ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက်

#voiceofmyanmar #VOM #ကိုယ္ပိုင္ေက်ာင္း #စာသံုးသူကာကြယ္ေရးအသင္း

ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက်

ရန်ကုန်-မတ်-၁၇-၂၀၂၀
စွဲ့ဝတီ

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတော့ ကိုယ်ပိုင်ကျောင်းများကို တရားစွဲမယ်လို့ ကြေညာခဲ့တာကို ကန့်ကွက်တယ်လို့ ကိုယ်ပိုင်းကျောင်းနဲ့ သက်ဆိုင်တဲ့ အသင်းတွေကဆိုကြပါတယ်။

“သူတို့အနေနဲ့ စားသုံးတွေဘက်ကနေ ရပ်တည်ပေးရမှာလေ။ ပြီးခဲ့တဲ့ လေးရက်လောက်ကဆိုရင် Super market တွေမှာ အလုအယက်ဝယ်ကြတာ ကုန်ရော၊ အဲလိုမဖြစ်အောင် ကာကွယ်ပေးရမှာလေ။ အဲလိုမျိုးကို မကာကွယ်ဘဲနဲ့ ဒီဘက်ကျောင်းကို လာပြီးတော့ သူတို့က တရားစွဲမယ်လို့ ။ အရေးယူမယ်လို့ ထုတ်တာပေါ့။ အဲဒါကြောင့် စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ကုန်ဈေးနှုန်း ဈေးမတက်ဖို့ ကိစ္စကို အာရုံစိုက်ပါ။ ဒီဘက်က ကျောင်းကိစ္စကိုတော့ ဒီဘက်က အသင်းတွေကို တာဝန်ထားလို့ ပြန်ပြီးထုတ်ပြန်လိုက်တာပါ”လို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) ဥက္ကဌ ဦးနေအုပ် (စိန်ပေါလ်)ကပြောပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နဲ့ တိုင်းဒေသကြီး အစိုးရမှ အချိန်နှင့်တပြေးညီ ညွှန်ကြားသော ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ဖို့ အသင့်ရှိပြီးတော့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတော့ ကိုယ်ပိုင်ကျောင်းများကို တရားစွဲမယ်လို့ ကြေညာခဲ့တာကို ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) အနေနဲ့ ကန့်ကွက်တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံစားသုံးသူများအသင်းကြီး အနေနဲ့ မိမိ၏ တာဝန်ဖြစ်သော စားကုန်သောက်ကုန် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေး၊ ကုန်ဈေးနှုန်းများ ဈေးမတက်ရေးကိုသာ အာရုံစိုက်ရမည် ဖြစ်တယ်လို့ အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုယ်ပိုင်ကျောင်းများ၊ သင်တန်းများ၊ ကျူရှင်များ အားလုံးကို ရပ်နားထားဖို့ ညွှန်ကြားထားပြီး ဖြစ်ပြီးတော့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုပင် မစောင့်ပဲ မိမိတို့ရဲ့ ကျောင်းသူကျောင်းသားများ ကူးစက်မှာကို စိုးရိမ်ပြီးတော့ ကြိုတင်စီစဉ်ခဲ့ခြင်းတာဖြစ်တယ်လို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) က ထုတ်ပြန်ထားပါတယ်။

ပညာရေးနှင့်တိုက်ရိုက်ပတ်သက်ခြင်း မရှိတဲ့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းအနေနဲ့ “ကိုယ်ပိုင်ကျောင်းများ၊ ကျူရှင်များနဲ့ သင်တန်းအားလုံးပိတ်သိမ်းဖို့ ပိတ်သိမ်း ခြင်းမရှိတဲ့ ကျောင်းများကို ပညာရေးဌာနနှင့်ပူးပေါင်းပြီးတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမယ်ဖြစ်တယ်လို့ သတိပေးကြေညာချက်ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ကြေညာချက်အပေါ်ကြေညာတဲ့ အဖွဲ့ အစည်းက အပြည့်အဝ တာဝန်ခံရမှာ ဖြစ်သလို အစိုးရအဖွဲ့ အဆင့်ဆင့် ပင်လျှင် သုံးစွဲခြင်းမရှိသော အာဏာရှင်သဏ္ဍန် အမိန့်ကြေညာချက်ဆန်တဲ့ ဒီထုတ်ပြန်ချက် ကို ပြင်းထန်စွာရှုတ်ချတယ်လို့ ကိုယ်ပိုင်ဆရာများအသင်း PTA (Yangon) က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်တလောဖြစ်ပေါ်လျက်ရှိသော (Coronavirus Covid 19) ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိကပညာရေးလောကအနေနဲ့ နိုင်ငံတော်က တာဝန်ရှိသူအဆင့်ဆင့်ရဲ့ ထုတ်ပြန် ကြေညာထားတဲ့ ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရန် အသင့် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ကိုယ်ပိုင်ဆရာများအသင်း PTA (Yangon) က သိရပါတယ်။

“ဆရာတို့ အသင်းက အစားအသောက်တွေ ကုန်ဈေးနှုန်းတက်တာနဲ့ ဆိုင်တယ်ပေါ့။ အခုလို ပညာရေးနဲ့ မဆိုင်ဘူး။ တကယ်တော့ စားသုံးသူအခွင့်အရေးမှာ အစားအသောက်တင်မကဘူး။ ဝန်ဆောင်မူတွေ အကုန်ပါတယ်။ ပညာရေးဝန်ဆောင်မူ၊ ကျန်းမာရေးဝန်ဆောင်မူ၊ ဆက်သွယ်ရေးဝန်ဆောင်မူတို့ အကုန်ပါပါတယ်။ ဒါကလည်း ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒီကြေညာချက်ထုတ်တာက ဘယ်သူကိုမှ ထိခိုက်လိုတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ဘူး။ ထုတ်ရတဲ့အကြောင်း ကျွန်တော်တို့ မြောက်ဒဂုံဘက်မှာ အဲလိုဖွင့်နေတဲ့ကျောင်းတွေကို မေတ္တာရပ်ခံတာကို ဆက်ဖွင့်နေတဲ့အတွက် အခုလိုကြေညာချက်ထုတ်ရတာပါ။ ပြီးတော့ ကျွန်တော်တို့က တိုက်ရိုက်အရေးယူမယ်လို့ လည်းကြေညာထားတာ မဟုတ်ဘူး။ အခြေခံပညာဦးစီးဌာနနဲ့ ပေါင်းစပ်ညှိုနှိုင်းပြီးတော့ မပိတ်မှာသာ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားတာပါ။ ”လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းများ၊ ကျုရှင်များနဲ့ သင်တန်းတန်းအားလုံး ဧပြီ ၃၀ရက်အထိ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမရှိတဲ့ ကျောင်းများကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းညှိုနှိုင်းပြီးတော့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတိပေးကြေညာချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုယ်ပိုင်ကျောင်း #စာသုံးသူကာကွယ်ရေးအသင်း

Zawgyi

ကိုယ္ပိုင္ေက်ာင္းေတြနဲ႕ပတ္သက္တဲ႕ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းရဲ႕ ေၾကညာခ်က္ကို ကန႔္ကြက္

ရန္ကုန္-မတ္-၁၇-၂၀၂၀
စြဲ႕ဝတီ

ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက ပညာေရးဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္ရယူၿပီးေတာ့ ကိုယ္ပိုင္ေက်ာင္းမ်ားကို တရားစြဲမယ္လို႔ ေၾကညာခဲ့တာကို ကန႔္ကြက္တယ္လို႔ ကိုယ္ပိုင္းေက်ာင္းနဲ႔ သက္ဆိုင္တဲ့ အသင္းေတြကဆိုၾကပါတယ္။

“သူတို႔အေနနဲ႔ စားသုံးေတြဘက္ကေန ရပ္တည္ေပးရမွာေလ။ ၿပီးခဲ့တဲ့ ေလးရက္ေလာက္ကဆိုရင္ Super market ေတြမွာ အလုအယက္ဝယ္ၾကတာ ကုန္ေရာ၊ အဲလိုမျဖစ္ေအာင္ ကာကြယ္ေပးရမွာေလ။ အဲလိုမ်ိဳးကို မကာကြယ္ဘဲနဲ႔ ဒီဘက္ေက်ာင္းကို လာၿပီးေတာ့ သူတို႔က တရားစြဲမယ္လို႔ ။ အေရးယူမယ္လို႔ ထုတ္တာေပါ့။ အဲဒါေၾကာင့္ စားသုံးသူကာကြယ္ေရးအသင္းအေနနဲ႔ ကုန္ေစ်းႏႈန္း ေစ်းမတက္ဖို႔ ကိစၥကို အာ႐ုံစိုက္ပါ။ ဒီဘက္က ေက်ာင္းကိစၥကိုေတာ့ ဒီဘက္က အသင္းေတြကို တာဝန္ထားလို႔ ျပန္ၿပီးထုတ္ျပန္လိုက္တာပါ”လို႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) ဥကၠဌ ဦးေနအုပ္ (စိန္ေပါလ္)ကေျပာပါတယ္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အစိုးရ၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား နဲ႔ တိုင္းေဒသႀကီး အစိုးရမွ အခ်ိန္ႏွင့္တေျပးညီ ၫႊန္ၾကားေသာ ၫႊန္ၾကားခ်က္မ်ားကိုလည္း လိုက္နာေဆာင္႐ြက္ဖို႔ အသင့္ရွိၿပီးေတာ့ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက ပညာေရးဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္ရယူၿပီးေတာ့ ကိုယ္ပိုင္ေက်ာင္းမ်ားကို တရားစြဲမယ္လို႔ ေၾကညာခဲ့တာကို ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) အေနနဲ႔ ကန႔္ကြက္တယ္လို႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံစားသုံးသူမ်ားအသင္းႀကီး အေနနဲ႔ မိမိ၏ တာဝန္ျဖစ္ေသာ စားကုန္ေသာက္ကုန္ လုံေလာက္စြာ ျဖန႔္ျဖဴးႏိုင္ေရး၊ ကုန္ေဈးႏႈန္းမ်ား ေဈးမတက္ေရးကိုသာ အာ႐ုံစိုက္ရမည္ ျဖစ္တယ္လို႔ အဲ့ဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုယ္ပိုင္ေက်ာင္းမ်ား၊ သင္တန္းမ်ား၊ က်ဴရွင္မ်ား အားလုံးကို ရပ္နားထားဖို႔ ၫႊန္ၾကားထားၿပီး ျဖစ္ၿပီးေတာ့ ပညာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ကိုပင္ မေစာင့္ပဲ မိမိတို႔ရဲ႕ ေက်ာင္းသူေက်ာင္းသားမ်ား ကူးစက္မွာကို စိုးရိမ္ၿပီးေတာ့ ႀကိဳတင္စီစဥ္ခဲ့ျခင္းတာျဖစ္တယ္လို႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) က ထုတ္ျပန္ထားပါတယ္။

ပညာေရးႏွင့္တိုက္႐ိုက္ပတ္သက္ျခင္း မရွိတဲ့ ျမန္မာႏိုင္ငံ စားသုံးသူ ကာကြယ္ေရးအသင္းအေနနဲ႔ “ကိုယ္ပိုင္ေက်ာင္းမ်ား၊ က်ဴရွင္မ်ားနဲ႔ သင္တန္းအားလုံးပိတ္သိမ္းဖို႔ ပိတ္သိမ္း ျခင္းမရွိတဲ့ ေက်ာင္းမ်ားကို ပညာေရးဌာနႏွင့္ပူးေပါင္းၿပီးေတာ့ ထိေရာက္စြာ အေရးယူေဆာင္႐ြက္ သြားမယ္ျဖစ္တယ္လို႔ သတိေပးေၾကညာခ်က္ထုတ္ျပန္လိုက္တယ္ဆိုတဲ့ ေၾကညာခ်က္အေပၚေၾကညာတဲ့ အဖြဲ႕ အစည္းက အျပည့္အဝ တာဝန္ခံရမွာ ျဖစ္သလို အစိုးရအဖြဲ႕ အဆင့္ဆင့္ ပင္လွ်င္ သုံးစြဲျခင္းမရွိေသာ အာဏာရွင္သ႑န္ အမိန႔္ေၾကညာခ်က္ဆန္တဲ့ ဒီထုတ္ျပန္ခ်က္ ကို ျပင္းထန္စြာရႈတ္ခ်တယ္လို႔ ကိုယ္ပိုင္ဆရာမ်ားအသင္း PTA (Yangon) က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

လက္တေလာျဖစ္ေပၚလ်က္ရွိေသာ (Coronavirus Covid 19) ကူးစက္ျပန႔္ပြားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ပုဂၢလိကပညာေရးေလာကအေနနဲ႔ ႏိုင္ငံေတာ္က တာဝန္ရွိသူအဆင့္ဆင့္ရဲ႕ ထုတ္ျပန္ ေၾကညာထားတဲ့ ၫႊန္ၾကားခ်က္မ်ားအတိုင္း အတိအက် လိုက္နာေဆာင္႐ြက္ရန္ အသင့္ ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ ကိုယ္ပိုင္ဆရာမ်ားအသင္း PTA (Yangon) က သိရပါတယ္။

“ဆရာတို႔ အသင္းက အစားအေသာက္ေတြ ကုန္ေစ်းႏႈန္းတက္တာနဲ႔ ဆိုင္တယ္ေပါ့။ အခုလို ပညာေရးနဲ႔ မဆိုင္ဘူး။ တကယ္ေတာ့ စားသုံးသူအခြင့္အေရးမွာ အစားအေသာက္တင္မကဘူး။ ဝန္ေဆာင္မူေတြ အကုန္ပါတယ္။ ပညာေရးဝန္ေဆာင္မူ၊ က်န္းမာေရးဝန္ေဆာင္မူ၊ ဆက္သြယ္ေရးဝန္ေဆာင္မူတို႔ အကုန္ပါပါတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔နဲ႔ တိုက္႐ိုက္သက္ဆိုင္ပါတယ္။ ဒီေၾကညာခ်က္ထုတ္တာက ဘယ္သူကိုမွ ထိခိုက္လိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္ မဟုတ္ဘူး။ ထုတ္ရတဲ့အေၾကာင္း ကြၽန္ေတာ္တို႔ ေျမာက္ဒဂုံဘက္မွာ အဲလိုဖြင့္ေနတဲ့ေက်ာင္းေတြကို ေမတၱာရပ္ခံတာကို ဆက္ဖြင့္ေနတဲ့အတြက္ အခုလိုေၾကညာခ်က္ထုတ္ရတာပါ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔က တိုက္႐ိုက္အေရးယူမယ္လို႔ လည္းေၾကညာထားတာ မဟုတ္ဘူး။ အေျခခံပညာဦးစီးဌာနနဲ႔ ေပါင္းစပ္ညႇိဳႏႈိင္းၿပီးေတာ့ မပိတ္မွာသာ လုပ္ေဆာင္မယ္လို႔ ထုတ္ျပန္ထားတာပါ။ ”လို႔ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္း ဥကၠဌ ဦးဗအုပ္ခိုင္က ေျပာပါတယ္။

ကိုယ္ပိုင္ေက်ာင္းမ်ား၊ က်ဳရွင္မ်ားနဲ႔ သင္တန္းတန္းအားလုံး ဧၿပီ ၃၀ရက္အထိ ပိတ္သိမ္းထားရန္ႏွင့္ ပိတ္သိမ္းျခင္းမရွိတဲ့ ေက်ာင္းမ်ားကို ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနတို႔နဲ႔ ပူးေပါင္းညႇိဳႏႈိင္းၿပီးေတာ့ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သတိေပးေၾကညာခ်က္ကို ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းက မေန႔က ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကိုယ္ပိုင္ေက်ာင္း #စာသံုးသူကာကြယ္ေရးအသင္း

Related posts

Leave a Comment

VOM News

FREE
VIEW