ကိုဗစ်19ကို ကာကွယ်ဖို့ ရေကြောင်းပညာတက္ကသိုလ်စာမေးပွဲကို မေလမှာ ပြောင်းရွေ့

#voiceofmyanmar #VOM #ေရေၾကာင္းတကၠသိုလ္စာေမးပြဲရက္ေရြ႕

ကိုဗစ်19ကို ကာကွယ်ဖို့ ရေကြောင်းပညာတက္ကသိုလ်စာမေးပွဲကို မေလမှာ ပြောင်းရွေ့

ရန်ကုန်-မတ်-၁၇-၂၀၂၀
စွဲ့ဝတီ(VOM)

ကိုဗစ်ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရဲ့ စာမေးပွဲများကို မေလအတွင်းသို့ ပြောင်းရွေ့ကျင်းပသွားမယ် လို့ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်က သိရပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရဲ့
စာမေးပွဲဖြေဆိုရက်ပြောင်းရွှေ့ခြင်းကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ရည်ရွယ်ချက်ကတော့ COVID-19 ကူးစက်ရောဂါကြောင့်ပါပဲ။ ဒီလိုဆုံးဖြတ်ချက် မပြုခင်မှာ အရင်ကတုန်းကတည်းက စာမေးပွဲကို မတ် ၂၅ရက်မှာလုပ်မယ်ဆိုရင်တောင်ကျောင်းအဝင်မှာ ကျောင်းသားကျောင်းသူတွေကို အပူချိန်တိုင်းဖို့၊ စာသင်ခန်းတိုင်းမှာ လက်ဆေးဆပ်ပြာတွေကို အသင့်ပြင်ထားဖို့၊ စာမေးပွဲဖြေတဲ့ ထိုင်ခုံတွေကို သုံးပေခွာထားဖို့ ညှိုနှိုင်းပြီးသားဖြစ်ပါတယ်။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့ တကယ်လို့ ကျောင်းသားကျောင်းသူ ဒီဗိုင်းရပ်ကို positive ဖြစ်နေပြီးတော့ သူကစာမေးပွဲလာဖြေရင် ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူးလို့ ယူဆမိတယ်။ ကျွန်တော်တို့ ကာကွယ်ပါတယ်ဆိုတဲ့ လက်ဆေးဆပ်ပြာတွေကို Positive ဖြစ်နေပါတယ်ဆိုတဲ့ အခြေအနေကိုတော့ဘယ်လိုမှ မကာကွယ်နိုင်ဘူးလို့ ယူဆတဲ့ အတွက် အခုလို ဆုံးဖြတ်ချက်ဖြစ်လာတာဖြစ်ပါတယ်။ ”လို့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုထက်အာကာကျော် ကပြောပါတယ်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အနေနဲ့ CoVID-19 ကူးစက်ရောဂါက ကြိုတင်ကာကွယ်ဖို့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရဲ့ ပထမနှစ်ဝက် စာမေးပွဲတွေကို မတ် ၂၅ရက်ကနေ ဧပြီ ၈ရက်နေ့အထိ ကျင်းပမည့်အစား မေ ၇ရက်နေ့ကနေ မေ ၂၀ရက်နေ့အထိ ပြောင်းလဲကျင်းပမှာဖြစ်ပြီးတော့ ပြောင်းလဲမှုရှိပါက စာမေးပွဲကျင်းပမည့်ရက်အား အချိန်နဲ့တပြေးညီ ထပ်မံ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ဟာ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တယ်လို့ မတ် ၁၁ရက်နေ့က ၊ WHO က သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပြီးတော့ COVID-19 ကူးစက်ပြန့်ပွားမှုဟာ လူစုလူဝေးများက တဆင့် လျင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် လူစုလူဝေးများနဲ့ ကျင်းပရတဲ့အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ရပ်ဆိုင်းထားပြီးတော့ မပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ရက်က ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲရက်ပြောင်းရွှေ့ခြင်းအစည်းအဝေးကို ဒီကနေ့
မွန်းလွဲ ၁နာရီ အချိန်မှာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ ပြုလုပ်ခဲ့ပြီးတော့ အခုလို ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
#voiceofmyanmar #VOM #ရေကြောင်းတက္ကသိုလ်စာမေးပွဲရက်ရွေ့

Zawgyi

ကိုဗစ္19ကို ကာကြယ္ဖို႔ ေရေၾကာင္းပညာတကၠသိုလ္စာေမးပြဲကို ေမလမွာ ေျပာင္းေ႐ြ႕

ရန္ကုန္-မတ္-၁၇-၂၀၂၀
စြဲ႕ဝတီ(VOM)

ကိုဗစ္ေရာဂါကို ႀကိဳတင္ကာကြယ္ဖို႔အတြက္ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ရဲ႕ စာေမးပြဲမ်ားကို ေမလအတြင္းသို႔ ေျပာင္းေ႐ြ႕က်င္းပသြားမယ္ လို႔ ျမန္မာႏိုင္ငံေရေၾကာင္း ပညာတကၠသိုလ္က သိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ရဲ႕
စာေမးပြဲေျဖဆိုရက္ေျပာင္းေ႐ႊ႕ျခင္းကိစၥနဲ႔ ပတ္သက္တဲ့ ေၾကညာခ်က္ကို ဒီကေန႔ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

“ရည္႐ြယ္ခ်က္ကေတာ့ COVID-19 ကူးစက္ေရာဂါေၾကာင့္ပါပဲ။ ဒီလိုဆုံးျဖတ္ခ်က္ မျပဳခင္မွာ အရင္ကတုန္းကတည္းက စာေမးပြဲကို မတ္ ၂၅ရက္မွာလုပ္မယ္ဆိုရင္ေတာင္ေက်ာင္းအဝင္မွာ ေက်ာင္းသားေက်ာင္းသူေတြကို အပူခ်ိန္တိုင္းဖို႔၊ စာသင္ခန္းတိုင္းမွာ လက္ေဆးဆပ္ျပာေတြကို အသင့္ျပင္ထားဖို႔၊ စာေမးပြဲေျဖတဲ့ ထိုင္ခုံေတြကို သုံးေပခြာထားဖို႔ ညႇိဳႏႈိင္းၿပီးသားျဖစ္ပါတယ္။ တစ္ဖက္က ျပန္စဥ္းစားၾကည့္ေတာ့ တကယ္လို႔ ေက်ာင္းသားေက်ာင္းသူ ဒီဗိုင္းရပ္ကို positive ျဖစ္ေနၿပီးေတာ့ သူကစာေမးပြဲလာေျဖရင္ ဘယ္လိုမွ ကာကြယ္လို႔ မရေတာ့ဘူးလို႔ ယူဆမိတယ္။ ကြၽန္ေတာ္တို႔ ကာကြယ္ပါတယ္ဆိုတဲ့ လက္ေဆးဆပ္ျပာေတြကို Positive ျဖစ္ေနပါတယ္ဆိုတဲ့ အေျခအေနကိုေတာ့ဘယ္လိုမွ မကာကြယ္ႏိုင္ဘူးလို႔ ယူဆတဲ့ အတြက္ အခုလို ဆုံးျဖတ္ခ်က္ျဖစ္လာတာျဖစ္ပါတယ္။ ”လို႔ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုထက္အာကာေက်ာ္ ကေျပာပါတယ္။

ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ အေနနဲ႔ CoVID-19 ကူးစက္ေရာဂါက ႀကိဳတင္ကာကြယ္ဖို႔ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ရဲ႕ ပထမႏွစ္ဝက္ စာေမးပြဲေတြကို မတ္ ၂၅ရက္ကေန ဧၿပီ ၈ရက္ေန႔အထိ က်င္းပမည့္အစား ေမ ၇ရက္ေန႔ကေန ေမ ၂၀ရက္ေန႔အထိ ေျပာင္းလဲက်င္းပမွာျဖစ္ၿပီးေတာ့ ေျပာင္းလဲမႈရွိပါက စာေမးပြဲက်င္းပမည့္ရက္အား အခ်ိန္နဲ႔တေျပးညီ ထပ္မံ ေၾကညာသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

COVID-19 ဟာ ကမာၻအႏွံ႔ ကူးစက္ျပန႔္ပြားႏိုင္တဲ့ ကမာၻ႔ကပ္ေရာဂါျဖစ္တယ္လို႔ မတ္ ၁၁ရက္ေန႔က ၊ WHO က သတ္မွတ္ေၾကညာခဲ့ၿပီးျဖစ္ၿပီးေတာ့ COVID-19 ကူးစက္ျပန႔္ပြားမႈဟာ လူစုလူေဝးမ်ားက တဆင့္ လ်င္ျမန္စြာ ကူးစက္ႏိုင္တဲ့အတြက္ လူစုလူေဝးမ်ားနဲ႔ က်င္းပရတဲ့အစည္းအေဝးမ်ား၊ အခမ္းအနားမ်ား၊ ပြဲလမ္းသဘင္မ်ားကို မတ္လ ၁၃ ရက္ကေန ဧၿပီလ ၃၀ ရက္အထိ ရပ္ဆိုင္းထားၿပီးေတာ့ မျပဳလုပ္ၾကရန္ ႏိုင္ငံေတာ္သမၼတ႐ုံးက မတ္ ၁၃ရက္က ၫႊန္ၾကားထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

စာေမးပြဲရက္ေျပာင္းေ႐ႊ႕ျခင္းအစည္းအေဝးကို ဒီကေန႔
မြန္းလြဲ ၁နာရီ အခ်ိန္မွာ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္႐ုံး အစည္းအေဝးခန္းမ ျပဳလုပ္ခဲ့ၿပီးေတာ့ အခုလို ဆုံးျဖတ္ခ်က္ကို ထုတ္ျပန္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ဓာတ္ပုံ – ​ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္
#voiceofmyanmar #VOM #ေရေၾကာင္းတကၠသိုလ္စာေမးပြဲရက္ေရြ႕

Related posts

Leave a Comment

VOM News

FREE
VIEW