

Unicode သေသည်ထိ အမှိုက်ကောက်မယ် ရှိုင်းအောင် (VOM) အဖြူရောင်ရှပ်အင်္ကျ ီခပ်နွမ်းနွမ်းနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့ အသက်ရှစ်ဆယ်ကျော်လောက်ရှိမယ့် အဘိုးအိုဟာ တုန်တုန်ယင်ယင်နဲ့ ပေတရာလမ်းပေါ်က အမှိုက်စလေးတွေကိုတစ်ခုပြီးတစ်ခု ကောက်ပြီး လေးပေလောက်မြင့်တဲ့ ဘီးနှစ်လုံးပါ အစိမ်းရောင်အမှိုက်ပုံကြီးထဲကို ထည့်လိုက်ပါတယ်။ သူဟာ အဲလိုအမှိုက်တွေကို ကောက်ထည့်ပြီး အမှိုက်ပုံးကို နောက်ပြန်ဆွဲပြီးတော့ ခြေလှမ်းကို ဖြေးညှင်းစွာ တရွေ့ရွေ့ လှမ်းကာ ဈေးကြီးရှိတဲ့ ဘက်ကို ဦးတည်ပြီးသွားနေပါတယ်။ အချိန်အားဖြင့်တော့ ဧပြီနွေရဲ့အပူချိန်မလာသေးခင် ဆောင်းအကြွင်းအကျန်အအေးဓါတ်လေးရှိသေးတဲ့ ရောင်နီလာစ၊ လမ်းတွေကို မြင်ရယုံအချိန် နေရာကတော့ စစ်ကိုင်းမြို့ရဲ့ မြို့မဈေးအနီးမှာပါ။ လမ်းပေါ်မှာ တဒုတ်ဒုတ် မြည်ပြီးလိမ့်နေတဲ့ သူ့အမှိုက်ပုံး ဘီးလုံသံ စည်းချက်ကို အဖော်ပြုပြီး ရှိသမျှအင်အားတွေစုစည်းထားတဲ့ ခြေလှမ်းတွေနဲ့ အမှိုက်တွေအများဆုံးရှိတဲ့ စစ်ကိုင်းမြို့က မြို့မဈေးလမ်းမပေါ်က အမှိုက်တွေကို ကောက်ပြီး ဈေးထောင့်မှာ အသင့်ရှိတဲ့ အမှိုက်ကားပေါ်ကို တင်ပေးဖို့ သူသွားနေတာပါ။ သူကောက်စရာတွေကောက်ထည့် တင်ပေးပြီးရင်…

Read More

ကျောက်တော်မှာ လက်နက်ကြီးကျည်မှန်ပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

ကျောက်တော်မှာ လက်နက်ကြီးကျည်မှန်ပြီး အရပ်သား ၄ ဦး ဒဏ်ရာရ ကျောက်တော်၊ မတ် ၁၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ကျောက်တော်မြို့နယ်မှာ ဒီနေ့မနက်စောစော ၃ နာရီကျော်လောက်က တပ်မတော်ရေယာဉ်နဲ့ အေအေတို့ ပစ်ခတ်မှုဖြစ်တာကြောင့် အုတ်ကြွတ်ရွာအနီးမှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ ဒဏ်ရာရရှိသွားတဲ့ ၄ ယောက်ဟာ ကျောက်တော်မြို့နယ် အုတ်ကြွတ်ရွာက (၂) ယောက်နဲ့ ရောင်စုံရွာက (၂) ယောက် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကျည်ဆံထိမှန်တဲ့သူတွေထဲက ကျောက်တော်မြို့နယ် အုတ်ကြွတ်ကျေးရွာမှာ အသက် ၆၀ ကျောက်အရွယ် လူကြီးတစ်ဦးဟာလည်း ဒဏ်ရာပြင်းထန်ပြီး စစ်တွေဆေးရုံကို ရောက်ရှိနေပါတယ်။ ” မနေက်အစောပိုင်း ၃ နာရီခွဲလောက်မှာ ကုလားတန်မြစ်ထဲက နေဗီကနေ ပစ်ပါတယ်။ နေဗီကပစ်တော့ ကျွန်မအစ်ကိုက ကြောက်လို့ ဗုံးခိုကျင်းထဲပုန်းဖို့…

Read More

ဧပြီလကုန်အထိပိတ်ထားဖို့ ညွှန်ကြားချက်ကိုမလိုက်နာတဲ့ ကိုယ်ပိုင်ကျောင်းတွေကို စိစစ်အရေးယူမယ်

ဧပြီလကုန်အထိပိတ်ထားဖို့ ညွှန်ကြားချက်ကိုမလိုက်နာတဲ့ ကိုယ်ပိုင်ကျောင်းတွေကို စိစစ်အရေးယူမယ် ရန်ကုန် ၊ မတ် ၁၆-၂၀၂၀ သိင်္ဂီ (VOM) ဧပြီလကုန်အထိ ပိတ်ထားဖို့ အရးပေါ်သတိပေးညွှန်ကြားချက်ကို မလိုက်နာတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ ၊ သင်တန်းတွေကို စိစစ်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းကာ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ မတ်လ ၁၉ ရက်နေ့ ဖွင့်လှစ်မယ့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုရှိပြီး ဖွင့်လှစ်နေဆဲ သင်တန်းကျောင်းတွေလည်းရှိတဲ့အတွက် အဲ့ဒီကျောင်းတွေကို ဆက်လက်မဖွင့်ဖို့ လာမယ့် မတ်လ၁၈ ရက်နေ့မှာ စာနဲ့ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။ “အခြေခံပညာကျောင်းတွေကတော့ အစိုးရကျောင်းပိတ်ပြီးသား ။ ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းတွေ ကျူရှင်တွေပေါ့။ အခြေခံပညာက ညွှန်ချုပ်ဆီ ဖုန်းဆက်စုံစမ်းတော့ ဧပြီလကုန်အထိ ပိတ်ရမယ် ဖွင့်ခွင့်မရှိဘူးသိရတယ်။ ဒါကြောင့်ဆရာတို့က ကြေငြာချက်ထုတ်တာ။ ဒီနေ့ကစပိတ်ဖို့ပေါ့။ မလိုက်နာရင် လိုအပ်တဲ့အရေးယူမှုတွေလုပ်ပါမယ်။ ဒါဟာ စားသုံးသူအခွင့်အရေးနနဲ့လည်း ဆိုင်ပါတယ်။…

Read More

မန္တလေးခရိုင်အတွင်းက ရုပ်ရှင်ရုံတွေကို ယာယီရပ်နား

မန္တလေးခရိုင်အတွင်းက ရုပ်ရှင်ရုံတွေကို ယာယီရပ်နား မန္တလေး၊ မတ် ၁၆-၂၀၂၀ ဖြူဖြူ (VOM) COVID 19 ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် ရုပ်ရှင်ရုံတွေကို ဒီနေ့ မတ်လ ၁၆ ရက်ကစပြီး ယာယီရပ်နားထားဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ပြည်တွင်းရုပ်ရှင်ရုံတွေကို ညွှန်ကြားလိုက်ပြီလို့ သိရပါတယ်။ “အသေးစိတ်ကတော့ မသိသေးဘူး။ သက်ဆိုင်ရာက ကျနော်တို့ကို ဒီနေ့ ၁၂ နာရီကစပြီးတော့ ရုပ်ရှင်ပြသမှုရပ်စဲပါဆိုလို့ ရပ်စဲလိုက်တာပဲဗျ။လက်ရှိမှာတာ့ ကြိုတင်လက်မှတ်ဖြတ်ထားသူတွေကို ငွေပြန်အမ်းတာတွေလုပ်ဆောင်နေပြီ” လို့ ဝင်းလိုက်ရုပ်ရှင်ရုံမန်နေဂျာ ဦးဝင်းကပြောပါတယ်။ မန္တလေးခရိုင်အတွင်းမှာ ရုပ်ရှင်ရုံ ၁၀ ခုကျော်ရှိတယ်လို့ သိရပြီး ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ့်အချိန်ကိုတော့ အချိန်ကာလသတ်မှတ်တာမျိုး ညွှန်ကြားမှုမရောက်ရှိသေးဘူးလို့လည်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကနေ COVID 19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်ကကြေညာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးကလည်း သင်္ကြန်အပါအဝင် လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို…

Read More
VOM News

FREE
VIEW