ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ်

#VOM #Voiceofmyanmar #ရခိုင္နုုိင္ငံေရးအေျခအေန

ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ်

စစ်တွေ၊ မတ် ၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်နဲ့ပတ်သတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီသုံးခုတွေဆုံဆွေးနွေးဖို့ ALD ကကမ်းလှမ်းထားကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကကမ်းလှမ်းတာဖြစ်ကြောင်း သိရပါတယ်။

” အဲဒါက စီစဉ်နေတုန်းပဲရှိသေးတယ်။ ခေါင်းစဉ်ကတော့ ဖိတ်စာမှာပါတဲ့အတိုင်း ရခိုင်ပြည်နိုင်ငံရေး ဆွေးနွေးဖို့ပေါ့။ ကို့ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ဖြစ်စဉ်တွေက သိတဲ့အတိုင်းပဲလေ။ အဲကိစ္စတွေကို ဆွေးနွေးမှာပေါ့။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ANPနဲ့ AFP ပါတီတွေရဲ့ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို ရခိုင်နိုင်ငံရေးပါတီတွေက ဆွေးနွေးကြဖို့ ALD ရဲ့ဖိတ်ခေါ်ချက်အပေါ် အမြင်သဘောထားကိုသိလို့တာကြောင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တွေ့ဆုံဆွေးနွေးဖို့ နေရာကတော့ ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာဖြစ်ပြီး မတ်လ ၈ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီအချိန်တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။

” တခြားဘာမှတော့ မဟုတ်ပါဘူး။ ရှေ့ဆက်ပြီးဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဝိုင်းပြီးဆွေနွေကြမှာပေါ့။ ရခိုင်နိုင်ငံရေးပါတီတွေကလေ။ ” လို့ ALD ဥက္ကဋ္ဌက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတိုက်ပွဲတွေဖြစ်ပွားပြီး အရပ်သားပြည်သူ ၁၂၀၀၀၀လကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်တွေဖြစ်နေကြပြီဟု REC ကထုတ်ပြန်ထားပြီး အရပ်သားထိခိုက်သေဆုံမှုနဲ့ ကျွဲ၊ နွားသေဆုံးမှု တွေလည်း တိုးလို့လာနေပါတယ်။
Photo crd# ALD Facebook
#VOM #Voiceofmyanmar #ရခိုင်နိုင်ငံရေးအခြေအနေ

zawgyi

ရခိုင္ျပည္နယ္ရဲ႕ႏိုင္ငံေရးအေျခအေနကို နိုင္ငံေရးပါတီသံုးခု ေတြ႔ဆံုေဆြးေႏြးဖို႔ ALD ဖိတ္ေခၚ

စစ္ေတြ၊ မတ္ ၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အတြင္း လက္႐ွိျဖစ္ပြားေနတဲ့ ႏိုင္ငံေရးအေျခအေနအရပ္ရပ္နဲ႔ပတ္သတ္သက္ၿပီး ရခိုင္ႏိုင္ငံေရးပါတီသံုးခုေတြဆံုေဆြးေႏြးဖို႔ ALD ကကမ္းလွမ္းထားေၾကာင္း သိရပါတယ္။

ရခိုင္ျပည္နယ္ရဲ႕ ႏိုင္ငံေရးပါတီေတြျဖစ္တဲ႔ ရခိုင့္ဦးေဆာင္ပါတီ(AFP)၊ ရခိုင္အမ်ိဳးသားပါတီ(ANP)တို႔ကို လက္႐ွိရခိုင္ျပည္နယ္ရဲ႕အေျခအေနကို ေတြ႔ဆံုေဆြးေႏြးႏိုင္ေရး ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္(ALD) ကကမ္းလွမ္းတာျဖစ္ေၾကာင္း သိရပါတယ္။

” အဲဒါက စီစဥ္ေနတုန္းပဲ႐ွိေသးတယ္။ ေခါင္းစဥ္ကေတာ့ ဖိတ္စာမွာပါတဲ့အတိုင္း ရခိုင္ျပည္ႏိုင္ငံေရး ေဆြးေႏြးဖို႔ေပါ့။ ကို႔ရခိုင္ျပည္နယ္မွာ လက္႐ွိ ျဖစ္ေနတဲ့ျဖစ္စဥ္ေတြက သိတဲ့အတိုင္းပဲေလ။ အဲကိစၥေတြကို ေဆြးေႏြးမွာေပါ့။” လို႔ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ(ALD) ဥကၠ႒ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ANPနဲ႔ AFP ပါတီေတြရဲ႕ ရခိုင္ျပည္နယ္အတြင္း လက္႐ွိျဖစ္ပြားေနတဲ့အေျခအေနေတြကို ရခိုင္ႏိုင္ငံေရးပါတီေတြက ေဆြးေႏြးၾကဖို႔ ALD ရဲ႕ဖိတ္ေခၚခ်က္အေပၚ အျမင္သေဘာထားကိုသိလို႔တာေၾကာင့္ ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ႔ပါဘူး။

ေတြ႔ဆံုေဆြးေႏြးဖို႔ ေနရာကေတာ့ ရန္ကုန္ၿမိဳ႕ဆီဒိုးနားဟိုတယ္မွာျဖစ္ၿပီး မတ္လ ၈ ရက္၊ တနဂၤေႏြေန႔၊ နံနက္ ၉ နာရီအခ်ိန္ေတြ႔ဆံုမွာျဖစ္ေၾကာင္း သိရပါတယ္။

” တျခားဘာမွေတာ့ မဟုတ္ပါဘူး။ ေ႐ွ႕ဆက္ၿပီးဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာ ဝိုင္းၿပီးေဆြေႏြၾကမွာေပါ့။ ရခိုင္ႏိုင္ငံေရးပါတီေတြကေလ။ ” လို႔ ALD ဥကၠ႒က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲေတြျဖစ္ပြားၿပီး အရပ္သားျပည္သူ ၁၂၀၀၀၀လေက်ာ္ဟာ ေနရပ္စြန္႔ခြာ စစ္ေဘးေ႐ွာင္ေတြျဖစ္ေနၾကၿပီဟု REC ကထုတ္ျပန္ထားၿပီး အရပ္သားထိခိုက္ေသဆံုမႈနဲ႔ ကြ်ဲ၊ ႏြားေသဆံုးမႈ ေတြလည္း တိုးလို႔လာေနပါတယ္။
Photo crd# ALD Facebook
#VOM #Voiceofmyanmar #ရခိုင္နုုိင္ငံေရးအေျခအေန

Related posts

Leave a Comment

VOM News

FREE
VIEW