ကိုဗစ်19ကို ကာကွယ်ဖို့ ရေကြောင်းပညာတက္ကသိုလ်စာမေးပွဲကို မေလမှာ ပြောင်းရွေ့

#voiceofmyanmar #VOM #ရေကြောင်းတက္ကသိုလ်စာမေးပွဲရက်ရွေ့

ကိုဗစ်19ကို ကာကွယ်ဖို့ ရေကြောင်းပညာတက္ကသိုလ်စာမေးပွဲကို မေလမှာ ပြောင်းရွေ့ ရန်ကုန်-မတ်-၁၇-၂၀၂၀ စွဲ့ဝတီ(VOM) ကိုဗစ်ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရဲ့ စာမေးပွဲများကို မေလအတွင်းသို့ ပြောင်းရွေ့ကျင်းပသွားမယ် လို့ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်က သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရဲ့ စာမေးပွဲဖြေဆိုရက်ပြောင်းရွှေ့ခြင်းကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ “ရည်ရွယ်ချက်ကတော့ COVID-19 ကူးစက်ရောဂါကြောင့်ပါပဲ။ ဒီလိုဆုံးဖြတ်ချက် မပြုခင်မှာ အရင်ကတုန်းကတည်းက စာမေးပွဲကို မတ် ၂၅ရက်မှာလုပ်မယ်ဆိုရင်တောင်ကျောင်းအဝင်မှာ ကျောင်းသားကျောင်းသူတွေကို အပူချိန်တိုင်းဖို့၊ စာသင်ခန်းတိုင်းမှာ လက်ဆေးဆပ်ပြာတွေကို အသင့်ပြင်ထားဖို့၊ စာမေးပွဲဖြေတဲ့ ထိုင်ခုံတွေကို သုံးပေခွာထားဖို့ ညှိုနှိုင်းပြီးသားဖြစ်ပါတယ်။ တစ်ဖက်က ပြန်စဉ်းစားကြည့်တော့ တကယ်လို့ ကျောင်းသားကျောင်းသူ ဒီဗိုင်းရပ်ကို positive ဖြစ်နေပြီးတော့ သူကစာမေးပွဲလာဖြေရင် ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူးလို့ ယူဆမိတယ်။ ကျွန်တော်တို့ ကာကွယ်ပါတယ်ဆိုတဲ့ လက်ဆေးဆပ်ပြာတွေကို Positive ဖြစ်နေပါတယ်ဆိုတဲ့ အခြေအနေကိုတော့ဘယ်လိုမှ…

Read More

ရွှေပြည်သာမှာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုနဲ့ ဈေးဝယ်သူဖမ်းခံရ

#voiceofmyanmar #VOM #တစ်သောင်းတန်ငွေစက္ကူအတု #ရွှေပြည်သာ

ရွှေပြည်သာမှာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုနဲ့ ဈေးဝယ်သူဖမ်းခံရ ရွေပြည်သာ မတ်- ၁၇-၂၀၂၀ ဝေဇင်ကြည်(VOM) ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်မှာ ဒီနေ့မတ်လ ၁၇ရက် မနက်ပိုင်းက၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်ခဲ့တဲ့အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ ရွေပြည်သာမြို့မရဲစခန်းကသိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ဒေါ်နှင်းယုဝေရဲ့ ဈေးဆိုင်မှာမနေ့ ညနေအချိန်၆နာရီဝန်းကျင်အချိန်က အမျိုးသမီးတစ်ဦး ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေနဲ့ဈေးဝယ်နေတယ်ဆိုတဲ့ သတင်းအရ ရွှေပြည်သာမြို့နယ်မြို့မရဲ့စခန်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အသက်(၃၂)နှစ်ရှိ ဒေါ်မိမိနွယ်ကို တွေ့ရှိရပြီး သူလွယ်ထားတဲ့လွယ်အိတ်အတွင်းက ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်၊ ဖုန်း ၁ လုံး၊ ၁၀၀၀ ကျပ်တန် MPT ငွေဖြည့်ကဒ် ၁၀ ခု၊ ငွေ ၁၂၄၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့ တယ်လို့ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ ‟တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ဈေးဝယ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုမိတာပါ ဗဟိုဘဏ်ဥပဒေပုဒ်မ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပါတယ်”လို့ရွေပြည်သာမြို့မစခန်းမှူး ဒုရဲမှူးတင်မောင်လွင်ကVOMကိုပြောပါတယ်။ ငွေတစ်သောင်းတန်အတုနဲ့ဈေးဝယ်သူ ဒေါ်မိမိနွယ်ကို (ပ)၁၂၅၁/၂၀၂၀…

