ငဖဲမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး၃ဦး ဖမ်းဆီးရမိ

ငဖဲမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး၃ဦး ဖမ်းဆီးရမိ

ငဖဲ၊ မတ်၇-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး၊ မင်းဘူးအမ်းတောင်ကြားလမ်း၊ ဂုတ်ကြီးရဲစခန်းနယ်မြေမှာ ဒီကနေ့မနက် ၄နာရီခန့်က နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး(၃)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းကပြောပါတယ်။

လူစိမ်းတွေ တွေ့တယ်ဆိုတဲ့သတင်းအရ ဂုတ်ကြီးရဲကင်းက စခန်းမှူး နဲ့မထုံးကျေးရွာ၊ တုံးကြီးကျေးရွာ ရွာခွဲတာဝန်ခံတို့ဟာ သွားရောက်စစ်ဆေးခဲ့ရာကနေ နိုင်ငံသားအထောက်အထားမရှိသူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

”သူတို့ကို လဝကအက်နဲ့အရေးယူမှာပေါ့၊ ကယ်ရီသမားမှ မမိတာကိုး။”လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ် ရဲနိုင်စိုးကVOMကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေသူတွေဖြစ်ပြီး မအာရဖာ အသက်၂၂နှစ်(ဆန်ကူလီကျေးရွာ၊ စစ်တွေမြို့နယ်)၊ မမာဂျောဒါ အသက်၁၉နှစ်၊ မဟာဆီနာ(ခေါ်) မနီနီခိုင်အသက်၁၅နှစ်(ပိုက်ဆိပ်ကျေးရွာ၊ ကျောက်တော်မြို့နယ်)တို့ဖြစ်ကြပါတယ်။

ဖမ်းဆီးခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ငဖဲမြို့နယ်တရားရုံးမှာ ဒီနှစ်ဆန်းအတွင်း အမှုဖွင့်အရေးယူသွားမှာဖြစ်ပြီး ဂုတ်ကြီးရဲစခန်းနယ်မြေမှာ လွန်ခဲ့တဲ့တပတ်ခန့်က အထောက်အထားမဲ့သူ (၁၁)ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအုပ်ရဲနိုင်စိုးကပြောပါတယ်။

#VOM #voiceofmyanmar #ငဖဲ #နိုင်ငံသားအထောက်အထားမဲ့ #အမျိုးသမီး၃ဦးဖမ်းမိ

Zawgyi

ငဖဲၿမိဳ႕နယ္မွာ ႏိုင္ငံသားအေထာက္အထားမဲ့ အမ်ိဳးသမီး၃ဦး ဖမ္းဆီးရမိ

ငဖဲ၊ မတ္၇-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ ငဖဲၿမိဳ႕နယ္၊ တုံးႀကီးေက်း႐ြာအနီး၊ မင္းဘူးအမ္းေတာင္ၾကားလမ္း၊ ဂုတ္ႀကီးရဲစခန္းနယ္ေျမမွာ ဒီကေန႔မနက္ ၄နာရီခန္႔က ႏိုင္ငံသားအေထာက္အထားမဲ့ အမ်ိဳးသမီး(၃)ဦးကို ဖမ္းဆီးရမိခဲ့တယ္လုိ႔ ဂုတ္ႀကီးရဲကင္းစခန္းကေျပာပါတယ္။

လူစိမ္းေတြ ေတြ႔တယ္ဆုိတဲ့သတင္းအရ ဂုတ္ႀကီးရဲကင္းက စခန္းမႉး နဲ႔မထုံးေက်း႐ြာ၊ တုံးႀကီးေက်း႐ြာ ႐ြာခြဲတာဝန္ခံတို႔ဟာ သြားေရာက္စစ္ေဆးခဲ့ရာကေန ႏိုင္ငံသားအေထာက္အထားမရွိသူေတြကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

”သူတို႔ကို လဝကအက္နဲ႔အေရးယူမွာေပါ့၊ ကယ္ရီသမားမွ မမိတာကိုး။”လို႔ ဂုတ္ႀကီးရဲကင္းစခန္းမႉး ရဲအုပ္ ရဲႏိုင္စိုးကVOMကိုေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြဟာ ရခိုင္ျပည္နယ္အတြင္းမွာ ေနသူေတြျဖစ္ၿပီး မအာရဖာ အသက္၂၂ႏွစ္(ဆန္ကူလီေက်း႐ြာ၊ စစ္ေတြၿမိဳ႕နယ္)၊ မမာေဂ်ာဒါ အသက္၁၉ႏွစ္၊ မဟာဆီနာ(ေခၚ) မနီနီခိုင္အသက္၁၅ႏွစ္(ပိုက္ဆိပ္ေက်း႐ြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္)တို႔ျဖစ္ၾကပါတယ္။

ဖမ္းဆီးခဲ့တဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြကို ငဖဲၿမိဳ႕နယ္တရား႐ုံးမွာ ဒီႏွစ္ဆန္းအတြင္း အမွဳဖြင့္အေရးယူသြားမွာျဖစ္ၿပီး ဂုတ္ႀကီးရဲစခန္းနယ္ေျမမွာ လြန္ခဲ့တဲ့တပတ္ခန္႔က အေထာက္အထားမဲ့သူ (၁၁)ေယာက္ကိုလည္း ဖမ္းဆီးရမိခဲ့တယ္လုိ႔ ရဲအုပ္ရဲႏိုင္စိုးကေျပာပါတယ္။

#VOM #voiceofmyanmar #ငဖဲ #ႏိုင္ငံသားအေထာက္အထားမဲ့ #အမ်ိဳးသမီး၃ဦးဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW