ပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

ပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

ပထမဆုံးသတင်းကတော့ ရခိုင်ပြည်နယ်မှာ (COVID- 19) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေရှိထားတယ်လို့ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်လို့ စာမေးပွဲဖြေဆိုနေကြတဲံ့ ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားရတဲ့သတင်း

ဒီလို ဖြစ်နေတာတွေ လူသေဆုံးမှုတွေ မြင့်တက်နေတာတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ (ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ကမ်းလှမ်းထားတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောတဲ့သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးဒေသမှာ မတ်လ(၄)ရက် မနက်(၆)နာရီလောက်မှာ အင်အား ရစ်(ခ်)တာ စကေး (၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်သွားခဲ့ လို့ သာသနိကအဆောက်အဦးတချို့နဲ့ တံတားတစင်း ပျက်စီးတဲ့သတင်း

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားအချို့ဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ တစ်နေ့လုပ်ခလစာ ၉၀၀၀ ရရှိဖို့ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်နေပေမယ့် အလုပ်ရှင်ဘက်က မလိုက်လျောတာကြောင့် ဒီကိစ္စကိုဖြေရှင်းပေးဖို့ ရန်ကုန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ တောင်းဆိုခဲ့တဲ့သတင်း

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက အခြေခံပညာကျောင်း ၃၆ ကျောင်း
ကျောင်းမုန့်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ရောင်းချမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြို့တော်ဝန်ကိုယ်တိုင် ဆုချီးမြှင့်ခဲ့တဲ့သတင်း

နောက်ဆုံသတင်းကတော့ စစ်ကိုင်းမြို့က ကောင်းမူတော်စေတီကြီးကို ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှုခြင်းလုပ်ငန်းက ထွက်ရှိလာတဲ့ ရွှေဆေးအမှုန်တွေနဲ့ အင်္ဂတေအပိုင်းအစတွေကို ပုရာဏ ဘွဲ့အမည်ရှိတဲ့ ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ စတင် တည်နေတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။

အားပေးကြည့်ရှုကြသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

#voiceofmyanmar #VOM #ညနေခင်းသတင်း

zawgyi











Related posts

Leave a Comment

VOM News

FREE
VIEW