မန္တလေးမြို့မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်း

မန္တလေးမြို့မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်း

မန္တလေး မတ် ၇-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြို့မှာ အခုလအတွင်းကျင်းပမယ့် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ကပြောပါတယ်။

မတ်လ ၂၅၊၂၆၊၂၇ ရက်မှာ ကျင်းပမယ့် The 2nd Mandalay International Trade Fair & Business Forum 2020 အခမ်းအနားကို မေလမှာကျင်းပဖို့ ရွှေ့ဆိုင်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။

“ဒီပြပွဲကျင်းပလို့ ရမယ့်တန်ဖိုးနဲ့ ဆုံးရှုံးမှုနဲ့ ပြန်တွက်ရမယ်။ ရလာမယ့်အကျိုးကျေးဇူးနဲ့ ဆုံးရှုံးမှာနဲ့ လာမယ့်လူအရေအတွက်ပြန်တွက်ရင် မဖြစ်နိုင်ဘူး။ ဒါကိုဇွတ်လုပ်လိုက်ရင် သိပ်အန္တရာယ်ကြီးတယ်။ (ကိုရိုနာ)မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး၊ ဖြစ်လိုက်တယ်ဆိုရင် နိုင်ငံတော်အတွက်လည်း ဆုံးရှုံံးနစ်နာမယ်၊ ကိုယ့်အတွက်လည်း ဘာမှအကျိုးကျေးဇူးမရှိတော့ ကျနော်တို့က ဒါကို ရွှေ့ဆိုင်းရတာ။”လို့ MRCCI ဥက္ကဌ ဦးကျော်မင်းက ပြောပါတယ်။

ပွဲကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့လကုန်အထိက ရည်ရွယ်ထားခဲ့ပေမယ့် တရုတ်ကုန်သည်တွေက မလာနိုင်တာရယ် ကိုရိုနာနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို စိုးရိမ်တဲ့အတွက် အခုလို ရပ်ရွှေ့ဆိုင်းတာလို့ ပြောပါတယ်။

အခုလို ရက်ရွှေ့ဆိုင်းတဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင် ဦးဥက္ကာကျော်ပြောတာက “ကျန်းမာရေးရှုထောင့်အရရော၊ ပြည်သူလူထုအတွက်ကရော ဒါကနိုင်ငံတော်အတိုင်းအတာအားဖြင့် လည်းဆောင်ရွက်နေတာဆိုတော့ လိုက်နာဆောင်ရွက်ရမယ့်အနေအထားရှိပါတယ်။ ရွှေ့ဆိုင်းလိုက်တော့လည်း ပါဝင်ပြသမယ့်သူတွေအတွက် ထပ်ပြီးတော့ ပြင်ဆင်ချိန်ပိုရတဲ့အနေအထားလည်းဖြစ်တာပေါ့။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မေလထဲမှာ ကျင်းပနိုင်ဖို့ရည်ရွယ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ နိုင်ငံတော်က ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတကာအခြေအနေတွေကို သုံးသပ်ပြီးမှ အတည်ပြုရက်သတ်မှတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာမှာလည်း အခုလို လူအများနဲ့ကျင်းပမယ့်ပွဲတွေ ရွှေ့ဆိုင်းနေကြသလို အခုလုပ်မယ့်ပွဲကလည်း ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းအပါအဝင် ဥရောပနိုင်ငံတွေနဲ့ စုစုပေါင်း ၁၅ နိုင်ငံလောက်ပါဝင်ဖို့ရှိတဲ့ နိုင်ငံတကာပွဲဖြစ်တဲ့အတွက် ပိုအန္တရာယ်များတာကြောင့် ခုလိုရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အခုပွဲဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြပွဲမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အချိန်မလုံလောက်မှုတွေကြောင့် အကျဉ်းချုံးကျင်းပခဲ့ရပေမယ့် အကျိုးရလဒ်အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ ချိတ်ဆက်ပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #ကိုရိုနာဗိုင်းရပ်စ် #စီးပွားရေးဖိုရမ် #ရက်ရွှေ့ဆိုင်း

Zawgyi

မႏၱေလးၿမိဳ႕မွာ က်င္းပဖို႔ရည္႐ြယ္ထားတဲ့ ႏိုင္ငံတကာစီးပြားေရးဖိုရမ္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရက္ေ႐ႊ႕ဆိုင္း

မႏၲေလး မတ္ ၇-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕မွာ အခုလအတြင္းက်င္းပမယ့္ ႏိုင္ငံတကာစီးပြားေရးဖိုရမ္ကို လတ္တေလာျဖစ္ေပၚေနတဲ့ COVID 19 ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရက္ေ႐ႊ႕ဆိုင္းလိုက္ၿပီလို႔ မႏၲေလးတိုင္းေဒသႀကီးကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (MRCCI) ကေျပာပါတယ္။

မတ္လ ၂၅၊၂၆၊၂၇ ရက္မွာ က်င္းပမယ့္ The 2nd Mandalay International Trade Fair & Business Forum 2020 အခမ္းအနားကို ေမလမွာက်င္းပဖို႔ ေ႐ႊ႕ဆိုင္းသတ္မွတ္လုိက္တာျဖစ္ပါတယ္။

“ဒီျပပြဲက်င္းပလို႔ ရမယ့္တန္ဖိုးနဲ႔ ဆုံးရႈံးမႈနဲ႔ ျပန္တြက္ရမယ္။ ရလာမယ့္အက်ိဳးေက်းဇူးနဲ႔ ဆုံးရႈံးမွာနဲ႔ လာမယ့္လူအေရအတြက္ျပန္တြက္ရင္ မျဖစ္ႏိုင္ဘူး။ ဒါကိုဇြတ္လုပ္လိုက္ရင္ သိပ္အႏၲရာယ္ႀကီးတယ္။ (ကို႐ိုနာ)မျဖစ္ရင္ေတာ့ ဘာမွမျဖစ္ဘူး၊ ျဖစ္လိုက္တယ္ဆိုရင္ ႏိုင္ငံေတာ္အတြက္လည္း ဆုံးရႈံံးနစ္နာမယ္၊ ကိုယ့္အတြက္လည္း ဘာမွအက်ိဳးေက်းဇူးမရွိေတာ့ က်ေနာ္တို႔က ဒါကို ေ႐ႊ႕ဆိုင္းရတာ။”လို႔ MRCCI ဥကၠဌ ဦးေက်ာ္မင္းက ေျပာပါတယ္။

ပြဲက်င္းပႏိုင္ဖို႔ ၿပီးခဲ့တဲ့လကုန္အထိက ရည္႐ြယ္ထားခဲ့ေပမယ့္ တ႐ုတ္ကုန္သည္ေတြက မလာႏိုင္တာရယ္ ကို႐ိုနာနဲ႔ပတ္သက္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာေတြကုိ စိုးရိမ္တဲ့အတြက္ အခုလို ရပ္ေ႐ႊ႕ဆိုင္းတာလုိ႔ ေျပာပါတယ္။

အခုလို ရက္ေ႐ႊ႕ဆိုင္းတဲ့အေပၚ စီးပြားေရးလုပ္ငန္းရွင္ ဦးဥကၠာေက်ာ္ေျပာတာက “က်န္းမာေရးရႈေထာင့္အရေရာ၊ ျပည္သူလူထုအတြက္ကေရာ ဒါကႏိုင္ငံေတာ္အတိုင္းအတာအားျဖင့္ လည္းေဆာင္႐ြက္ေနတာဆိုေတာ့ လိုက္နာေဆာင္႐ြက္ရမယ့္အေနအထားရွိပါတယ္။ ေ႐ႊ႕ဆိုင္းလိုက္ေတာ့လည္း ပါဝင္ျပသမယ့္သူေတြအတြက္ ထပ္ၿပီးေတာ့ ျပင္ဆင္ခ်ိန္ပိုရတဲ့အေနအထားလည္းျဖစ္တာေပါ့။”လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ေမလထဲမွာ က်င္းပႏိုင္ဖို႔ရည္႐ြယ္ထားေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္က ထုတ္ျပန္ခ်က္ေတြနဲ႔ ႏိုင္ငံတကာအေျခအေနေတြကို သုံးသပ္ၿပီးမွ အတည္ျပဳရက္သတ္မွတ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ႏိုင္ငံတကာမွာလည္း အခုလို လူအမ်ားနဲ႔က်င္းပမယ့္ပြဲေတြ ေ႐ႊ႕ဆိုင္းေနၾကသလို အခုလုပ္မယ့္ပြဲကလည္း ဂ်ပန္၊ အိႏၵိယ၊ တ႐ုတ္၊ ထိုင္းအပါအဝင္ ဥေရာပႏိုင္ငံေတြနဲ႔ စုစုေပါင္း ၁၅ ႏိုင္ငံေလာက္ပါဝင္ဖို႔ရွိတဲ့ ႏိုင္ငံတကာပြဲျဖစ္တဲ့အတြက္ ပိုအႏၲရာယ္မ်ားတာေၾကာင့္ ခုလုိရက္ေရႊ႕ဆုိင္းလုိက္တာ ျဖစ္ပါတယ္။

အခုပြဲဟာ ဒုတိယအႀကိမ္ျဖစ္ၿပီး ျပပြဲမွာ ဆိုင္ခန္းေပါင္း ၃၀၀ ေက်ာ္ပါဝင္မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အခ်ိန္မလုံေလာက္မႈေတြေၾကာင့္ အက်ဥ္းခ်ဳံးက်င္းပခဲ့ရေပမယ့္ အက်ိဳးရလဒ္အေနနဲ႔ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ေတြ ခ်ိတ္ဆက္ၿပီး လုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္ႏိုင္ခဲ့တာေတြရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ကိုရိုနာဗိုင္းရပ္စ္ #စီးပြားေရးဖိုရမ္ #ရက္ေရႊ႕ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW