ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ခံရသူတွေ မြေနေရာပြန်ရဖို့ ဆန္ဒပြ

ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ခံရသူတွေ မြေနေရာပြန်ရဖို့ ဆန္ဒပြ

ရန်ကုန် ၊ မတ် ၇-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်ထဲက မီးဘေးသင့်ခံခဲ့ရသူတွေကို အခုချိန်ထိ မြေနေရာချထားပေးခြင်းမရှိတဲ့အတွက် မီးဘေးသင့်ခံရတဲ့ပြည်သူတွေဟာ မြေနေရာရရှိရေးအတွက် ဒီကနေ့နေ့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

“ ဝန်ကြီးချုပ်ကပြောတာ သိန်း ၃၀ တန်၊ နှစ် ၃၀ စီမံကိန်း။ကျနော်တို့ဆီကျ ၆ နှစ်အရစ်ကျနဲ့ တစ်လ ၇၉၅၀၀ သွင်းရမယ်.၊ သိန်း ၃၀ တန်က ၅၇ သိန်း ကျော်ဖြစ်နေပြီ။ ရွှေပြည်သာမှာ ၃ သောင်းလောက်ဆို အခန်းငှါးနေရတာတောင် မနေနိုင်လို့ အစိုးရမြေကိုပေးဖို့ တောင်းဆိုနေတာ။ အစိုးရကမြေတွေ လေလံပစ်နေတာပဲ၊ ဒီထဲကမြေကို သင့်တဲ့ဈေးနူန်းလေးနဲ့ ချပေးဖို့တောင်းဆိုတာ။ ဒါကို ပျိုမေ့အိမ်ရာပဲယူမှရမယ်။ အတိုးကပေးရတယ်”လို့ မီးဘေးသင့်ခံရတဲ့ ကိုသန်းမင်းထိုက်ကပြောပါတယ်။

အစိုးရကချပေးတဲ့ ပျိုမေ့အိမ်ရာဟာ အတိုး ၊ အရင်းပေါင်း သိန်း ၅ဝ ကျော်နေပေမယ့် ရေချိုးခန်း၊ အိမ်သာ ၊ဘုရားစင်မပါတဲ့အပြင် နောက်ဖေးရေမြောင်းကအစ အိမ်ဝယ်သူက လုပ်ဆောင်ရမှာဖြစ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးရွှေပြည်သာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ ကိုယ်စားလှယ် ဦးရန်အောင်မင်းကတော့” မိသားစုများလို့ သိန်း ၃၀ ကျော်ရင်လည်းကျော်မယ်။ အိမ်ဒီထက်ကြီးရင် သိန်း ၅၀ လည်းကျရင်ကျမယ်။ ပိုက်ဆံချေးတာကလည်း ဘာပိုင်ဆိုင်မှုအထောက်အထားမှမလိုဘဲ ချေးပေးတာ။ ဆန္ဒပြအဖွဲ့တွေကိုလည်း မြေမပေးတာမဟုတ်ဘူး ပေးတယ်။သူတို့က အရင်ထဲက ကျူးကျော်တွေ။ စာရင်းလဲကောက်ပြီးသား ၊မီးလောင်သွားတော့ ဒီအတွက်သူတို့ကို ဒီအိမ်ရာ အစီအစဉ်မှာပေးဖို့ အစိုးရကိုတင်ပြထည့်လိုက်တာ။ ငွေရှိရင် ချေးစရာမလိုဘူး။ သတ်မှတ်တဲ့ အိမ်ပုံစံတော့ဆောက်ရမယ်။ ” လို့ပြောပါတယ်။

ဒီထဲမှာ ကနဦးစာရင်းပါသူတွေကတော့ အစိုးရရဲ့ သိန်း ၃၀ တန်အိမ်ရာစီမံကိန်းမှာ ရရှိနေထိုင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရက သိန်း ၃၀ တန်အိမ်တွေကို ရွှေပြည်သာမှာ အိမ်အလုံး ၂၀၀ ကျော်ဖော်ဆောင်ထားပြီး လူနေထိုင်ခွင့်ပါ ပေးအပ်ထားတာဖြစ်ပါတယ်။

မီးဘေးသင့်ခံခဲ့ရသူတွေကတော့ မြေနေရာချထားပေးဖို့သာ ဆန္ဒရှိတဲ့အတွက် အစိုးရအနေနဲ့ မြေနေရာချပေးစေလိုတယ်လို့ ဆန္ဒပြပွဲမှာ ပြောဆိုခဲ့ပြီး လာမယ့် မတ်လ ၁၂ ရက်နေ့မှာတော့ လက်ရှိကယ်ဆယ်ရေးစခန်းဖြစ်တဲ့ ဓမ္မာရုံကနေ ဖယ်ပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ရွှေပြည်သာမြို့နယ်ထဲက (၁၈)ရပ်ကွက်၊(၆၂)မှာနေတဲ့ အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေပေါင်း ၉၀၀ ကျော် မီးဘေးသင့်ခံခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ရွှေပြည်သာမီးဘေးသင့်သူတွေ #မြေနေရာပြန်ရဖို့ #ဆန္ဒပြ

Zawgyi

ေရႊျပည္သာၿမိဳ႕နယ္က မီးေဘးသင့္ခံရသူေတြ ေျမေနရာျပန္ရဖို႔ ဆႏၵျပ

ရန္ကုန္ ၊ မတ္ ၇-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာၿမိဳနယ္ထဲက မီးေဘးသင့္ခံခဲ့ရသူေတြကို အခုခ်ိန္ထိ ေျမေနရာခ်ထားေပးျခင္းမ႐ွိတဲ့အတြက္ မီးေဘးသင့္ခံရတဲ့ျပည္သူေတြဟာ ေျမေနရာရ႐ွိေရးအတြက္ ဒီကေန႔ေန႔လယ္ မဟာဗႏၶဳလပန္းျခံေ႐ွ႕မွာ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

“ ဝန္ႀကီးခ်ဳပ္ကေျပာတာ သိန္း ၃၀ တန္၊ ႏွစ္ ၃၀ စီမံကိန္း။က်ေနာ္တို႔ဆီက် ၆ ႏွစ္အရစ္က်နဲ႔ တစ္လ ၇၉၅၀၀ သြင္းရမယ္.၊ သိန္း ၃၀ တန္က ၅၇ သိန္း ေက်ာ္ျဖစ္ေနၿပီ။ ေ႐ႊျပည္သာမွာ ၃ ေသာင္းေလာက္ဆို အခန္းငွါးေနရတာေတာင္ မေနႏိုင္လို႔ အစိုးရေျမကိုေပးဖို႔ ေတာင္းဆိုေနတာ။ အစိုးရကေျမေတြ ေလလံပစ္ေနတာပဲ၊ ဒီထဲကေျမကို သင့္တဲ့ေစ်းႏူန္းေလးနဲ႔ ခ်ေပးဖို႔ေတာင္းဆိုတာ။ ဒါကို ပ်ိဳေမ့အိမ္ရာပဲယူမွရမယ္။ အတိုးကေပးရတယ္”လို႔ မီးေဘးသင့္ခံရတဲ့ ကိုသန္းမင္းထိုက္ကေျပာပါတယ္။

အစိုးရကခ်ေပးတဲ့ ပ်ိဳေမ့အိမ္ရာဟာ အတိုး ၊ အရင္းေပါင္း သိန္း ၅ဝ ေက်ာ္ေနေပမယ့္ ေရခ်ိဳးခန္း၊ အိမ္သာ ၊ဘုရားစင္မပါတဲ့အျပင္ ေနာက္ေဖးေရေျမာင္းကအစ အိမ္ဝယ္သူက လုပ္ေဆာင္ရမွာျဖစ္ေနတယ္လို႔ မီးေဘးသင့္ျပည္သူေတြကေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးေရႊျပည္သာၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္မဲဆနၵနယ္ ၁ ကိုယ္စားလွယ္ ဦးရန္ေအာင္မင္းကေတာ့” မိသားစုမ်ားလို႔ သိန္း ၃၀ ေက်ာ္ရင္လည္းေက်ာ္မယ္။ အိမ္ဒီထက္ႀကီးရင္ သိန္း ၅၀ လည္းက်ရင္က်မယ္။ ပိုက္ဆံေခ်းတာကလည္း ဘာပိုင္ဆိုင္မႈအေထာက္အထားမွမလိုဘဲ ေခ်းေပးတာ။ ဆႏၵျပအဖြဲ႔ေတြကိုလည္း ေျမမေပးတာမဟုတ္ဘူး ေပးတယ္။သူတို႔က အရင္ထဲက က်ဴးေက်ာ္ေတြ။ စာရင္းလဲေကာက္ၿပီးသား ၊မီးေလာင္သြားေတာ့ ဒီအတြက္သူတို႔က္ုိ ဒီအိမ္ရာ အစီအစဥ္မွာေပးဖို႔ အစိုးရကိုတင္ျပထည့္လိုက္တာ။ ေငြ႐ွိရင္ ေခ်းစရာမလိုဘူး။ သတ္မွတ္တဲ့ အိမ္ပုံစံေတာ့ေဆာက္ရမယ္။ ” လို႔ေျပာပါတယ္။

ဒီထဲမွာ ကနဦးစာရင္းပါသူေတြကေတာ့ အစိုးရရဲ႕ သိန္း ၃၀ တန္အိမ္ရာစီမံကိန္းမွာ ရ႐ွိေနထိုင္သူေတြလည္း ႐ွိေနတယ္လို႔ သိရပါတယ္။

လက္႐ွိ ရန္ကုန္တုိင္းအစိုးရက သိန္း ၃၀ တန္အိမ္ေတြကို ေရႊျပည္သာမွာ အိမ္အလုံး ၂၀၀ ေက်ာ္ေဖာ္ေဆာင္ထားၿပီး လူေနထိုင္ခြင့္ပါ ေပးအပ္ထားတာျဖစ္ပါတယ္။

မီးေဘးသင့္ခံခဲ့ရသူေတြကေတာ့ ေျမေနရာခ်ထားေပးဖို႔သာ ဆႏၵ႐ွိတဲ့အတြက္ အစိုးရအေနနဲ႔ ေျမေနရာခ်ေပးေစလိုတယ္လို႔ ဆႏၵျပပြဲမွာ ေျပာဆိုခဲ့ၿပီး လာမယ့္ မတ္လ ၁၂ ရက္ေန႔မွာေတာ့ လက္႐ွိကယ္ဆယ္ေရးစခန္းျဖစ္တဲ့ ဓမၼာ႐ုံကေန ဖယ္ေပးရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၉ခုႏွစ္ ေအာက္တိုဘာလတုန္းက ျဖစ္ပြားခဲ့တဲ့ မီးေလာင္မွဳေၾကာင့္ ေရႊျပည္သာၿမိဳ႕နယ္ထဲက (၁၈)ရပ္ကြက္၊(၆၂)မွာေနတဲ့ အိမ္ေထာင္စု ၂၀၀ ေက်ာ္၊ လူဦးေရေပါင္း ၉၀၀ ေက်ာ္ မီးေဘးသင့္ခံခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ေရႊျပည္သာမီးေဘးသင့္သူေတြ #ေျမေနရာျပန္ရဖို႔ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW