ကျောက်တော်မှာ တင်းမကြီးရွာသား ၁၀ ဦးခန့်ကို တပ်မတော်ကဖမ်းဆီးထား

ကျောက်တော် မတ် ၁၇- ၂၀၂၀
ခိုင်လင်းစံ (VOM)

မနေ့ မတ်လ ၁၆ ရက်နေ့နဲ့ ဒီကနေ့မှာ ကျောက်တော်မြို့နယ်က တင်းမကြီးရွာသား ၁၀ ယောက်လောက်ကို တပ်မတော်စစ်ကြောင်းစခန်းက ရွာထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးခါ်ဆောင်ထားကြောင်း ကျေးရွာသားတွေကပြောပါတယ်။

မနေ့က ညနေ ၆ နာရီလောက်မှာ တင်းမကြီးကျေးရွာအနီး တောင်ရှည်တောင်ပေါ်မှာစခန်းချနေထိုင်နေတဲ့ တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၃၀ လောက် ဖမ်းဆီးခေါ်ဆောင်သွားကာ တချို့ကိုပြန်လွှတ်ပေးပြီး ကျန်တဲ့လူ ၁၀ ယောက်လောက်ကို ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

တပ်မတော်က ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးယဉ်မောင်ဆိုသူလည်းပါဝင်ကြောင်း ဦးယဉ်မောင်ရဲ့ညီဖြစ်သူက အခုလိုပြောပါတယ်။

” မနေ့က တပ်မတော်ကဖမ်းသွား တာမှာ ကျနော်တို့ရွာက ၁၀ ယောက်လောက်ပါသွားတယ်။ ကျနော့် အစ်ကိုသည် ဦးယာဉ်မောင်လည်း ပါသွားပါတယ်။ မနေ့က ညနေ ၆ နာရီလောက်က ဖမ်းသွားတာလို့ သိရပါတယ်။ ကျနော့်ညီနဲ့ ရွာသားတွေကို လာဖမ်းတာ စစ်သားတွေကအများကြီးပါတယ်လို့ အမေကပြောတယ်။ သူတို့က တောင်ရှည်တောင်မှာ စခန်းချနေထိုင်တာ အများကြီးရှိပါတယ်။ ရာနဲ့ ချီပြီးရှိပါတယ် အဲမှာ။” လို့ ဦးယဉ်မောင်ရဲ့ညီက ပြောပါတယ်။

ဆက်လက်ပြီး သူပြောတာက” ကျနော်ကတော့စိုးရိမ်ပါတယ်။ ကျနော့် အစ်ကိုကို စစ်ဆေးမေမြန်းမယ်ဆိုလည်းမေးမြန်ပြီး အရှင်ပြန်လွှတ်စေချင်တယ်။ ကျနော်တို့ ကြားရသလောက်ဆိုရင် တပ်မတော်က ဖမ်းသွားပြီဆိုရင် သူတို့လွှတ်ချင်မှလွှတ်တယ်။ မလွှတ်ချင်မလွှတ်ဘူး။ ကျနော်တို့ အစ်ကိုက အိမ်မှာမိဘတွေနဲ့နေတာပါ။ အဖွားတစ်ယောက်အိုနေလို့ ပြေးမယ်ပြေးမယ်ဆိုပြီး မသွားဖြစ်ဘူးဖြစ်နေတာပါ။ ”လို့ ဆိုပါတယ်။

ဒါ့အပြင် တင်းမကြီးကျေးရွာသား ၁၀၀ ကျော်လောက် ကျေးရွာတွင်းပိတ်မိနေပြီး တပ်မတော်စစ်ကြောင်းက ကျေးရွာတွင်းသို့ မကြာခဏဆိုသလိုဝင်ရောက်ပြီး ကြက်တွေ အစားအသောက်တွေယူဆောင်နေသလို ဒီကနေ့မှာလည်း ကျေးရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

” ကျေးရွာမှာလူတွေပိတ်မိနေတာ ဟုတ်ပါတယ်။ နေခင်းပိုင်းဆိုရင် ထွက်ပြေးလို့မရဘူး။ ညနေ နေဝင်မှထွက်ပြေးရတယ်။ တောင်တွေနဲ့ တောင်ကုန်းတောင်တန်းတွေကိုကျော်ပြီး ခက်ခက်ခဲခဲပြေးရတယ်။ ရွာသားတွေဖမ်းဆီးတာက တော့အတိအကျပဲ။ မနေ့က လည်းဖမ်းတယ်။ ဒီနေ့လည်းဖမ်းတယ်။ ရွာသား ၃၀ ယောက်လောက်ဖမ်းသွားတယ်။ အဲအထဲက သက်ကြီးပိုင်း တွေကိုပြန်လွှတ်ပေးတာရှိပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်တာဝန်ရှိပုဂ္ဂိုလ်တွေကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က တင်းမကြီးကျေးရွာသားတွေဖမ်းဆီခံရပြီး ကျေးရွာတွင်း ပိတ်မိနေတာနဲ့ပတ်သက်လို့ သတင်းကြားမိတယ်လို့ ပြောပါတယ်။

တင်းမကြီးကျေးရွာဟာ အိမ်ခြေ ၈၀၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ လောက်ရှိကာ ရွာကိုစွန့်ခွာပြေးသူ တွေလည်းရှိရာ လက်ရှိရွားအတွင်း လူဦးရေ ၁၀၀ လောက်သာရှိပြီး ကျောက်တော်မြို့နယ်က တောတောင်တွေနဲ့နီးတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #တင်းမကြီးရွာသား၁၀ဦးတပ်မတော်ကဖမ်း

Zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW