အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လင်မယား၂ဦးလုံးထွက်ပြေး

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လင်မယား၂ဦးလုံးထွက်ပြေး

ရန်ကုန် မတ် ၆-၂၀၂၀
သိဂီ ၤ(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၂ ထဲက Myanmar Royal Apolo အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်လင်မယား ၂ဦးဟာ စက်ရုံအလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ထွက်ပြေးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

” စက်ရုံပိတ်တာမဟုတ်ဘူး၊ အလုပ်ရှင်က လခမပေးဘဲ ထွက်ပြေးသွားတာ။ အစပိုင်းက စက်ရုံတံခါးပိတ်ထားတယ်။ နောက်တော့ တံခါးဖွင့်ပြီး အတင်းပြန်လွှတ်တယ်။ အလုပ်သမားတာဝန်ရှိသူတွေလာတယ်၊ မညှိဘူး ပြန်သွားတယ်။”လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးဖို့ စက်ရုံရှေ့ရောက်နေတဲ့ STUM ရဲ့စည်းရုံးရေးမှူး မမျိုးအေးကပြောပါတယ်။

စက်ရုံပိုင်ရှင်လင်မယား ၂ ယောက်စလုံး စက်ရုံမှာမရှိတော့တာကို အလုပ်သမားတွေအနေနဲ့ မတ်လ ၅ ရက်နေ့ လစာထုတ်ရက်မှာမှ သိရှိခဲ့ရတာဖြစ်ပါတယ်။

ဒီအခြေအနေကို သိရှိပြီးနောက်ပိုင်း စက်ရုံမှာ အငြင်းပွားဖွယ်ရာ အခြေအနေဖြစ်ပေါ်ခဲ့တဲ့အတွက် နယ်မြေရဲတပ်ဖွဲ့ ရောက်လာခဲ့သလို အလုပ်သမားဝန်ကြီးဌာနဘက်က သက်ဆိုင်ရာ နယ်မြေရုံးတာဝန်ခံတွေလည်း ရောက်လာခဲ့ပေမယ့် အလုပ်သမားတွေကို လုပ်ခလစာရရှိအောင် မဖြေရှင်းပေးနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

” ပိုင်ရှင်လင်မယား တရုတ်တွေက သူတို့နိုင်ငံပြန်ရောက်သွားပြီလို့ သိရတယ်။ စက်ရုံမှာက စာရေးမဘဲရှိတယ်၊ HRတွေ Managerတွေမရှိဘူး၊ ပိုင်ရှင်က ဟိုရောက်မှ စာရေးမ ကိုmassageပို့တယ်လို့တော့ လတ်တလောသိရတယ် ၊ အလုပ်သမားဦးစီးမှူးတွေလာတယ်။ စက်ရုံထဲဝင်သွားတယ်။” လို့ STUM ရဲ့ စည်းရုံးရေးမှူးဖြစ်သူ ကိုကျော်ဇင်ထက်ကပြောပါတယ်။

ဒါကြောင့် STUMအနေနဲ့ အလုပ်သမားတွေဆီက အကူအညီတောင်းခံစာနဲ့အတူ အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ အခွင့်အရေးရပိုင်ခွင့်တွေရရှိဖို့ ကူညီပေးသွားမယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေက မတ်လ ၅ ရက်နေ့တစ်ညလုံး စက်ရုံထဲကထွက်မလာတဲ့အတွက် အလုပ်သမားတွေရဲ့ မိသားစုတွေကလည်း စိတ်ပူပြီး စက်ရုံရှေ့မှာ လာရောက်စောင့်ဆိုင်းတာလည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဒီစက်ရုံမှာ စက်ရုံအလုပ်သမားပေါင်း ၅၀၀ ဝန်းကျင်ရှိနေပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အထည်ချုပ်စက်ရုံ #လုပ်ခလစာမပေးဘဲ #အလုပ်ရှင်ထွက်ပြေး

Zawgyi

အလုပ္သမားေတြကို လုပ္ခလစာမေပးဘဲ စက္႐ုံပိုင္႐ွင္ တ႐ုတ္လင္မယား၂ဦးလုံးထြက္ေျပး

ရန္ကုန္ မတ္ ၆-၂၀၂၀
သိဂီ ၤ(VOM)

