ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ခံရသူတွေ မြေနေရာပြန်ရဖို့ ဆန္ဒပြ

ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ခံရသူတွေ မြေနေရာပြန်ရဖို့ ဆန္ဒပြ ရန်ကုန် ၊ မတ် ၇-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်ထဲက မီးဘေးသင့်ခံခဲ့ရသူတွေကို အခုချိန်ထိ မြေနေရာချထားပေးခြင်းမရှိတဲ့အတွက် မီးဘေးသင့်ခံရတဲ့ပြည်သူတွေဟာ မြေနေရာရရှိရေးအတွက် ဒီကနေ့နေ့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “ ဝန်ကြီးချုပ်ကပြောတာ သိန်း ၃၀ တန်၊ နှစ် ၃၀ စီမံကိန်း။ကျနော်တို့ဆီကျ ၆ နှစ်အရစ်ကျနဲ့ တစ်လ ၇၉၅၀၀ သွင်းရမယ်.၊ သိန်း ၃၀ တန်က ၅၇ သိန်း ကျော်ဖြစ်နေပြီ။ ရွှေပြည်သာမှာ ၃ သောင်းလောက်ဆို အခန်းငှါးနေရတာတောင် မနေနိုင်လို့ အစိုးရမြေကိုပေးဖို့ တောင်းဆိုနေတာ။ အစိုးရကမြေတွေ လေလံပစ်နေတာပဲ၊ ဒီထဲကမြေကို သင့်တဲ့ဈေးနူန်းလေးနဲ့ ချပေးဖို့တောင်းဆိုတာ။ ဒါကို ပျိုမေ့အိမ်ရာပဲယူမှရမယ်။ အတိုးကပေးရတယ်”လို့ မီးဘေးသင့်ခံရတဲ့ ကိုသန်းမင်းထိုက်ကပြောပါတယ်။ အစိုးရကချပေးတဲ့ ပျိုမေ့အိမ်ရာဟာ အတိုး ၊…

Read More

ငဖဲမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး၃ဦး ဖမ်းဆီးရမိ

ငဖဲမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး၃ဦး ဖမ်းဆီးရမိ ငဖဲ၊ မတ်၇-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး၊ မင်းဘူးအမ်းတောင်ကြားလမ်း၊ ဂုတ်ကြီးရဲစခန်းနယ်မြေမှာ ဒီကနေ့မနက် ၄နာရီခန့်က နိုင်ငံသားအထောက်အထားမဲ့ အမျိုးသမီး(၃)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းကပြောပါတယ်။ လူစိမ်းတွေ တွေ့တယ်ဆိုတဲ့သတင်းအရ ဂုတ်ကြီးရဲကင်းက စခန်းမှူး နဲ့မထုံးကျေးရွာ၊ တုံးကြီးကျေးရွာ ရွာခွဲတာဝန်ခံတို့ဟာ သွားရောက်စစ်ဆေးခဲ့ရာကနေ နိုင်ငံသားအထောက်အထားမရှိသူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ”သူတို့ကို လဝကအက်နဲ့အရေးယူမှာပေါ့၊ ကယ်ရီသမားမှ မမိတာကိုး။”လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ် ရဲနိုင်စိုးကVOMကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေသူတွေဖြစ်ပြီး မအာရဖာ အသက်၂၂နှစ်(ဆန်ကူလီကျေးရွာ၊ စစ်တွေမြို့နယ်)၊ မမာဂျောဒါ အသက်၁၉နှစ်၊ မဟာဆီနာ(ခေါ်) မနီနီခိုင်အသက်၁၅နှစ်(ပိုက်ဆိပ်ကျေးရွာ၊ ကျောက်တော်မြို့နယ်)တို့ဖြစ်ကြပါတယ်။ ဖမ်းဆီးခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ငဖဲမြို့နယ်တရားရုံးမှာ ဒီနှစ်ဆန်းအတွင်း အမှုဖွင့်အရေးယူသွားမှာဖြစ်ပြီး ဂုတ်ကြီးရဲစခန်းနယ်မြေမှာ လွန်ခဲ့တဲ့တပတ်ခန့်က အထောက်အထားမဲ့သူ (၁၁)ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအုပ်ရဲနိုင်စိုးကပြောပါတယ်။…

Read More

မန္တလေးမြို့မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်း

မန္တလေးမြို့မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်း မန္တလေး မတ် ၇-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြို့မှာ အခုလအတွင်းကျင်းပမယ့် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ကပြောပါတယ်။ မတ်လ ၂၅၊၂၆၊၂၇ ရက်မှာ ကျင်းပမယ့် The 2nd Mandalay International Trade Fair & Business Forum 2020 အခမ်းအနားကို မေလမှာကျင်းပဖို့ ရွှေ့ဆိုင်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။ “ဒီပြပွဲကျင်းပလို့ ရမယ့်တန်ဖိုးနဲ့ ဆုံးရှုံးမှုနဲ့ ပြန်တွက်ရမယ်။ ရလာမယ့်အကျိုးကျေးဇူးနဲ့ ဆုံးရှုံးမှာနဲ့ လာမယ့်လူအရေအတွက်ပြန်တွက်ရင် မဖြစ်နိုင်ဘူး။ ဒါကိုဇွတ်လုပ်လိုက်ရင် သိပ်အန္တရာယ်ကြီးတယ်။ (ကိုရိုနာ)မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး၊ ဖြစ်လိုက်တယ်ဆိုရင် နိုင်ငံတော်အတွက်လည်း ဆုံးရှုံံးနစ်နာမယ်၊ ကိုယ့်အတွက်လည်း ဘာမှအကျိုးကျေးဇူးမရှိတော့ ကျနော်တို့က ဒါကို ရွှေ့ဆိုင်းရတာ။”လို့ MRCCI…

Read More

ကန်တော်နဒီဆေးရုံမှာ သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာရဲ့အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာထိန်းသိမ်းထား

ကန်တော်နဒီဆေးရုံမှာ သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာရဲ့အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာထိန်းသိမ်းထား မန္တလေး၊ မတ် ၇-၂၀၂၀ Voice Of Myanmar မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီဆေးရုံ (ICU အထူးကြပ်မတ်ကုသဆောင်)မှာ ကြပ်မတ်ကုသနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိလူနာ အမျိုးသမီးကြီးဟာ မနေ့ မတ်လ(၆)ရက်နေ့ မနက် ၇နာရီ ၄၅မိနစ်က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ အသက်(၆၈)နှစ်အရွယ် ဒေါ်ဝင်းတင်ရဲ့ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနမှာ ည ၁၀နာရီဝန်းကျင်က ရောက်ရှိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ စောင့်ကြည့်လူနာသေဆုံးသွားတာနဲ့ ပက်သက်ပြီး မန္တလေးမြို့က သတင်းမီဒီယာသမားတွေဟာ တိကျမှန်ကန်တဲ့သတင်းရရှိဖို့အတွက် သက်ဆိုင်ရာ ကန်တော်နဒီဆေးရုံမှာစောင့်ဆိုင်းပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဖြေဆိုမပေးခဲ့ပါဘူး။ ညနေ ၄နာရီမှာ တိုင်းကျန်းမာရေးရုံးမှာရှင်းလင်းမယ်ဆိုတာကြောင့် သတင်းရယူဖို့ သွားခဲ့ကြပေမယ့် ညနေ ၆နာရီခွဲ အဖြေသိမှရှင်းပြနိုင်မယ်ဆိုပေမယ့်လည်း မန္တလေးဆေးရုံအုပ်ကြီးရုံးခန်းကိုသာ သွားကြဖို့လမ်းညွန်ခဲ့ပါတယ်။ မန္တလေးဆေးရုံအုပ်ကြီးရုံးခန်းမှာ…

Read More

ပုဏ္ဏားကျွန်းမြို့နယ်က အိုင်တင်ရွာသားနှစ်ဦး အေအေတပ်ဖွဲ့ဝင်ထင်လို့ ပူးပေါင်းဂိတ်ကဖမ်း

#voiceofmyanmar #VOM #AA #လူငယ်၂ဦးဖမ်းခံရ #စစ်တွေ #ပုဏ္ဍားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ်က အိုင်တင်ရွာသားနှစ်ဦး အေအေတပ်ဖွဲ့ဝင်ထင်လို့ ပူးပေါင်းဂိတ်ကဖမ်း စစ်တွေ၊ မတ် ၆- ၂၀၂၀ ခိုင်လင်းစံ(VOM) မနေ့ မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီလောက်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်တင်ကျေးရွာက ကျေးရွာသားနှစ်ဦးဟာ စစ်တွေမြို့ကအပြန်ခရီးမှာ စစ်တွေမြို့နယ် ကျောက်တန်းတံတားအနီး စစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ ရဲ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေရဲ့ ဖမ်းဆီထိန်းသိမ်းမှုခံရတယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းက VOM ကိုခုလိုပြောပါတယ်။ “ယူနီဖောင်းနဲ့ ဓာတ်ပုံတွေတယ်လီဖုန်းထဲမှာပါတယ်။ သူတို့ကအရပ်သားမဟုတ်ဘူး။ အေအေတွေ။ ဆိုင်ကယ်မောင်းပြေးတယ်သူတို့က အဲဒီတော့လိုက်ဖမ်းတယ်။ သူတို့တယ်လီဖုန်းထဲမှာလည်း အဲဒီကောင်လေး အေအေယူနီဖောင်းဝတ်ထားတဲ့ ဓာတ်ပုံတွေပါတယ်။ စစ်တွေကနေ ပုဏ္ဏားကျွန်းကိုအပြန်မှာ ဖမ်းတာ။” လို့ ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးခံရသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်တင်ကျေးရွာက အသက် ၂၄ နှစ်အရွယ် မောင်နေလင်းဌေးနဲ့ ဦးလေးဖြစ်သူ ကိုစောအေး အသက်…

Read More
VOM News

FREE
VIEW