Read More

မကွေးလေတပ်စခန်းက လက်နက်တခု ရွာထဲက ဂိုထောင်ပေါ်ကျ

#voiceofmyanmar #VOM #မကွေးလေတပ် #လက်နက်ဂိုထောင်ပေါ်ကျ

မကွေးလေတပ်စခန်းက လက်နက်တခု ရွာထဲက ဂိုထောင်ပေါ်ကျ မကွေး-မတ်-၁၇-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးလေတပ်စခန်းမှာ လက်နက်တပ်ဆင်ရာက ရှော့ဖြစ်ပြီး ဆားတိုင်ကန်ရွာထဲက ဂို ထောင်တလုံးပေါ် ကျရောက်ပေါက်ကွဲမှု ဒီကနေ့ မတ်လ ၁၇ ရက် မနက်၇နာရီကျော်ကဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ပွန်းပဲ့ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေပြောစကားအရ သိရပါတယ်။ “ ဝုန်းဆိုကြားလိုက်ရတယ် တခါမှမကြားဘူးတော့လန့်တာပေါ့ ချက်ခြင်းပဲ စစ်ဗိုလ်အကြီးတွေရော အငယ်တွေရောရောက်ပြီး ကလေးမလေးကိုဆေးခန်းပြပေးပြီး အကုန်တာဝန်ယူလုပ်ကိုင်ပေးသွားတယ်။ ဂိုထောင်လဲမြင်တဲ့အတိုင်းနဲနဲပျက်စီးတယ်။ လက်နက်ကို လေယာဉ်မှာတပ်ဆင်ရင်း ရှော့ဖြစ်ပြီးထွက်သွားတာလို့ပြောတယ်”လို့ကျေးရွာနေသူတစ်ဦးကပြောပါတယ်။ ဆားတိုင်ကန်ကျေးရွာက ပေါက်ကွဲမှုဖြစ်တဲ့ အဲဒီ စက်ရုံဟာ ပဲခွဲစက်ဖြစ်ပြီး ဒီကနေ့အလုပ်ပိတ်ထားလို့အလုပ်သမားတွေမရှိဘူးလို့သိရပါတယ်။ “ဝုန်းဆိုတဲ့ ပေါက်ကွဲသံကြားရလို့ ဘာဖြစ်တာလဲလို့ လိုက်စုံစမ်းကြည့်တော့ လေတပ်ကနေပြီးတော့ လက်နက်ချော်ထွက်တယ်ဆိုပြီးတော့သိရတယ်။ လေတပ်ကနေပြီးတော့အကုန်လုံးတာဝန်ခံပြီး ပျက်ဆီးတဲ့ပစ္စည်းမှန်သမျှပြင်ပေးမယ်ပြောတယ်။ ထိခိုက်တဲ့အမျိုးသမီးကိုလည်း ဆေးရုံဆေးခန်းကအစ တစ်ခါထဲ လိုက်ပို့ပြီးတော့နစ်နာကြေးကအစ တစ်ခါတည်း ပေးသွားပါတယ်။ပစ္စည်းနစ်နာမှုတော့ရှိပါတယ်ပျက်သွားတဲ့ပစ္စည်းတွေတော့ လေတပ်ကအရာရှိကပြင်ပေးမယ်လို့ပြောပါတယ်လေတပ် ကလာသွားတာ ၂၀ဦးလောက် ရှိပါတယ်”လို့ ဂိုထောင်ပိုင်ရှင်…

Read More

ကျောက်တော်မှာ တင်းမကြီးရွာသား ၁၀ ဦးခန့်ကို တပ်မတော်ကဖမ်းဆီးထား

ကျောက်တော်မှာ တင်းမကြီးရွာသား ၁၀ ဦးခန့်ကို တပ်မတော်ကဖမ်းဆီးထား ကျောက်တော် မတ် ၁၇- ၂၀၂၀ ခိုင်လင်းစံ (VOM) မနေ့ မတ်လ ၁၆ ရက်နေ့နဲ့ ဒီကနေ့မှာ ကျောက်တော်မြို့နယ်က တင်းမကြီးရွာသား ၁၀ ယောက်လောက်ကို တပ်မတော်စစ်ကြောင်းစခန်းက ရွာထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးခါ်ဆောင်ထားကြောင်း ကျေးရွာသားတွေကပြောပါတယ်။ မနေ့က ညနေ ၆ နာရီလောက်မှာ တင်းမကြီးကျေးရွာအနီး တောင်ရှည်တောင်ပေါ်မှာစခန်းချနေထိုင်နေတဲ့ တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၃၀ လောက် ဖမ်းဆီးခေါ်ဆောင်သွားကာ တချို့ကိုပြန်လွှတ်ပေးပြီး ကျန်တဲ့လူ ၁၀ ယောက်လောက်ကို ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ တပ်မတော်က ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးယဉ်မောင်ဆိုသူလည်းပါဝင်ကြောင်း ဦးယဉ်မောင်ရဲ့ညီဖြစ်သူက အခုလိုပြောပါတယ်။ ” မနေ့က တပ်မတော်ကဖမ်းသွား တာမှာ ကျနော်တို့ရွာက ၁၀ ယောက်လောက်ပါသွားတယ်။ ကျနော့် အစ်ကိုသည် ဦးယာဉ်မောင်လည်း ပါသွားပါတယ်။…

Read More

ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက်

#voiceofmyanmar #VOM #ကိုယ်ပိုင်ကျောင်း #စာသုံးသူကာကွယ်ရေးအသင်း

ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက် ရန်ကုန်-မတ်-၁၇-၂၀၂၀ စွဲ့ဝတီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတော့ ကိုယ်ပိုင်ကျောင်းများကို တရားစွဲမယ်လို့ ကြေညာခဲ့တာကို ကန့်ကွက်တယ်လို့ ကိုယ်ပိုင်းကျောင်းနဲ့ သက်ဆိုင်တဲ့ အသင်းတွေကဆိုကြပါတယ်။ “သူတို့အနေနဲ့ စားသုံးတွေဘက်ကနေ ရပ်တည်ပေးရမှာလေ။ ပြီးခဲ့တဲ့ လေးရက်လောက်ကဆိုရင် Super market တွေမှာ အလုအယက်ဝယ်ကြတာ ကုန်ရော၊ အဲလိုမဖြစ်အောင် ကာကွယ်ပေးရမှာလေ။ အဲလိုမျိုးကို မကာကွယ်ဘဲနဲ့ ဒီဘက်ကျောင်းကို လာပြီးတော့ သူတို့က တရားစွဲမယ်လို့ ။ အရေးယူမယ်လို့ ထုတ်တာပေါ့။ အဲဒါကြောင့် စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ကုန်ဈေးနှုန်း ဈေးမတက်ဖို့ ကိစ္စကို အာရုံစိုက်ပါ။ ဒီဘက်က ကျောင်းကိစ္စကိုတော့ ဒီဘက်က အသင်းတွေကို တာဝန်ထားလို့ ပြန်ပြီးထုတ်ပြန်လိုက်တာပါ”လို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) ဥက္ကဌ ဦးနေအုပ် (စိန်ပေါလ်)ကပြောပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နဲ့ တိုင်းဒေသကြီး…

Read More

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထက်ဝက်နီးပါးလောက်ထိုးကျ၊ ရန်ကုန်တစ်ခုသာ ဈေးလျှော့ချရောင်းချမှုတွေ့ရ

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထက်ဝက်နီးပါးလောက်ထိုးကျ၊ ရန်ကုန်တစ်ခုသာ ဈေးလျှော့ချရောင်းချမှုတွေ့ရ ရန်ကုန် မတ် ၁၇-၂၀၂၀ သိဂီ ၤ(VOM) ပြည်တွင်းစက်သုံးဆီဈေးနှုန်း အရင်ကထက် ထက်ဝက်နီးပါးလောက်ထိုးကျသွားခဲ့ပြီး ဒီအခြေအနေဟာ စက်သုံးဆီဈေးကွက်မှာကြည့်မယ်ဆိုရင် စံချိန်တင် ဈေးနှုန်းကျဆင်းတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။ ဒီလို စက်သုံးဆီဈေး ထက်ဝက်ကျော်ထိုးကျသွားခဲ့ပေမယ့် စက်သုံးဆီအရောင်းဆိုင်တွေကတော့ ရန်ကုန်တစ်ခုတည်းမှာသာ စက်ဆုံးဆီဈေးလျှော့ချရောင်းချကြတာကို တွေ့ရပါတယ်။ ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ Octane 92 တစ်လီတာ ၄၉၀ ကျပ် ကနေ ၅၄၀ ၊ Octane 95 တစ်လီတာကို ၆၁၀ ကနေ ၆၆၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၅၇၀ ကျပ်ကနေ ၆၂ ကျပ် ၊ ဒီဇယ် တစ်လီတာကို ၅၆၀ ကျပ်ကနေ ၆၁၀ ထိ ရောင်းချနေတာ ဖြစ်ပါတယ်။ “ကျနော်တို့ ဆိုင်တွေကတော့ဈေးမှန်ပါပဲ။ ကျရင်…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းသင်္ကြန်ကျင်းပမယ့်နေ့ရက် အကန့်အသတ်မရှိရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းသင်္ကြန်ကျင်းပမယ့်နေ့ရက် အကန့်အသတ်မရှိရွှေ့ဆိုင်း ဘန်ကောက်၊ မတ်-၁၇-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၄၇ ဦးအထိ တိုးမြင့်လာနေချိန်မှာပဲ ဆောင်ခရန်လို့ခေါ်တဲ့ ထိုင်းနှစ်သစ်ကူးကာလနဲ့ သင်္ကြန်ပွဲတော်ကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။ ဒီနှစ်မှာတော့ နှစ်သစ်ကူးအားလပ်ရက်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ မဟုတ်တော့ကြောင်းနဲ့ အားလပ်ရက်အဖြစ် ပြောင်းလဲသတ်မှတ်မယ့်အချိန်ကို နောက်ပိုင်းမှာ ကြေညာပေးမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က တနင်္လာနေ့မှာပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့အတွက် အထူးသဖြင့် တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမလိုမျိုး လူစုလူဝေးဖြစ်ပေါ်စေတဲ့ နေရာတွေကို ယာယီပိတ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ တနင်္ဂနွေနေ့မှာ ၁၁၄ ဦးရှိရာကနေ နောက်ထပ် ၃၃ ဦးမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ၁၄၇ ဦးအထိ…

Read More

ကန်တော်နဒီဆေးရုံမှာ COVID 19စောင့်ကြည့်ခံထားရသူတစ်ဦး သေဆုံး

ကန်တော်နဒီဆေးရုံမှာ COVID 19စောင့်ကြည့်ခံထားရသူတစ်ဦး သေဆုံး မန္တလေး မတ် ၁၇-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ COVID -19 ရောဂါနဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံထားရတဲ့ အမျိုးသမီးတစ်ဦး ဒီကနေ့မနက်က သေဆုံးသွားတယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ ဒု-ဆေးရုံအုပ်ကြီးက အတည်ပြုပြောပါတယ်။ သေဆုံးမှုဖြစ်ပေါ်တာမှန်ကန်ပြီး COVID 19 ရှိမရှိဆိုတာ ဓာတ်ခွဲအတည်ပြုဖို့ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနကို ဒီနေ့ နေ့လည် ၁၂ နာရီခန့်က ပေးပို့ထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။ “လူနာက အဆုပ်ရောဂါနဲ့။ စရောက်လာကတည်းက အောက်စီဂျင်တန်းပေးထားရတာ။ အခြေအနေ ဆိုးတယ်။ မနေ့ညနေက ရောက်တာ။”လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံ ဒုဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်ကပြောပါတယ်။ သေဆုံးသူအမျိူးသမီးဟာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး တံတားဦးမြို့နယ်က ရောက်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရုပ်အလောင်းကို ကန်တော်နဒီမှာပဲထားရှိပြီး မတ်လ ၁၈…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သမ္မတအမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သမ္မတအမိန့်ထုတ် ပါရီ၊ မတ်-၁၇-၂၀၂၀ မျိုးဆက် (VOM) ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝန်းမှာ ကန့်သတ်ထိန်းချုပ်မှုအသစ်တွေကို သမ္မတအီမန်နျူရယ်မာခရိုက ကြေညာလိုက်ပါတယ်။ ပြည်သူတွေအနေနဲ့ မတ်လ၁၇ ရက် နေ့လယ်ပိုင်းမှစပြီး ၁၅ ရက်ထက်မနည်း မိမိတို့နေအိမ်မှာသာ နေကြဖို့ တနင်္လာနေ့ညပိုင်းက ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ သမ္မတကကြေညာလိုက်တာ ဖြစ်ပါတယ်။ အခြေခံလိုအပ်ချက်ပစ္စည်းတွေဝယ်ယူဖို့၊ ဆေးကုဖို့နဲ့ တယ်လီဖုန်းကွန်ရက် ဆက်သွယ်မှုမရနိုင်တဲ့ဒေသက လူတွေကိုတော့ ခြွင်းချက်ပေးသွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းချိုးဖောက်သူတွေကို အပြစ်ပေးသွားမယ်လို့ သိရပါတယ်။ တိုင်းပြည်ဟာ စစ်ပွဲတစ်ပွဲအတွင်းကျရောက်နေသလိုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးလာရေးအတွက် ပြည်သူတွေအနေနဲ့ အနစ်နာခံကြဖို့ သမ္မတက တိုက်တွန်းထားပါတယ်။ ဥရောပသမဂ္ဂရဲ့ လွတ်လပ်စွာသွားလာခွင့်ဇုန်ကိုလည်း အင်္ဂါနေ့ နေ့လယ်ကစပြီး ရက် ၃၀ ပိတ်ပင်သွားမှာဖြစ်သလို တနင်္ဂနွေနေ့မှာ ကျင်းပဖု့ိစီစဉ်ထားတဲ့ ပြင်သစ်နိုင်ငံရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဒုတိယအဆင့်ကိုလည်း ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။ Ref :…

Read More

ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါငွေတွေကို ပြန်အမ်းမယ်

ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါငွေတွေကို ပြန်အမ်းမယ် မကွေး၊ မတ် ၁၇-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊မင်းဘူးမြို့၊ ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါပေးသွင်းငွေ၆၀%ကို ဒီကနေ့ကစတင်ပြီး ပြန်အမ်းသွားမယ်လို့ ရွှေစက်တော်ဂေါပကအတွင်းရေးမှူးဦးခင်မောင်စိုးကပြောပါတယ်။ အခုလိုဆုံးဖြတ်ချက်ကို ဒီကနေ့မတ်လ၁၆ရက် သြဝါဒစရိယဆရာတော်များ၊ တိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးများနဲ့ မကွေးတိုင်းသာသနာရေးဦးစီးရုံးခန်းမမှာပြုလုပ်တဲ့အစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “လုပ်ငန်းရှင်များဘက်က ၇၅ရာခိုင်နှုန်းတောင်းဆိုထားတာ၊ ၆၀ရာခိုင်နှုန်းပေးတော့ သင့်ပါတယ်။ ဘုရားပွဲက ၄၄ရက်ကျင်းပပြီးပြီ ၃၆ရက်ကျန်သေးတယ်၊ ဒါပေမယ့် အဲဒီ၃၆ရက်ကမှ လူပိုစည်မဲ့အချိန်ဗျ”လို့ ကုန်ခြောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုလှတင်ကပြောပါတယ်။ အခုနှစ်မှာ ဘုရားဖူးလာရောက်သူတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် တည်းကျောင်းနဲ့ ဈေးဆိုင်ခန်းတွေကို ကြမ်းခင်းဈေးနဲ့ပဲ ချထားပေးတာဖြစ်တယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့ဝင်တွေက ပြောဆိုထားတာလည်း ရှိပါတယ်။ ”၆၀ရာခိုင်နှုန်းဆိုတော့ ၅၉၈၄သိန်းကျော်ပြန်ပေးရမှာပေါ့၊ မတ်၂၀ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတော့၊ ပြီးတဲ့သူက စပြီးပေးမယ် ပြေစာ၊ အခွန်စာရွက်စာတမ်းအပြည့်အစုံ ပြန်တင်ပြရမှာဖြစ်ပြီး စနစ်တကျပြန်ပေးသွားမှာဖြစ်တယ်”လို့ ရွှေစက်တော်ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်ကို…

Read More
VOM News

FREE
VIEW