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာစက္မႈဇုန္၂ ထဲက Myanmar Royal Apolo အထည္ခ်ဳပ္ စက္႐ုံပိုင္႐ွင္တရုတ္လင္မယား ၂ဦးဟာ စက္ရံုအလုပ္သမားေတြကို လုပ္ခလစာမေပးဘဲ ထြက္ေျပးသြားျပီျဖစ္တယ္လို႔ သိရပါတယ္။

” စက္႐ုံပိတ္တာမဟုတ္ဘူး၊ အလုပ္႐ွင္က လခမေပးဘဲ ထြက္ေျပးသြားတာ။ အစပိုင္းက စက္႐ုံတံခါးပိတ္ထားတယ္။ ေနာက္ေတာ့ တံခါးဖြင့္ၿပီး အတင္းျပန္လႊတ္တယ္။ အလုပ္သမားတာဝန္႐ွိသူေတြလာတယ္၊ မညႇိဘူး ျပန္သြားတယ္။”လုိ႔ အလုပ္သမားေတြကို ကူညီေဆာင္ရြက္ေပးဖို႔ စက္႐ုံေ႐ွ႕ေရာက္ေနတဲ့ STUM ရဲ႕စည္း႐ုံးေရးမွဴး မမ်ိဳးေအးကေျပာပါတယ္။

စက္႐ုံပိုင္႐ွင္လင္မယား ၂ ေယာက္စလုံး စက္႐ုံမွာမ႐ွိေတာ့တာကို အလုပ္သမားေတြအေနနဲ႔ မတ္လ ၅ ရက္ေန႔ လစာထုတ္ရက္မွာမွ သိ႐ွိခဲ့ရတာျဖစ္ပါတယ္။

ဒီအေျခအေနကို သိ႐ွိၿပီးေနာက္ပိုင္း စက္႐ုံမွာ အျငင္းပြားဖြယ္ရာ အေျခအေနျဖစ္ေပၚခဲ့တဲ့အတြက္ နယ္ေျမရဲတပ္ဖြဲ႔ ေရာက္လာခဲ့သလို အလုပ္သမားဝန္ႀကီးဌာနဘက္က သက္ဆိုင္ရာ နယ္ေျမ႐ုံးတာဝန္ခံေတြလည္း ေရာက္လာခဲ့ေပမယ့္ အလုပ္သမားေတြကို လုပ္ခလစာရ႐ွိေအာင္ မေျဖ႐ွင္းေပးႏိုင္ခဲ့ဘူးလို႔လည္း သိရပါတယ္။

” ပိုင္ရွင္လင္မယား တ႐ုတ္ေတြက သူတို႔ႏိုင္ငံျပန္ေရာက္သြားျပီလုိ႔ သိရတယ္။ စက္႐ုံမွာက စာေရးမဘဲရွိတယ္၊ HRေတြ Managerေတြမရွိဘူး၊ ပိုင္႐ွင္က ဟိုေရာက္မွ စာေရးမ ကိုmassageပို႔တယ္လို႔ေတာ့ လတ္တေလာသိရတယ္ ၊ အလုပ္သမားဦးစီးမွဴးေတြလာတယ္။ စက္႐ုံထဲဝင္သြားတယ္။” လို႔ STUM ရဲ႕ စည္း႐ုံးေရးမွဴးျဖစ္သူ ကိုေက်ာ္ဇင္ထက္ကေျပာပါတယ္။

ဒါေၾကာင့္ STUMအေနနဲ႔ အလုပ္သမားေတြဆီက အကူအညီေတာင္းခံစာနဲ႔အတူ အလုပ္သမားေတြရဲ႕ လုပ္ခလစာ၊ အခြင့္အေရးရပိုင္ခြင့္ေတြရ႐ွိဖို႔ ကူညီေပးသြားမယ္လို႔လည္း သိရပါတယ္။

အလုပ္သမားေတြက မတ္လ ၅ ရက္ေန႔တစ္ညလုံး စက္႐ုံထဲကထြက္မလာတဲ့အတြက္ အလုပ္သမားေတြရဲ႕ မိသားစုေတြကလည္း စိတ္ပူၿပီး စက္႐ုံေ႐ွ႕မွာ လာေရာက္ေစာင့္ဆိုင္းတာလည္း ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီဒီစက္႐ုံမွာ စက္႐ုံအလုပ္သမားေပါင္း ၅၀၀ ဝန္းက်င္႐ွိေနပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အထည္ခ်ဳပ္စက္ရံု #လုပ္ခလစာမေပးဘဲ #အလုပ္ရွင္ထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW