ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရန် ပြင်ဆင်နေချိန် အမျိုးသမီးလူနာတဦး ထွက်ပြေး

ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရန် ပြင်ဆင်နေချိန် အမျိုးသမီးလူနာတဦး ထွက်ပြေး

ဖားကန့် -မတ်-၈-၂၀၂၀

ဇော်မိုးထက် (VOM )

ရွှေလီမြို့ကပြန်လာတဲ့ အမျိုးသမီးလူနာတဦးကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသပေးဖို့ ပြင်ဆင်နေချိန် လူနာအမျိုးသမီးဟာ မတ်လ ၇ ရက်မနေ့ညနေပိုင်းက ထွက်ပြေးသွားခဲ့ပါတယ်။

လူနာမှာ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာမတွေ့ရပေမယ့် စောင့်ကြည့်လူနာအဖြစ် ထားရှိရန် ပြင်ဆင်နေတုန်း လူနာဟာ ထွက်ပြေးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ် ။

” ဆေးရုံမှာ ဆရာဝန်ကြီးက အားလုံးစစ်ဆေးပြီးပြီ ။ဘာရောဂါလက္ခဏာမှ မရှိဘူး ။ ဒါပေမယ့် ရွှေလီက ပြန်လာတဲ့သူဆိုတော့ စောင့်တော့ကြည့်ရမယ်ဆိုပြီး သီးသန့်ခန်း ပြင်ဆင်နေချိန်မှာ ထွက်ပြေးသွားတယ် လို့ ပြောတာပဲဗျ ” လို့ဆိုပါတယ်။

ထွက်ပြေးသွားသူဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အပိုင်း(၃)မှာ နေတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး ဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ မှတ်တမ်းများအရ သိရပါတယ်။ အဲဒီအမျိုးသမီးဟာ တရုတ်နိုင်ငံရွှေလီမြို့ကနေ ဖားကန့်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မတ်လ ၇ရက်နေ့က ညာဘက်နံရိုးအောက်နာတာကြောင့် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ရှိတဲ့ မြဝတ်ရည် ပုဂ္ဂလိက ဆေးရုံမှာ သွားရောက်ကုသခဲ့တယ်လို့ ဆိုပါတယ် ။မြဝတ်ရည်ဆေးရံကနေ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့တယ် လို့ ဖားကန့်မြို့ ထွေအုပ်ရုံး က ဆိုပါတယ် ။

ဖားကန့်မြို့ ပြည်သူ့ဆေးရုံတာဝန်ရှိသူတွေက စစ်ဆေးတာမှာ ကိုရိုနာဗိုင်းရပ်နှင့်ဆက်စပ်သော ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို အကြောင်းကြားခဲ့တယ်လို့လည်း ထွေအုပ်ရုံးက ဆိုပါတယ် ။

ထွက်ပြေးသွားတဲ့ အမျိုးသမီးကိုတွေ့ရှိဖို့ ဖားကန့်မြို့နယ်အတွင်းက သက်ဆိုင်ရာဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ဆိုသလို လူမှုကွန်ယက် ဖေ့ဘုတ်ပေါ်မှာ ပျံ့နှံ့နေတဲ့ “ ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီ” ဆိုတဲ့ သတင်းတွေ မဟုတ်မမှန်ရေးသားဖြန့်ဝေနေတာတဲ့ ၊ကောလဟလတွေကို အယုံကြည်မလွယ်ကြဘို့ကိုလည်း အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ဆိုပါတယ် ။

ဒီလိုအလားတူ ဖြစ်စဉ်မျိုး ဖေဖေါ်ဝါရီလက မိတ္ထိလာမြို့နယ်ဆေးရုံမှာ တရုတ်နိုင်ငံကပြန်လာတဲ့ လူနာအမျိုးသားထွက်ပြေးတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကိုရိုနာဗိုင်းရပ်စ် #လူနာထွက်ပြေး

 

ဖားကန္႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ရန္ ျပင္ဆင္ေနခ်ိန္ အမ်ိဳးသမီးလူနာတဦး ထြက္ေျပး

ဖားကန္႕ -မတ္-၈-၂၀၂၀

ေဇာ္မိုးထက္ (VOM )

ေရႊလီျမိဳ႕ကျပန္လာတဲ႕ အမ်ိဳးသမီးလူနာတဦးကိုု ဖားကန႔္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ကုုသေပးဖိုု႕ ျပင္ဆင္ေနခ်ိန္ လူနာအမ်ိဳးသမီးဟာ မတ္လ ၇ ရက္မေန႕ညေနပိုုင္းက ထြက္ေျပးသြားခဲ႕ပါတယ္။

လူနာမွာ ကို႐ိုနာ ဗိုင္းရပ္စ္ လကၡဏာမေတြ႕ရေပမယ့္ ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိရန္ ျပင္ဆင္ေနတုုန္း လူနာဟာ ထြက္ေျပးသြားခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးဥာဏ္လင္းေအာင္က ေျပာပါတယ္ ။

” ေဆး႐ုံမွာ ဆရာဝန္ႀကီးက အားလုံးစစ္ေဆးၿပီးၿပီ ။ဘာေရာဂါလကၡဏာမွ မရွိဘူး ။ ဒါေပမယ့္ ေ႐ႊလီက ျပန္လာတဲ့သူဆိုေတာ့ ေစာင့္ေတာ့ၾကည့္ရမယ္ဆိုၿပီး သီးသန႔္ခန္း ျပင္ဆင္ေနခ်ိန္မွာ ထြက္ေျပးသြားတယ္ လို႔ ေျပာတာပဲဗ် ” လိုု႕ဆိုုပါတယ္။

ထြက္ေျပးသြားသူဟာ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စု အပိုင္း(၃)မွာ ေနတဲ႕ အသက္ (၂၅) ႏွစ္အရြယ္ အမ်ိဳးသမီး ျဖစ္တယ္လို႔ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးရဲ႕ မွတ္တမ္းမ်ားအရ သိရပါတယ္။ အဲဒီအမ်ိဳးသမီးဟာ တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕ကေန ဖားကန႔္ကိုု ျပန္လည္ေရာက္ရွိလာတာ ျဖစ္ၿပီး မတ္လ ၇ရက္ေန႔က ညာဘက္နံ႐ိုးေအာက္နာတာေၾကာင့္ ဖားကန႔္ၿမိဳ႕ မရွီကေထာင္ရပ္ကြက္မွာ ရွိတဲ့ ျမဝတ္ရည္ ပုဂၢလိက ေဆး႐ုံမွာ သြားေရာက္ကုသခဲ့တယ္လို႔ ဆိုပါတယ္ ။ျမဝတ္ရည္ေဆးရံကေန ဖားကန႔္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးကို လႊဲေျပာင္းေပးခဲ့တယ္ လို႔ ဖားကန႔္ၿမိဳ႕ ေထြအုပ္႐ုံး က ဆိုပါတယ္ ။

ဖားကန႔္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတာဝန္ရွိသူေတြက စစ္ေဆးတာမွာ ကို႐ိုနာဗိုင္းရပ္ႏွင့္ဆက္စပ္ေသာ ေရာဂါလကၡဏာ မေတြ႕ရွိရဘူးလို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးကို အေၾကာင္းၾကားခဲ့တယ္လို႔လည္း ေထြအုပ္႐ုံးက ဆိုပါတယ္ ။

ထြက္ေျပးသြားတဲ့ အမ်ိဳးသမီးကိုေတြ႕ရွိဖိုု႕ ဖားကန႔္ၿမိဳ႕နယ္အတြင္းက သက္ဆိုင္ရာဌာနေတြနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို အေၾကာင္းၾကားထားတယ္လို႔ဆိုုသလိုု လူမႈကြန္ယက္ ေဖ့ဘုတ္ေပၚမွာ ပ်ံ႕ႏွံ႕ေနတဲ႕ “ ဖားကန႔္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာက္ရွိေနၿပီ” ဆိုုတဲ႕ သတင္းေတြ မဟုတ္မမွန္ေရးသားျဖန႔္ေဝေနတာတဲ႕ ၊ေကာလဟလေတြကို အယုံၾကည္မလြယ္ၾကဘို႔ကိုလည္း အုုပ္ခ်ဳပ္ေရးမွဴး ဦးဥာဏ္လင္းေအာင္က ဆိုပါတယ္ ။

ဒီလိုုအလားတူ ျဖစ္စဥ္မ်ိဳး ေဖေဖၚဝါရီလက မိတိၳလာျမိဳ႕နယ္ေဆးရံုုမွာ တရုုတ္နုုိင္ငံကျပန္လာတဲ႕ လူနာအမ်ိဳးသားထြက္ေျပးတဲ႕ ျဖစ္ရပ္ေပၚေပါက္ခဲ႕ပါေသးတယ္။

#voiceofmyanmar #VOM #ဖားကန္႕ #ကိုုရိုုနာဗိုုင္းရပ္စ္ #လူနာထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW