အုတ်ဖိုမြို့အထကကျောင်းနားမှာ မီးလောင်တဲ့အတွက် စာဖြေကျောင်းသားတွေကို ဖြေဆိုချိန် နာရီဝက်ထပ်တိုးပေး

အုတ်ဖိုမြို့အထကကျောင်းနားမှာ မီးလောင်တဲ့အတွက် စာဖြေကျောင်းသားတွေကို ဖြေဆိုချိန် နာရီဝက်ထပ်တိုးပေး

အုတ်ဖို ၊ မတ် ၁၁-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ-ထ-က ကျောင်းအနီးမှာ ဒီနေ့မနက် ၉နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့အတွက် ဆယ်တန်းဖြေမယ့် ကျောင်းသားကျောင်းသူတွေ ထိတ်လန့်ခဲ့ရပြီး စာမေးပွဲဖြေဆိုဖို့ အနည်းငယ်နောက်ကျခဲ့ရတဲ့အတွက် စာဖြေချိန်နာရီဝက် ထပ်တိုးပေးထားတယ်လို့ ပညာရေးမှူးရုံးကပြောပါတယ်။

‟ကလေးတွေကို ကျောင်းထဲမှာပဲ တစ်စုတစ်စည်းထဲထားပါတယ် ၊ အရမ်းထိတ်လန့်တာ ကယ်ထုတ်ရတာမရှိခဲ့ပါဘူး၊ စာဖြေချိန်ကို အထက်ကညွှန်ကြားတဲ့အတိုင်း နာရီဝက်ပိုပေးထားပါတယ်။ အခု အေးအေးဆေးဆးဖြေနေကြပါပြီ”လို့ အုတ်ဖိုမြို့နယ်ပညာရေးမှူး ဒေါ်သန္တာရင်ကပြောပါတယ်။

အ-ထ-က အုတ်ဖိုကျောင်းအနောက်ဖက် ရွာမ(၅)လမ်းက ဦးကျော်ငြိမ်းဆိုသူရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် (၅)လုံးနီးပါး မီးလောင်ခဲ့ပြီး မနက်(၁၀)နာရီမှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

‟အ-ထ-က ကျောင်း အနောက်လမ်းကစလောင်တာပါ၊ ကလေးတွေ ထိတ်လန့်ပြီး ဝရုန်းသုန်းကားဖြစ်သွားပါတယ်။ စာမေးပွဲဖြေဖို့ မိနစ် (၂၀)လောက်နောက်ကျသွားတယ်၊ အခုတော့ဖြေနေပါပြီ။ သူတို့အတွက် အချိန်ဘယ်လောက် ပေးမယ်တော့မသိရသေးပါဘူး”လို့ ကိုယ်ပိုင်ကျောင်းဆရာ ဦးသိန်းကပြောပါတယ်။

“မီးလောင်တာမှန်ပါတယ်၊ အခုမီးငြိမ်းသွားပါပြီ။ ဝါယာရှော့ကနေဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်၂လုံးတော့ ပါသွားပါတယ်။ အမှုဖွင့်မယ် တရားခံဖမ်းပါမယ်။ အခု ကလေးတွေစာမေးပွဲပြန်ဖြေနေကြပါပြီ၊ အပိုဆောင်းနာရီဝက် ဖြေဆိုချိန်ထပ်တိုးပေးထားပါတယ်။ ကျောင်းဝင်အပြင်မှာလောင်တာပါ၊ ကျောင်းမပါပါဘူး၊ ကျောင်းနဲ့ကပ်လျှက် ရွာမရပ်ကွက်မှာလောင်တာပါ”လို့ အုတ်ဖိုမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးလှိုင်ဝင်းကပြောပါတယ်။

ဒီကနေ့ မတ်လ၁၁ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေရဲ့ မြန်မာစာဘာသာကို စတင်ဖြေဆိုရမယ့်အချိန် အုတ်ဖိုမြို့ အထကကျောင်းရဲ့အပြင်ဘက်မှာ မီးလောင်တဲ့သတင်းကို စာဖြေကျောင်းသား\သူတွေကြားသိပြီး ထိတ်လန့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #အုတ်ဖို #အထကကျောင်းနားမီးလောင် #စာမေးပွဲဖြေကျောင်းသား #ဖြေဆိုချိန်နာရီဝက်ထပ်တိုး

Zawgyi

အုတ္ဖိုၿမိဳ႕အထကေက်ာင္းနားမွာ မီးေလာင္တဲ့အတြက္ စာေျဖေက်ာင္းသားေတြကို ေျဖဆိုခ်ိန္ နာရီဝက္ထပ္တိုးေပး

အုတ္ဖို ၊ မတ္ ၁၁-၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ အုတ္ဖိုၿမိဳ႕နယ္ အ-ထ-က ေက်ာင္းအနီးမွာ ဒီေန႔မနက္ ၉နာရီဝန္းက်င္ခန႔္က မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တဲ့အတြက္ ဆယ္တန္းေျဖမယ့္ ေက်ာင္းသားေက်ာင္းသူေတြ ထိတ္လန႔္ခဲ့ရၿပီး စာေမးပြဲေျဖဆိုဖို႔ အနည္းငယ္ေနာက္က်ခဲ့ရတဲ့အတြက္ စာေျဖခ်ိန္နာရီဝက္ ထပ္တိုးေပးထားတယ္လို႔ ပညာေရးမႉး႐ုံးကေျပာပါတယ္။

‟ကေလးေတြကို ေက်ာင္းထဲမွာပဲ တစ္စုတစ္စည္းထဲထားပါတယ္ ၊ အရမ္းထိတ္လန႔္တာ ကယ္ထုတ္ရတာမရွိခဲ့ပါဘူး၊ စာေျဖခ်ိန္ကို အထက္ကၫႊန္ၾကားတဲ့အတိုင္း နာရီဝက္ပိုေပးထားပါတယ္။ အခု ေအးေအးေဆးဆးေျဖေနၾကပါၿပီ”လို႔ အုတ္ဖိုၿမိဳ႕နယ္ပညာေရးမႉး ေဒၚသႏၲာရင္ကေျပာပါတယ္။

အ-ထ-က အုတ္ဖိုေက်ာင္းအေနာက္ဖက္ ႐ြာမ(၅)လမ္းက ဦးေက်ာ္ၿငိမ္းဆုိသူရဲ႕ ေနအိမ္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့ရာ လူေနအိမ္ (၅)လံုးနီးပါး မီးေလာင္ခဲ့ၿပီး မနက္(၁၀)နာရီမွာ မီးထိန္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

‟အ-ထ-က ေက်ာင္း အေနာက္လမ္းကစေလာင္တာပါ၊ ကေလးေတြ ထိတ္လန႔္ၿပီး ဝ႐ုန္းသုန္းကားျဖစ္သြားပါတယ္။ စာေမးပြဲေျဖဖို႔ မိနစ္ (၂၀)ေလာက္ေနာက္က်သြားတယ္၊ အခုေတာ့ေျဖေနပါၿပီ။ သူတို႔အတြက္ အခ်ိန္ဘယ္ေလာက္ ေပးမယ္ေတာ့မသိရေသးပါဘူး”လို႔ ကိုယ္ပိုင္ေက်ာင္းဆရာ ဦးသိန္းကေျပာပါတယ္။

“မီးေလာင္တာမွန္ပါတယ္၊ အခုမီးၿငိမ္းသြားပါၿပီ။ ဝါယာေရွာ့ကေနျဖစ္တယ္လို႔ သိရပါတယ္။ ေနအိမ္၂လုံးေတာ့ ပါသြားပါတယ္။ အမႈဖြင့္မယ္ တရားခံဖမ္းပါမယ္။ အခု ကေလးေတြစာေမးပြဲျပန္ေျဖေနၾကပါၿပီ၊ အပိုေဆာင္းနာရီဝက္ ေျဖဆိုခ်ိန္ထပ္တိုးေပးထားပါတယ္။ ေက်ာင္းဝင္အျပင္မွာေလာင္တာပါ၊ ေက်ာင္းမပါပါဘူး၊ ေက်ာင္းနဲ႔ကပ္လွ်က္ ႐ြာမရပ္ကြက္မွာေလာင္တာပါ”လုိ႔ အုတ္ဖိုၿမိဳ႕မရဲစခန္းမွ စခန္းမႉးဒုရဲမႉးလႈိင္ဝင္းကေျပာပါတယ္။

ဒီကေန႔ မတ္လ၁၁ရက္ေန႔မွာ တကၠသိုလ္ဝင္တန္းေက်ာင္းသားေတြရဲ႕ ျမန္မာစာဘာသာကို စတင္ေျဖဆိုရမယ့္အခ်ိန္ အုတ္ဖိုၿမိဳ႕ အထကေက်ာင္းရဲ႕အျပင္ဘက္မွာ မီးေလာင္တဲ့သတင္းကို စာေျဖေက်ာင္းသား\သူေတြၾကားသိၿပီး ထိတ္လန႔္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #အုတ္ဖို #အထကေက်ာင္းနားမီးေလာင္ #စာေမးပြဲေျဖေက်ာင္းသား #ေျဖဆိုခ်ိန္နာရီဝက္ထပ္တိုး

Related posts

Leave a Comment

VOM News

FREE
VIEW