ဒီနေ့အချိန်ထိ တောင်သူလယ်သမားတွေဘဝ ကယ်သူမဲ့နေဆဲ

ဒီနေ့အချိန်ထိ တောင်သူလယ်သမားတွေဘဝ ကယ်သူမဲ့နေဆဲ

မန္တလေး မတ္ ၂- ၂၀၂၀
ရှိုင်းအောင် (VOM

၁၉ ၆၂ ခုနှစ်က ဒီနေ့ဟာ ပါလီမန်ဒီမိုကရေစီအစိုးရလက်ကနေ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တဲ့နေ့ဖြစ်ပေမယ့် နောက်ပိုင်းမှာ တောင်သူလယ်သမားနေ့လို့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အဲဒီနေ့ကစပြီး တောင်သူတွေရဲ့ဘဝဟာ တစစနဲ့ အခြေယိုင်လာရာကနေ ဒီနေ့အချိန်ထိ ကျေးဇူးရှင်ဦးကြီးများလို့ ခေါ်ကြတဲ့ တောင်သူလယ်သမားတွေဘဝဟာ နလန်ထူလာနိုင်ခြင်းမရှိသေးပါဘူး။

ခုလက်ရှိအခြေအနေမှာ အစိုးရအဆက်ဆက်က မြေသိမ်းယာသိမ်းခံရတဲ့ တောင်သူတွေဟာ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီခံနေရဆဲဖြစ်ပါတယ်။

ဒီအခြေအနေတွေအတွက် မန္တလေးတိုင်းက တောင်သူ ၁၀၀ ဝန်းကျင်ဟာ ဒီနေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ မတရား သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရဖို့နဲ့ ဖမ်းဆီးခံခံထားရတဲ့ တောင်သူလယ်သမားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ကို မန္တလေးမြို့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်မှာ မနက် ၁၀ နာရီအချိန်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအကြောင်း ဗီအိုအမ်သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။

#Voiceofmyanmar #VOM #တောင်သူလယ်သမားနေ့ #မန္တလေး

Zawgyi

ဒီေန႕အခ်ိန္ထိ ေတာင္သူလယ္သမားေတြဘဝ ကယ္သူမဲ႕ေနဆဲ

မႏၲေလး -မတ္၂- ၂၀၂၀
ရႈိင္းေအာင္ (VOM

၁၉ ၆၂ ခုုႏွစ္က ဒီေန႕ဟာ ပါလီမန္ဒီမိုုကေရစီအစိုုးရလက္ကေန ဗိုုလ္ခ်ဳပ္ၾကီးေနဝင္းက အာဏာသိမ္းခဲ႕တဲ႕ေန႕ျဖစ္ေပမယ့္ ေနာက္ပိုုင္းမွာ ေတာင္သူလယ္သမားေန႕လိုု႕ ျမန္မာဆိုုရွယ္လစ္လမ္းစဥ္ပါတီအစိုုးရက ေျပာင္းလဲသတ္မွတ္ခဲ႕ပါတယ္။

အဲဒီေန႕ကစျပီး ေတာင္သူေတြရဲ႕ဘဝဟာ တစစနဲ႕ အေျခယိုုင္လာရာကေန ဒီေန႕အခ်ိန္ထိ ေက်းဇူးရွင္ဦးၾကီးမ်ားလိုု႕ ေခၚၾကတဲ႕ ေတာင္သူလယ္သမားေတြဘဝဟာ နလန္ထူလာနိုုင္ျခင္းမရွိေသးပါဘူး။

ခုုလက္ရွိအေျခအေနမွာ အစိုုးရအဆက္ဆက္က ေျမသိမ္းယာသိမ္းခံရတဲ႕ ေတာင္သူေတြဟာ မတရားပုဒ္မေတြတပ္ၿပီး ဖမ္းဆီခံေနရဆဲျဖစ္ပါတယ္။

ဒီအေျခအေနေတြအတြက္ မႏၱေလးတိုုင္းက ေတာင္သူ ၁၀၀ ဝန္းက်င္ဟာ ဒီေန႔မွာက်ေရာက္တဲ့ ေတာင္သူလယ္သမားေန႔မွာ မတရား သိမ္းဆည္းခံ လယ္ယာေျမေတြ ျပန္ရဖုိ႔နဲ႔ ဖမ္းဆီးခံခံထားရတဲ့ ေတာင္သူလယ္သမားေတြ အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ဖုိ႔ ကုိ မႏၲေလးၿမိဳ႕ မဟာမုနိဘုရားရင္ျပင္ေတာ္ေပၚမွာ မနက္ ၁၀ နာရီအခ်ိန္က ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီအေၾကာင္း ဗီအိုုအမ္သတင္းေထာက္ ကိုုရွိဳင္းေအာင္က ရိုုက္ကူးတင္ဆက္ထားပါတယ္။

#Voiceofmyanmar #VOM #ေတာင္သူလယ္သမားေန႕ #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW