မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ

မြောက်ဦး၊ မတ် ၄-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာကနေ ပင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံး ပန်းမြောင်းကျေးရွာဘက်ကို လေးမြို့မြစ်အတွင်း ဖြတ်သန်းနေတဲ့ ကူးတို့လှေကို အေအေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေခသံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

“မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွကိုကြားလိုက်ရတယ်။ သူတို့မြစ်ကူးနေတဲ့အချိန် ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်တော့ ရွာကလူအများစုက ထွက်ပြေးသွားကြပြီ။”လို့ ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးနေက်ပိုင်း ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာတောင်ပေါ်မှာရှိတဲ့ တပ်မတော်မြောက် ခန်းကနေ မြောက်ဦးမြို့နယ်ဘက်ကမ်းကို လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတဲ့အတွက် ကျေးရွာတွေကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တာရှိခဲ့သလို စာမေးပွဲဖြေဆိုနေကြတဲံ့ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးပစ်ခတ်သံကြားတော့ ကလေးတွေစာမေးပွဲဖြေဆိုနေတဲ့အချိန် အကုန်လုံးက ကြောက်ပြီးတော့ သူတို့အိမ်တွေကို ထွက်ပြေးသွားခဲ့ကြတယ်။ စာမေးပွဲဆက်မဖြေခဲ့ကြတော့ဘူး။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

ယခင်ကလည်း ပန်းမြောင်းကျေးရွာမှာ အဲ့ဒီအမြောက်စခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးစာ အဲ့ဒီစာသင်ကျောင်းအနီးဝန်းကျင်က လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့တာကြောင့် လက်နက်ကြီးပစ်ခတ်သံတွေကို ဒေသခံတွေက ကြောက်လန့်နေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြောက်ဦးနဲ့မင်းပြား

zawgyi

ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္အၾကားတိုက္ပြဲျဖစ္ ေက်ာင္းသားေတြ စာေမးပြဲက ထြက္ေျပးခဲ့ရ

ေျမာက္ဦး၊ မတ္ ၄-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္အၾကားမွာ ဒီကေန႔မနက္ ၁၀ နာရီေက်ာ္ေလာက္က တပ္မေတာ္နဲ႔ ေအေအတုိ႔တုိက္ပြဲေတြျဖစ္ပြားခဲ့ၾကပါတယ္။

အဲ့ဒီတုိက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာဟာ ေျမာက္ဦးၿမိဳ႕နယ္အေရွ႕ဘက္ ပိုးျဖဴကၽြန္းေက်းရြာကေန ပင္းျပားၿမိဳ႕နယ္ ေျမာက္ဘက္အစြန္ဆံုး ပန္းေျမာင္းေက်းရြာဘက္ကို ေလးၿမိဳ႕ျမစ္အတြင္း ျဖတ္သန္းေနတဲ့ ကူးတို႔ေလွကို ေအေအဘက္က ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ေဒခသံေတြရဲ႕ေျပာဆိုခ်က္အရသိရပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္း ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၾကၿပီး ထိခိုက္မႈေတြမရွိခဲ့ေၾကာင္းနဲ႔ အနီးဝန္းက်င္က ေက်းရြာသားေတြကေတာ့ နီးစပ္ရာေက်းရြာေတြကို ထြက္ေျပးေနၾကတယ္လို႔ ဆိုပါတယ္။

“မနက္ ၉ နာရီေလာက္မွာ စစ္ေၾကာင္းက ကၽြန္ေတာ္တုိ႔ရြာကေနျဖတ္သြားတယ္။ ၁၁ နာရီမထိုးခင္ေလာက္မွာ ပစ္ခတ္သံတြကိုၾကားလိုက္ရတယ္။ သူတုိ႔ျမစ္ကူးေနတဲ့အခ်ိန္ ကူးတုိ႔ေလွကို ပစ္ခတ္ခဲ့တယ္လို႔ သိရတယ္။ ေလာေလာဆယ္ေတာ့ ရြာကလူအမ်ားစုက ထြက္ေျပးသြားၾကၿပီ။”လို႔ ေက်ာက္တြင္းကုန္းေက်းရြာသားတစ္ဦးက ေျပာပါတယ္။

အဲ့ဒီတုိက္ပြဲျဖစ္ပြားခဲ့ၿပီးေနက္ပိုင္း ပန္းေျမာင္းေက်းရြာ ေအာင္မဂၤလာေတာင္ေပၚမွာရွိတဲ့ တပ္မေတာ္ေျမာက္ ခန္းကေန ေျမာက္ဦးၿမိဳ႕နယ္ဘက္ကမ္းကို လက္နက္ႀကီးေတြနဲ႔လွမ္းပစ္ေနတဲ့အတြက္ ေက်းရြာေတြကို လက္နက္ႀကီးက်ည္ေတြက်ေရာက္ေပါက္ကြဲခဲ့တာရွိခဲ့သလို စာေမးပြဲေျဖဆိုေနၾကတဲံ့ေက်ာင္းသူေက်ာင္းသားေတြလည္း ထြက္ေျပးသြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

“လက္နက္ႀကီးပစ္ခတ္သံၾကားေတာ့ ကေလးေတြစာေမးပြဲေျဖဆိုေနတဲ့အခ်ိန္ အကုန္လံုးက ေၾကာက္ၿပီးေတာ့ သူတုိ႔အိမ္ေတြကို ထြက္ေျပးသြားခဲ့ၾကတယ္။ စာေမးပြဲဆက္မေျဖခဲ့ၾကေတာ့ဘူး။”လို႔ ပန္းေျမာင္းေက်းရြာသားတစ္ဦးက ေျပာပါတယ္။

ယခင္ကလည္း ပန္းေျမာင္းေက်းရြာမွာ အဲ့ဒီအေျမာက္စခန္းက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္တစ္လံုးစာ အဲ့ဒီစာသင္ေက်ာင္းအနီးဝန္းက်င္က လူေနရပ္ကြက္ထဲက်ေရာက္ေပါက္ကြဲခဲ့ၿပီး မိသားစုတစ္ခုလံုး ေသဆံုးသြားခဲ့တာေၾကာင့္ လက္နက္ႀကီးပစ္ခတ္သံေတြကို ေဒသခံေတြက ေၾကာက္လန္႔ေနၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေျမာက္ဦးနဲ႕မင္းျပား

Related posts

Leave a Comment

VOM News

FREE
VIEW