ဖားကန့် လုံးခင်း ရတနာမြေမှာ လက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်တွေ ချထားပေးတော့မည်

ဖားကန့် လုံးခင်း ရတနာမြေမှာ လက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်တွေ ချထားပေးတော့မည်

ဖားကန့် -ဖေဖော်ဝါရီ-၂၇ -၂၀၂၀
ဇော်မိုးထက် (ဖားကန့် )

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်းမှာ တနိုင်တပိုင် လက်လုပ်လက်စား လုပ်ကွက်(အသစ်) တွေ ချထားပေးတော့မယ်လို့ မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနဲ့ လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်းတိုင်းတာ စိစစ်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကနေ သိရပါတယ်။

တူးဖော် လုပ်ကိုင်လိုသူတွေကို လုပ်ကွက်ပေါင်း (၃၇၆) ကွက် ကို အိတ်ပိတ်တင်ဒါစနစ်နဲ့ လုပ်ကိုင်ခွင့် ချထားပေးမယ်လို့လည်း သိရပါတယ်။ လာမည့် မတ်လ ၃ ရက်ကနေ ၁၃ ရက် အထိ မော်ဝမ်းရပ်ကွက်ရှိ OSS (One Stop Service) ရုံးမှာ လျှောက်လွှာတွေ ယူနိုင်ပြီဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ(နိုင်ငံသား)များအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို လက်လုပ်လက်စား လုပ်ကိုင်နိုင်ရန်အတွက် ချထားပေးရတာလို့လည်း လက်လုပ်လက်စား လုပ်ကွက်ချထားရေး အဖွဲ့ထံက သိရပါတယ် ။

“လွတ်လွတ်ကင်ကင်း ရှိတဲ့နေရာတွေက သတ်မှတ်လျာထားတဲ့ လုပ်ကွက်တွေကိုပဲ အရင်ချထားပေးသွားမှာပါ လုပ်ကွက်တွေကို ချထားပေးရာမှာ တစ်ကွက်တစ်ဧကနှုန်းနဲ့ ချထားပေးမယ်လို့လည်း ” လို့ ဖားကန့်မြို့နယ် မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနှင့် လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်း တိုင်းတာ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ် ။

လက်လုပ်လက်စားလုပ်ကွက်တွေကို နမ္မဖြစ်ဧရိယာမှာ (၂၉၀)ဧက ၊ မရှီကထောင်ရပ်ကွက် ဂျန်ခပ်ဧရိယာမှာ (၂၇၅) ဧကနှင့် တာမခန် ၊ ဟောင်ပါးဒေသက (၁၂) မှော်မှာ (၉၈၈၄) ဧကကို အကွက်ရိုက်ချထားပေးမယ်လို့လည်း အဖွဲ့က ဆိုပါတယ်။ လက်လုပ်လက်စားတွေကို ချထားပေးဘို့ လျာထား လုပ်ကွက် စုစုပေါင်း (၁၀၄၄၉)ဧက ရှိရာမှာ လွတ်ကင်းတဲ့ လုပ်ကွက်ပေါင်း (၃၇၆) ကွက်ကိုသာ ချထားပေးမယ်လို့သိရပါတယ်။

လက်လုပ်လက်စား လုပ်ကွက် လျှောက်ထားလိုသူတွေအနေနဲ့ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) အိမ်ထောင်စုစာရင်းရှိရမှာ ဖြစ်ပြီး ကချင်ပြည်နယ် မှတ်ပုံတင်(၁/) ကိုင်ဆောင် ထားသူများသာ လျှောက်ထားနိုင်မယ်လို့ဖားကန့်မြို့နယ် မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနှင့် လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်း တိုင်းတာ စိစစ်ရေးအဖွဲ့က ဆိုပါတယ် ။

အိမ်ထောင်စုဇယား ပုံစံ (၆၆/၆) တစ်စောင်ကို လုပ်ကွက် (၁) ကွက်သာ လျှောက်ထားခွင့်ရှိပြီး အိတ်ပိတ်တင်ဒါ စနစ်အရ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ကွက်တူညီမှုများရှိရင် အခြေခံသတ်မှတ်ဈေးနှုန်းထက် စပေါ်ငေ ွပိုတင်ထားသူက အသာရမည့် ပုံစံမျိုး ချထားပေးသွားမယ်လို့လည်း ဆိုပါတယ် ။

လက်လုပ်လက်စား လုပ်ကွက်တစ်ဧကလျောက်ထားမယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့ကို အခြေခံ စပေါ်ငွေ ငါးသိန်းကျပ် နဲ့ မှတ်ပုံတင်ကြေး (၃၀ဝဝ) ကျပ်၊ လျှောက်လွှာတစ်စောင်လျှင် (၁၀ဝဝ) ကျပ်၊ ကွင်းဆင်း စစ်ဆေးခ (၅၀ဝဝဝ) ကျပ်၊ CSR (ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) တစ်သိန်းကျပ် စုစုပေါင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် ငွေကျပ် ခြောက်သိန်းငါးသောင်း လေးထောင်တိတိ ပေးသွင်းရမှာ ဖြစ်ပါတယ် ။

လျောက်ထားတဲ့ လုပ်ကွက်တွေကို လုပ်ကိုင် ခွင့်ပြုသည့် တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်နှင့် လူလက်ကြား စနစ်တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်နှင့် ဗြုံးခါစက်များ အသုံးပြု လုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။

လက်လုပ်လက်စား လုပ်ကွက်လျှောက်ထားလိုသူတွေအနေနဲ့ သတ်မှတ်ပုံစံအတိုင်း လျှောက်လွှာဖြည့်သွင်းပြီးရင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့က သတ်မှတ်ချက်တွေနှင့်အညီ စိစစ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လက်လုပ်လက်စားကျောက်စိမ်းလုပ်ကွက်

Zawgyi

ဖားကန႔္ လုံးခင္း ရတနာေျမမွာ လက္လုပ္လက္စား ေက်ာက္စိမ္းလုပ္ကြက္ေတြ ခ်ထားေပးေတာ့မည္

ဖားကန႔္ -ေဖေဖာ္ဝါရီ-၂၇ -၂၀၂၀
ေဇာ္မိုးထက္ (ဖားကန႔္ )

ကခ်င္ျပည္နယ္ ဖားကန႔္ေဒသရွိ လုံးခင္း/ဖားကန႔္ ရတနာနယ္ေျမအတြင္းမွာ တႏိုင္တပိုင္ လက္လုပ္လက္စား လုပ္ကြက္(အသစ္) ေတြ ခ်ထားေပးေတာ့မယ္လို႔ ၿမိဳ႕နယ္လုပ္ကြက္ ႀကီးၾကပ္ေရးနဲ႕ ေလွ်ာက္လႊာစိစစ္ေရးအဖြဲ႕၊ ၿမိဳ႕နယ္ကြင္းဆင္းတိုင္းတာ စိစစ္ေရးအဖြဲ႕တို႔ ေတြ႕ဆုံညႇိႏႈိင္း ေဆြးေႏြးပြဲကေန သိရပါတယ္။

တူးေဖာ္ လုပ္ကိုင္လိုသူေတြကိုု လုပ္ကြက္ေပါင္း (၃၇၆) ကြက္ ကို အိတ္ပိတ္တင္ဒါစနစ္နဲ႕ လုပ္ကိုင္ခြင့္ ခ်ထားေပးမယ္လို႔လည္း သိရပါတယ္။ လာမည့္ မတ္လ ၃ ရက္ကေန ၁၃ ရက္ အထိ ေမာ္ဝမ္းရပ္ကြက္ရွိ OSS (One Stop Service) ႐ုံးမွာ ေလွ်ာက္လႊာေတြ ယူနုုိင္ျပီျဖစ္ပါတယ္။

ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေဒသခံ(ႏိုင္ငံသား)မ်ားအေနနဲ႕ ျမန္မာ့ေက်ာက္မ်က္ရတနာ တူးေဖာ္ ထုတ္လုပ္ျခင္းလုပ္ငန္းေတြကို လက္လုပ္လက္စား လုပ္ကိုင္ႏိုင္ရန္အတြက္ ခ်ထားေပးရတာလို႔လည္း လက္လုပ္လက္စား လုပ္ကြက္ခ်ထားေရး အဖြဲ႕ထံက သိရပါတယ္ ။

“လြတ္လြတ္ကင္ကင္း ရွိတဲ့ေနရာေတြက သတ္မွတ္လ်ာထားတဲ့ လုပ္ကြက္ေတြကိုပဲ အရင္ခ်ထားေပးသြားမွာပါ လုပ္ကြက္ေတြကို ခ်ထားေပးရာမွာ တစ္ကြက္တစ္ဧကႏႈန္းနဲ႔ ခ်ထားေပးမယ္လို႔လည္း ” လို႔ ဖားကန႔္ၿမိဳ႕နယ္ ၿမိဳ႕နယ္လုပ္ကြက္ ႀကီးၾကပ္ေရးႏွင့္ ေလွ်ာက္လႊာစိစစ္ေရးအဖြဲ႕၊ ၿမိဳ႕နယ္ကြင္းဆင္း တိုင္းတာ စိစစ္ေရးအဖြဲ႕ေခါင္းေဆာင္ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးဥာဏ္လင္းေအာင္က ေျပာပါတယ္ ။

လက္လုပ္လက္စားလုပ္ကြက္ေတြကို နမၼျဖစ္ဧရိယာမွာ (၂၉၀)ဧက ၊ မရွီကေထာင္ရပ္ကြက္ ဂ်န္ခပ္ဧရိယာမွာ (၂၇၅) ဧကႏွင့္ တာမခန္ ၊ ေဟာင္ပါးေဒသက (၁၂) ေမွာ္မွာ (၉၈၈၄) ဧကကို အကြက္႐ိုက္ခ်ထားေပးမယ္လို႔လည္း အဖြဲ႕က ဆိုုပါတယ္။ လက္လုပ္လက္စားေတြကို ခ်ထားေပးဘို႔ လ်ာထား လုပ္ကြက္ စုစုေပါင္း (၁၀၄၄၉)ဧက ရွိရာမွာ လြတ္ကင္းတဲ့ လုပ္ကြက္ေပါင္း (၃၇၆) ကြက္ကိုသာ ခ်ထားေပးမယ္လို႔သိရပါတယ္။

လက္လုပ္လက္စား လုပ္ကြက္ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ အိမ္ေထာင္စုဇယားပုံစံ (၆၆/၆) အိမ္ေထာင္စုစာရင္းရွိရမွာ ျဖစ္ၿပီး ကခ်င္ျပည္နယ္ မွတ္ပုံတင္(၁/) ကိုင္ေဆာင္ ထားသူမ်ားသာ ေလွ်ာက္ထားႏိုင္မယ္လို႔ဖားကန႔္ၿမိဳ႕နယ္ ၿမိဳ႕နယ္လုပ္ကြက္ ႀကီးၾကပ္ေရးႏွင့္ ေလွ်ာက္လႊာစိစစ္ေရးအဖြဲ႕၊ ၿမိဳ႕နယ္ကြင္းဆင္း တိုင္းတာ စိစစ္ေရးအဖြဲ႕က ဆိုပါတယ္ ။

အိမ္ေထာင္စုဇယား ပုံစံ (၆၆/၆) တစ္ေစာင္ကို လုပ္ကြက္ (၁) ကြက္သာ ေလွ်ာက္ထားခြင့္ရွိၿပီး အိတ္ပိတ္တင္ဒါ စနစ္အရ လုပ္ငန္းလုပ္ကိုင္ရန္ လုပ္ကြက္တူညီမႈမ်ားရွိရင္ အေျခခံသတ္မွတ္ေဈးႏႈန္းထက္ စေပၚေင ြပိုတင္ထားသူက အသာရမည့္ ပုံစံမ်ိဳး ခ်ထားေပးသြားမယ္လို႔လည္း ဆိုပါတယ္ ။

လက္လုပ္လက္စား လုပ္ကြက္တစ္ဧကေလ်ာက္ထားမယ္ဆိုရင္ ျပည္နယ္အစိုးရအဖြဲ႕ကို အေျခခံ စေပၚေငြ ငါးသိန္းက်ပ္ နဲ႔ မွတ္ပုံတင္ေၾကး (၃၀ဝ၀) က်ပ္၊ ေလွ်ာက္လႊာတစ္ေစာင္လွ်င္ (၁၀ဝ၀) က်ပ္၊ ကြင္းဆင္း စစ္ေဆးခ (၅၀ဝ၀ဝ) က်ပ္၊ CSR (ေဒသဖြံ႕ၿဖိဳးေရး ရန္ပုံေငြ) တစ္သိန္းက်ပ္ စုစုေပါင္း လုပ္ငန္း လုပ္ကိုင္ႏိုင္ရန္ ေငြက်ပ္ ေျခာက္သိန္းငါးေသာင္း ေလးေထာင္တိတိ ေပးသြင္းရမွာ ျဖစ္ပါတယ္ ။

ေလ်ာက္ထားတဲ့ လုပ္ကြက္ေတြကို လုပ္ကိုင္ ခြင့္ျပဳသည့္ တစ္ႏွစ္အတြင္း ေလးပင္စနစ္၊ ကိုးပင္စနစ္၊ တြင္းလုံးစနစ္၊ ေမ်ာစနစ္၊ အင္းၿဗဲစနစ္ႏွင့္ လူလက္ၾကား စနစ္တို႔ကို ေရစုပ္စက္၊ ေလေပးစက္၊ မီးစက္၊ ေက်ာက္ေဖာက္စက္ႏွင့္ ၿဗဳံးခါစက္မ်ား အသုံးျပဳ လုပ္ကိုင္ႏိုင္မွာျဖစ္ပါတယ္ ။

လက္လုပ္လက္စား လုပ္ကြက္ေလွ်ာက္ထားလိုသူေတြအေနနဲ႔ သတ္မွတ္ပုံစံအတိုင္း ေလွ်ာက္လႊာျဖည့္သြင္းၿပီးရင္ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ေက်ာက္မ်က္ရတနာ လုပ္ကြက္စိစစ္ခ်ထားေပးေရးအဖြဲ႕က သတ္မွတ္ခ်က္ေတြႏွင့္အညီ စိစစ္ခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႕ #လက္လုုပ္လက္စားေက်ာက္စိမ္းလုုပ္ကြက္

Related posts

Leave a Comment

VOM News

FREE
VIEW