အစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး

#VOM #Voiceofmyanmar #NLD #ေျမာင္းတကာ #အလုုပ္သမားသပိတ္

အစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး

ရန်ကုန် မတ် ၄ -၂၀၂၀

သိင်္ဂီ(VOM)

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားအချို့ဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ တစ်နေ့လုပ်ခလစာ ၉၀၀၀ ရရှိဖို့ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်နေပေမယ့် အလုပ်ရှင်ဘက်က မလိုက်လျောတာကြောင့် ဒီကိစ္စကိုဖြေရှင်းပေးဖို့ ရန်ကုန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်က တာဝန်ရှိသူတွေဆီ အလုပ်သမားတွေက ဒီကနေ နေ့လယ်ပိုင်းမှာ လာရောက်တွေ့ဆုံ ညှိနိူင်းတောင်းဆိုခဲ့ပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့ကိစ္စကို ဒီကနေ့ ညနေပိုင်းမှာပဲ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံး တာဝန်ရှိသူတွေဟာ မြောင်းတကာစက်မှုဇုန် ဖြေရှင်းဖို့ သွားပေးနေပြီလို့ အလုပ်သမားတွေဆီက သိရပါတယ်။

“ကျနော်တို့ သပိတ်မှောက်ကာလကလည်းကြာနေပြီ၊ အစာငတ်ခံလုပ်နေတာလည်းကြာပြီ။မှော်ဘီကသက်ဆိုင်ရာတာဝန်ရှိသူတွေညှိနိူင်းပေးပေမယ့်လည်း စက်ရုံဘက်ကအဆင်မပြေပါဘူး။ ဒါကြောင့် ဒီကတာဝန်ရှိသူတွေ လာရောက်တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။ ညှိနိူင်းတာပါ။ အလုပ်ခေါ်တုန်းက လစာတစ်မျိုး ၊ ခုပေးနေတာကျတမျိုးဖြစ်နေပါတယ်။ လုပ်ငန်းခွင်ကအသက်အန္တရာယ်အတွက်လည်း ဘေးမကင်းပါဘူး”လို့ဒီကနေ့ NLD ရုံးရှေ့မှာတွေ့ဆုံညှိနိူင်းခွင့်ရဖို့ လုပ်ဆောင်နေသူတွေထဲပါဝင်တဲ့ မြောင်းတကာ သပိတ်ခေါင်းဆောင် ကိုမြတ်မင်းက ပြောပါတယ်။

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားအချို့ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက တောင်းဆိုချက် ၈ ချက်ကို ရရှိ သပိတ်စခန်းစတင်ဖွင့်လှစ်တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်မှာတော့ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။

“အစာငတ်ခံဆန္ဒပြတာ ၂၀ ရှိပါတယ်။ လုပ်ငန်းခွင်က အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ဒါကြောင့်တာဝန်ရှိပုဂ္ဂိုလ်တွေကို ညှိနိူင်းပေးစေချင်တာပါ။ ကျနော်တို့ပဲ ဘာကြောင့်ပြလဲဆိုတော့ ကနော်တို့ဌာနက ကုန်ထုတ် ကုန်ကြမ်းလုပ်ငန်းဖြစ်တယ်။အန္တရာယ်များပါတယ်။ နောက် လုက်ခလစာကိုလည်း အရင်က ၉၀၀၀ ပေးပေမယ် ခုနောက်ပိုင်း ၄၈၀၀ အပေါင်းဆိုပြီး လုပ်ပါတယ်။ ဒါကျနော်တို့ အတွက်ဘယ်လိုမှအဆင်မပြေပါဘူး”လို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုငြိမ်းဝေကပြောပါတယ်။

မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံမှာ အလုပ်သမားပေါင်း ၁၆၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ဖြေရှင်းမှု အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ အလုပ်ရှင်နဲ့ အလုပ်သမားအပါဝင် သုံးပွင့်ဆိုင် ဆွေးနွေးပြီးမှ သိရမှာဖြစ်ပါတယ်။

#VOM #Voiceofmyanmar #NLD #မြောင်းတကာ #အလုပ်သမားသပိတ်

Zawgyi

အစာငတ္ခံသပိတ္ေမွာက္တဲ႕ အလုုပ္သမားေတြကိစၥ NLD ႐ုံးခ်ဳပ္က ကူရွင္းေပး

ရန္ကုန္ မတ္ ၄ -၂၀၂၀

သိဂႌ(VOM)

ေမွာ္ဘီၿမိဳ့နယ္၊ ေျမာင္းတကာစက္မွုဇုံ၊ Pacific သံရည္က်ိဳစက္႐ုံအလုပ္သမားအခ်ိဳ႕ဟာ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္း႐ွင္းေရးနဲ႔ တစ္ေန႔လုပ္ခလစာ ၉၀၀၀ ရ႐ွိဖို႔ အစာငတ္ခံ ဆႏၵျပသပိတ္ေမွာက္ေနေပမယ့္ အလုပ္႐ွင္ဘက္က မလိုက္ေလ်ာတာေၾကာင့္ ဒီကိစၥကိုေျဖ႐ွင္းေပးဖို႔ ရန္ကုန္ ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္႐ုံးခ်ဳပ္က တာဝန္႐ွိသူေတြဆီ အလုပ္သမားေတြက ဒီကေန ေန႔လယ္ပိုင္းမွာ လာေရာက္ေတြ႔ဆုံ ညႇိႏိူင္းေတာင္းဆိုခဲ့ပါတယ္။

အလုပ္သမားေတြ ေတာင္းဆိုတဲ့ကိစၥကို ဒီကေန႔ ညေနပိုင္းမွာပဲ ျပည္တြင္းျပည္ပအလုပ္သမားေရးရာေကာ္မတီ( NLD )ဗဟို႐ုံး တာဝန္႐ွိသူေတြဟာ ေျမာင္းတကာစက္မႈဇုန္ ေျဖ႐ွင္းဖိုု႕ သြားေပးေနျပီလို႔ အလုပ္သမားေတြဆီက သိရပါတယ္။

“က်ေနာ္တို႔ သပိတ္ေမွာက္ကာလကလည္းၾကာေနၿပီ၊ အစာငတ္ခံလုပ္ေနတာလည္းၾကာၿပီ။ေမွာ္ဘီကသက္ဆိုင္ရာတာဝန္႐ွိသူေတြညိွႏိူင္းေပးေပမယ့္လည္း စက္႐ုံဘက္ကအဆင္မေျပပါဘူး။ ဒါေၾကာင့္ ဒီကတာဝန္႐ွိသူေတြ လာေရာက္ေတြ႔ဆုံေျဖ႐ွင္းေပးဖို႔ ေတာင္းဆိုတာပါ။ ညႇိႏိူင္းတာပါ။ အလုပ္ေခၚတုန္းက လစာတစ္မ်ိဳး ၊ ခုေပးေနတာက်တမ်ိဳးျဖစ္ေနပါတယ္။ လုပ္ငန္းခြင္ကအသက္အႏၱရာယ္အတြက္လည္း ေဘးမကင္းပါဘူး”လို႔ဒီကေန႔ NLD ႐ုံးေ႐ွ႕မွာေတြ႔ဆုံညႇိႏိူင္းခြင့္ရဖို႔ လုပ္ေဆာင္ေနသူေတြထဲပါဝင္တဲ့ ေျမာင္းတကာ သပိတ္ေခါင္းေဆာင္ ကိုျမတ္မင္းက ေျပာပါတယ္။

ေမွာ္ဘီၿမိဳ့နယ္၊ ေျမာင္းတကာစက္မွုဇုံ၊ Pacific သံရည္က်ိဳစက္႐ုံအလုပ္သမားအခ်ိဳ႕ဟာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ကတည္းက ေတာင္းဆိုခ်က္ ၈ ခ်က္ကို ရရွိ သပိတ္စခန္းစတင္ဖြင့္လွစ္ေတာင္းဆိုခဲ့ၿပီး ေဖေဖာ္ဝါရီလ ၂၀ ရက္မွာေတာ့ အစာငတ္ခံ ဆႏၵျပသပိတ္ေမွာက္ေတာင္းဆိုခဲ့တာပဲျဖစ္ပါတယ္။

“အစာငတ္ခံဆႏၵျပတာ ၂၀ ႐ွိပါတယ္။ လုပ္ငန္းခြင္က အသက္အႏၱရာယ္စိုးရိမ္ရပါတယ္။ဒါေၾကာင့္တာဝန္႐ွိပုဂၢိဳလ္ေတြကို ညႇိႏိူင္းေပးေစခ်င္တာပါ။ က်ေနာ္တို႔ပဲ ဘာေၾကာင့္ျပလဲဆိုေတာ့ ကေနာ္တို႔ဌာနက ကုန္ထုတ္ ကုန္ၾကမ္းလုပ္ငန္းျဖစ္တယ္။အႏၱရာယ္မ်ားပါတယ္။ ေနာက္ လုက္ခလစာကိုလည္း အရင္က ၉၀၀၀ ေပးေပမယ္ ခုေနာက္ပိုင္း ၄၈၀၀ အေပါင္းဆိုၿပီး လုပ္ပါတယ္။ ဒါက်ေနာ္တို႔ အတြက္ဘယ္လိုမွအဆင္မေျပပါဘူး”လို႔ အလုပ္သမားတစ္ဦးျဖစ္တဲ့ ကိုၿငိမ္းေဝကေျပာပါတယ္။

ေျမာင္းတကာစက္မွုဇုံ၊ Pacific သံရည္က်ိဳစက္႐ုံမွာ အလုပ္သမားေပါင္း ၁၆၀ ဝန္းက်င္႐ွိတယ္လိုု႕သိရပါတယ္။ အန္အယ္လ္ဒီပါတီရဲ႕ ေျဖရွင္းမွုု ေအာင္ျမင္မယ္ မေအာင္ျမင္ဘူးဆိုုတာေတာ့ အလုုပ္ရွင္နဲ႕ အလုုပ္သမားအပါဝင္ သံုုးပြင့္ဆိုုင္ ေဆြးေႏြးျပီးမွ သိရမွာျဖစ္ပါတယ္။

#VOM #Voiceofmyanmar #NLD #ေျမာင္းတကာ #အလုုပ္သမားသပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW