ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထက်ဝက်နီးပါးလောက်ထိုးကျ၊ ရန်ကုန်တစ်ခုသာ ဈေးလျှော့ချရောင်းချမှုတွေ့ရ

ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထက်ဝက်နီးပါးလောက်ထိုးကျ၊ ရန်ကုန်တစ်ခုသာ ဈေးလျှော့ချရောင်းချမှုတွေ့ရ

ရန်ကုန် မတ် ၁၇-၂၀၂၀
သိဂီ ၤ(VOM)

ပြည်တွင်းစက်သုံးဆီဈေးနှုန်း အရင်ကထက် ထက်ဝက်နီးပါးလောက်ထိုးကျသွားခဲ့ပြီး ဒီအခြေအနေဟာ စက်သုံးဆီဈေးကွက်မှာကြည့်မယ်ဆိုရင် စံချိန်တင် ဈေးနှုန်းကျဆင်းတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

ဒီလို စက်သုံးဆီဈေး ထက်ဝက်ကျော်ထိုးကျသွားခဲ့ပေမယ့် စက်သုံးဆီအရောင်းဆိုင်တွေကတော့ ရန်ကုန်တစ်ခုတည်းမှာသာ စက်ဆုံးဆီဈေးလျှော့ချရောင်းချကြတာကို တွေ့ရပါတယ်။

ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ Octane 92 တစ်လီတာ ၄၉၀ ကျပ် ကနေ ၅၄၀ ၊ Octane 95 တစ်လီတာကို ၆၁၀ ကနေ ၆၆၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၅၇၀ ကျပ်ကနေ ၆၂ ကျပ် ၊ ဒီဇယ် တစ်လီတာကို ၅၆၀ ကျပ်ကနေ ၆၁၀ ထိ ရောင်းချနေတာ ဖြစ်ပါတယ်။

“ကျနော်တို့ ဆိုင်တွေကတော့ဈေးမှန်ပါပဲ။ ကျရင် ချရောင်းချပေးမယ်။ ပရိုမိုးရှင်းပုံစံ လုပ်နေတာမဟုတ်ပါဘူး။ ကျနော်တို့ yangon petrol ဆိုင်အားလုံးမှာ ဈေးကအတူတူပါပဲ။ ပိုရောင်းတာလည်းမရှိပါဘူး။ ဈေးနှုန်းကိုလည်း ပေ့ချ်ကနေ ကြေငြာပေးထားတယ်။”လို့ yangon pertol စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်ပြင်ပ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ Octane 92 တစ်လီတာကို အများဆုံး ၆၆၅ ကျပ်၊ Octane 95 တစ်လီတာကို အများဆုံး ၇၉၅ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာကို အများဆုံး ၇၃၀ ကျပ်၊ ၅၇၀ ကျပ်ကနေ ၆၂ ကျပ် ၊ ဒီဇယ်တစ်လီတာကို အများဆုံး ၇၁၀ ကျပ်အထိ ဈေနှုန်းရှိနေတာကိုတွေ့ရပါတယ်။

“ခုဖြစ်နေတဲ့ဈေးနှုန်းက ကျန်ခဲ့တဲ့နှစ်တွေထက် ဈေးအကျဆုံးနှစ်လို့ပြောနိုင်ပါတယ်။ အကျဆုံးနှစ်ပါ။ ဂရပ်ကိုကြည့်လိုက်မယ်ဆိုရင် ထိုးကိုကျသွားတာတွေ့ရပါမယ်။ ဓာတ်ဆီ ၊ ဒီဇယ်ဆီ သုံးတဲ့လုပ်ငန်းတွေအတွက်တော့ ဈေးကျတာ တကယ်ကောင်းပါတယ်။ ပထမဆုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဆင်ပြေသွားမယ်။ ဒါတွေနဲ့ဆက်စပ်တဲ့ လုပ်ငန်းအားလုံးပေါ့။ ကုန်ဈေးနှုန်းတွေလည်း ကျရမယ်။ မကျရင် တစ်ခုခုလုပ်ထားလို့ပေါ့။ ဈေးတွေကျသွားတာကတော့ ကိုရိုနာကြောင့်လည်းပါမယ်။ တခြားနိုင်ငံတွေမှာလည်း စက်ရုံလည်ပတ်တာ ၊ သယ်ယူပို့ဆောင်ရေးအခြေအနေအတွေ မလည်ပတ်တော့ ရောင်းအားကျတော့ တောင့်မခံနိုင်ဘဲ ဈေးနှုန်းတွေလျှော့ရောင်းချနေရတာပေါ့”လို့ မြန်မာနိုင်ငံရေနံဘူမိပညာရှင်များအသင်းမှ တာဝန်ရှိသူ ဦးလင်းမြင့်ကသုံးသပ်ပြောပါတယ်။

စက်သုံးဆီဆိုင်တွေကို ဖြန့်ဝေပေးတဲ့ သီလဝါစက်မှုဇုန် စက်သုံးဆီဈေးနှုန်းကတော့ Octane 92 ကတစ်လီတာ ၃၇၅ ကျပ် ၊ Octane 95က တစ်လီတာကို ၄၆၀ ၊ ပရီမီယမ်ဒီဇယ်က တစ်လီတာကို ၄၈၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၄၇ ကျပ်ဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၁၇ ရက်ဈေးနှုန်းတွေအရသိရပါတယ်။

ဒါဟာ စက်သုံးဆီဈေးလောကမှာ ဈေးအကျဆုံးအချိန်တစ်ခုဖြစ်တယ်လို့လည်း စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းကပြောပါတယ်။

“ ဒီဘက်မှာတော့ ရန်ကုန်လောက်ကိုဈေးမကျပါဘူး။ ကျနော်တို့ဘက်မှာတော့ အောက်တိန်း ၉၅ တစ်လီတာ ၇၀၀ ရှိတယ်။ ဈေးနှုန်းတွေက ဘာလို့ကွာနေလဲတော့မသိဘူး။ ဈေးတက်ရင်တော့ အားလုံးကမတိမ်းမယိမ်းလောက် အကုန်လုံးတက်ကြတယ်။ ဈေးကျတော့ လိုက်မကျဘူး။”လို့ ပေါင်မြို့နယ်ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းကပြောပါတယ်။

နောက်ထပ်လည်း စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းဖို့ အလားအလာရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စက်သုံးဆီဈေးနှုန်းကျဆင်းသွားပေမယ့် ရန်ကုန်မြို့၊ သယ်ယူပို့ဆောင်ရေးကဏ္ဍက တက္ကစီယာဉ်ငှားရမ်းခ အပါအဝင် ကုန်ဈေးနှုန်းတွေက ကျဆင်းဆင်းမှုမရှိသလို တချို့စားသောက်ကုန် တွေဆိုရင် ဈေးနှုန်းမြင့်တာတွေ ရှိလာနေပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #စက်သုံးဆီဈေးနူန်း

Zawgyi

ျပည္တြင္းစက္သုံးဆီေစ်းႏႈန္း ထက္၀က္နီးပါးေလာက္ထိုးက်၊ ရန္ကုန္တစ္ခုသာ ေစ်းေလွ်ာ့ခ်ေရာင္းခ်မႈေတြ႔ရ

ရန္ကုန္ မတ္ ၁၇-၂၀၂၀
သိဂီ ၤ(VOM)

ျပည္တြင္းစက္သုံးဆီေစ်းႏႈန္း အရင္ကထက္ ထက္၀က္နီးပါးေလာက္ထိုးက်သြားခဲ့ၿပီး ဒီအေျခအေနဟာ စက္သုံးဆီေစ်းကြက္မွာၾကည့္မယ္ဆိုရင္ စံခ်ိန္တင္ ေစ်းႏႈန္းက်ဆင္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္တယ္လို႔ စက္သုံးဆီလုပ္ငန္းအသိုင္းအ၀ုိင္းက ေျပာဆိုေနၾကပါတယ္။

ဒီလို စက္သုံးဆီေစ်း ထက္၀က္ေက်ာ္ထိုးက်သြားခဲ့ေပမယ့္ စက္သုံးဆီအေရာင္းဆုိင္ေတြကေတာ့ ရန္ကုန္တစ္ခုတည္းမွာသာ စက္ဆုံးဆီေစ်းေလွ်ာ့ခ်ေရာင္းခ်ၾကတာကုိ ေတြ႔ရပါတယ္။

ရန္ကုန္က စက္သုံးဆီဆိုင္ေတြမွာ Octane 92 တစ္လီတာ ၄၉၀ က်ပ္ ကေန ၅၄၀ ၊ Octane 95 တစ္လီတာကို ၆၁၀ ကေန ၆၆၀ က်ပ္၊ ပရီမီယမ္ဒီဇယ္ တစ္လီတာကို ၅၇၀ က်ပ္ကေန ၆၂ က်ပ္ ၊ ဒီဇယ္ တစ္လီတာကို ၅၆၀ က်ပ္ကေန ၆၁၀ ထိ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

“က်ေနာ္တုိ႔ ဆုိင္ေတြကေတာ့ေစ်းမွန္ပါပဲ။ က်ရင္ ခ်ေရာင္းခ်ေပးမယ္။ ပရိုမိုးရွင္းပုံစံ လုပ္ေနတာမဟုတ္ပါဘူး။ က်ေနာ္တုိ႔ yangon petrol ဆိုင္အားလုံးမွာ ေစ်းကအတူတူပါပဲ။ ပိုေရာင္းတာလည္းမရွိပါဘူး။ ေစ်းႏႈန္းကုိလည္း ေပ့ခ်္ကေန ေၾကျငာေပးထားတယ္။”လို႔ yangon pertol စက္သုံးဆီအေရာင္းဆုိင္မွ တာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

ရန္ကုန္ျပင္ပ က်န္တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာေတာ့ Octane 92 တစ္လီတာကို အမ်ားဆုံး ၆၆၅ က်ပ္၊ Octane 95 တစ္လီတာကို အမ်ားဆုံး ၇၉၅ က်ပ္၊ ပရီမီယမ္ဒီဇယ္တစ္လီတာကို အမ်ားဆုံး ၇၃၀ က်ပ္၊ ၅၇၀ က်ပ္ကေန ၆၂ က်ပ္ ၊ ဒီဇယ္တစ္လီတာကို အမ်ားဆုံး ၇၁၀ က်ပ္အထိ ေစ်ႏႈန္းရွိေနတာကိုေတြ႔ရပါတယ္။

“ခုျဖစ္ေနတဲ့ေစ်းႏႈန္းက က်န္ခဲ့တဲ့ႏွစ္ေတြထက္ ေစ်းအက်ဆုံးႏွစ္လို႔ေျပာႏုိင္ပါတယ္။ အက်ဆုံးနွစ္ပါ။ ဂရပ္ကိုၾကည့္လိုက္မယ္ဆိုရင္ ထုိးကိုက်သြားတာေတြ႔ရပါမယ္။ ဓာတ္ဆီ ၊ ဒီဇယ္ဆီ သုံးတဲ့လုပ္ငန္းေတြအတြက္ေတာ့ ေစ်းက်တာ တကယ္ေကာင္းပါတယ္။ ပထမဆုံး သယ္ယူပုိ႔ေဆာင္ေရးလုပ္ငန္းေတြ အဆင္ေျပသြားမယ္။ ဒါေတြနဲ႔ဆက္စပ္တဲ့ လုပ္ငန္းအားလုံးေပါ့။ ကုန္ေစ်းႏႈန္းေတြလည္း က်ရမယ္။ မက်ရင္ တစ္ခုခုလုပ္ထားလို႔ေပါ့။ ေစ်းေတြက်သြားတာကေတာ့ ကုိရုိနာေၾကာင့္လည္းပါမယ္။ တျခားႏုိင္ငံေတြမွာလည္း စက္ရုံလည္ပတ္တာ ၊ သယ္ယူပုိ႔ေဆာင္ေရးအေျခအေနအေတြ မလည္ပတ္ေတာ့ ေရာင္းအားက်ေတာ့ ေတာင့္မခံႏုိင္ဘဲ ေစ်းႏႈန္းေတြေလွ်ာ့ေရာင္းခ်ေနရတာေပါ့”လို႔ ျမန္မာႏုိ္င္ငံေရနံဘူမိပညာရွင္မ်ားအသင္းမွ တာ၀န္ရွိသူ ဦးလင္းျမင့္ကသုံးသပ္ေျပာပါတယ္။

စက္သုံးဆီဆုိင္ေတြကို ျဖန္႔ေ၀ေပးတဲ့ သီလ၀ါစက္မႈဇုန္ စက္သုံးဆီေစ်းႏႈန္းကေတာ့ Octane 92 ကတစ္လီတာ ၃၇၅ က်ပ္ ၊ Octane 95က တစ္လီတာကို ၄၆၀ ၊ ပရီမီယမ္ဒီဇယ္က တစ္လီတာကို ၄၈၀ က်ပ္၊ ဒီဇယ္ တစ္လီတာ ၄၇ က်ပ္ျဖစ္တယ္လို႔ ဒီကေန႔ မတ္လ ၁၇ ရက္ေစ်းႏႈန္းေတြအရသိရပါတယ္။

ဒါဟာ စက္သုံးဆီေစ်းေလာကမွာ ေစ်းအက်ဆုံးအခ်ိန္တစ္ခုျဖစ္တယ္လို႔လည္း စက္သုံးဆီလုပ္ငန္းအသုိင္းအ၀ိုင္းကေျပာပါတယ္။

“ ဒီဘက္မွာေတာ့ ရန္ကုန္ေလာက္ကိုေစ်းမက်ပါဘူး။ က်ေနာ္တုိ႔ဘက္မွာေတာ့ ေအာက္တိန္း ၉၅ တစ္လီတာ ၇၀၀ ရွိတယ္။ ေစ်းႏႈန္းေတြက ဘာလုိ႔ကြာေနလဲေတာ့မသိဘူး။ ေစ်းတက္ရင္ေတာ့ အားလုံးကမတိမ္းမယိမ္းေလာက္ အကုန္လုံးတက္ၾကတယ္။ ေစ်းက်ေတာ့ လိုက္မက်ဘူး။”လို႔ ေပါင္ၿမိဳ႕နယ္ေဒသခံတစ္ဦးျဖစ္သူ ကုိထြန္းလင္းကေျပာပါတယ္။

ေနာက္ထပ္လည္း စက္သုံးဆီေစ်းႏႈန္းေတြ က်ဆင္းဖို႔ အလားအလာရွိေနတယ္လို႔ သိရပါတယ္။
အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံစက္သုံးဆီလုပ္ငန္း႐ွင္မ်ားအသင္းကို ဆက္သြယ္ေပမယ့္ ဆက္သြယ္လုိ႔မရခဲ့ပါဘူး။

စက္သုံးဆီေစ်းႏႈန္းက်ဆင္းသြားေပမယ့္ ရန္ကုန္ၿမိဳ႕၊ သယ္ယူပို႔ေဆာင္ေရးက႑က တကၠစီယာဥ္ငွားရမ္းခ အပါအ၀င္ ကုန္ေစ်းႏႈန္းေတြက က်ဆင္းဆင္းမႈမရွိသလုိ တခ်ိဳ႕စားေသာက္ကုန္ ေတြဆိုရင္ ေစ်းနႈန္းျမင့္တာေတြ ရွိလာေနပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #စက္သံုးဆီေစ်းႏူန္း

Related posts

Leave a Comment

VOM News

FREE
VIEW