တာမိုးညဲၿမိဳ႕တြင္ ေနထိုင္ၿပီး လြန္ခဲ့ေသာ ၁၅ ရက္ခန႔္ကေ႐ႊလီၿမိဳ႕ သုံးဘီးစက္ျပင္အလုပ္႐ုံတြင္အလုပ္လုပ္ခဲ့ေသာ အသက္ ၂၃ အ႐ြယ္အမ်ိဳးသားျဖစ္ပါတယ္။ သူဟာ ၂၄ ရက္ ေန႔ည ၉ နာရီ ၃၅ မိနစ္အခ်ိန္တြင္ မူဆယ္ၿမိဳ႕ ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြက္ စစ္ေဆးေရးဂိတ္ မန႔္ဝိန္းေပါက္မွေနၿပီး ျမန္မာႏိုင္ငံအတြင္းစာအုပ္႐ိုက္ရန္ ဝင္ေရာက္လာေသာသူျဖစ္ၿပီး ျမန္မာေစတနာဝန္ထမ္းကူညီေရးအဖြဲ႕မွတိုင္းတဲ႕အခါမွာ အပူခ်ိန္ ၃၈ ဒသမ ၁ ဒီဂရီ စင္တီဂရိတ္ေတြ႕ရွိရေၾကာင္း မူဆယ္မွာရွိတဲ႕ လူဝင္မွဳၾကီးၾကပ္ေရးဝန္ထမ္းေတြဆီက သိရွိရပါတယ္။

အဲဒီအမ်ိဳးသားမွာ စာအုပ္႐ိုက္ၿပီးခ်ိန္ မန႔္ဝင္းစစ္ေဆးေရးဂိတ္မွ တ႐ုတ္ႏိုင္ငံသို႔ျပန္လည္ဝင္ေရာက္သြားခ်ိန္တြင္ တ႐ုတ္ဘက္မွ လက္မခံေသာေၾကာင့္ လူမႈေရးကားျဖင့္ မူဆယ္ျပည္သူ႔ေဆး႐ုံသို ့ေခၚေဆာင္ခဲ့ရေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာနခြဲ(မူဆယ္)က သိရပါတယ္။

သူ႕ရဲ႕စစ္ေဆးမွဳေတြကိုု ဓါတ္ခြဲခန္းနမူနာ ရယူဖိုု႕ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဓါတ္ပုံ – ဦးေသာင္းထြန္း
#voiceofmyanmar #VOM #မူဆယ္ #အပူခ်ိန္ျမင့္လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW