ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သမ္မတအမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ သမ္မတအမိန့်ထုတ်

ပါရီ၊ မတ်-၁၇-၂၀၂၀
မျိုးဆက် (VOM)

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝန်းမှာ ကန့်သတ်ထိန်းချုပ်မှုအသစ်တွေကို သမ္မတအီမန်နျူရယ်မာခရိုက ကြေညာလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မတ်လ၁၇ ရက် နေ့လယ်ပိုင်းမှစပြီး ၁၅ ရက်ထက်မနည်း မိမိတို့နေအိမ်မှာသာ နေကြဖို့ တနင်္လာနေ့ညပိုင်းက ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ သမ္မတကကြေညာလိုက်တာ ဖြစ်ပါတယ်။

အခြေခံလိုအပ်ချက်ပစ္စည်းတွေဝယ်ယူဖို့၊ ဆေးကုဖို့နဲ့ တယ်လီဖုန်းကွန်ရက် ဆက်သွယ်မှုမရနိုင်တဲ့ဒေသက လူတွေကိုတော့ ခြွင်းချက်ပေးသွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းချိုးဖောက်သူတွေကို အပြစ်ပေးသွားမယ်လို့ သိရပါတယ်။

တိုင်းပြည်ဟာ စစ်ပွဲတစ်ပွဲအတွင်းကျရောက်နေသလိုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ပါးလာရေးအတွက် ပြည်သူတွေအနေနဲ့ အနစ်နာခံကြဖို့ သမ္မတက တိုက်တွန်းထားပါတယ်။

ဥရောပသမဂ္ဂရဲ့ လွတ်လပ်စွာသွားလာခွင့်ဇုန်ကိုလည်း အင်္ဂါနေ့ နေ့လယ်ကစပြီး ရက် ၃၀ ပိတ်ပင်သွားမှာဖြစ်သလို တနင်္ဂနွေနေ့မှာ ကျင်းပဖု့ိစီစဉ်ထားတဲ့ ပြင်သစ်နိုင်ငံရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဒုတိယအဆင့်ကိုလည်း ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။

Ref : NHK Photo: AFP
#VOM #voiceofmyanmar #ပါရီ #ပြင်သစ် #ကိုရိုနာဗိုင်းရပ်စ် #ပြည်သူတွေအပြင်မထွက်ဖို့ #သမ္မတအမိန့်ထုတ်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ျပင္သစ္ျပည္သူေတြ အိမ္ထဲကအိမ္ျပင္မထြက္ၾကဖို႔ သမၼတအမိန္႔ထုတ္

ပါရီ၊ မတ္-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ျပင္သစ္နိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ နုိင္ငံတစ္၀န္းမွာ ကန္႔သတ္ထိန္းခ်ဳပ္မႈအသစ္ေတြကို သမၼတအီမန္န်ဴရယ္မာခရိုက ေၾကညာလိုက္ပါတယ္။

ျပည္သူေတြအေနနဲ႔ မတ္လ၁၇ ရက္ ေန႔လယ္ပိုင္းမွစျပီး ၁၅ ရက္ထက္မနည္း မိမိတို႔ေနအိမ္မွာသာ ေနၾကဖို႔ တနလၤာေန႔ညပိုင္းက ရုပ္ျမင္သံၾကား မိန္႔ခြန္းတစ္ရပ္မွာ သမၼတကေၾကညာလိုက္တာ ျဖစ္ပါတယ္။

အေျခခံလိုအပ္ခ်က္ပစၥည္းေတြ၀ယ္ယူဖို႔၊ ေဆးကုဖို႔နဲ႔ တယ္လီဖုန္းကြန္ရက္ ဆက္သြယ္မႈမရနုိင္တဲ႔ေဒသက လူေတြကိုေတာ႔ ျခြင္းခ်က္ေပးသြားမွာျဖစ္ျပီး သတ္မွတ္စည္းကမ္းခ်ိဳးေဖာက္သူေတြကို အျပစ္ေပးသြားမယ္လို႔ သိရပါတယ္။

တိုင္းျပည္ဟာ စစ္ပြဲတစ္ပြဲအတြင္းက်ေရာက္ေနသလိုျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ေလ်ာ႔ပါးလာေရးအတြက္ ျပည္သူေတြအေနနဲ႔ အနစ္နာခံၾကဖို႔ သမၼတက တိုက္တြန္းထားပါတယ္။

ဥေရာပသမဂၢရဲ႕ လြတ္လပ္စြာသြားလာခြင္႔ဇုန္ကိုလည္း အဂၤါေန႔ ေန႔လယ္ကစျပီး ရက္ ၃၀ ပိတ္ပင္သြားမွာျဖစ္သလို တနဂၤေႏြေန႔မွာ က်င္းပဖု႔ိစီစဥ္ထားတဲ႔ ျပင္သစ္နိုင္ငံရဲ႕ ေဒသဆိုင္ရာ ေရြးေကာက္ပြဲ ဒုတိယအဆင္႔ကိုလည္း ေရႊ႕ဆိုင္းသြားမွာျဖစ္ပါတယ္။

Ref : NHK Photo: AFP
#VOM #voiceofmyanmar #ပါရီ #ျပင္သစ္ #ကိုရိုနာဗိုင္းရပ္စ္ #ျပည္သူေတြအျပင္မထြက္ဖို႔ #သမၼတအမိန္႔ထုတ္

Related posts

Leave a Comment

VOM News

FREE
VIEW