ကန်တော်နဒီဆေးရုံမှာ COVID 19စောင့်ကြည့်ခံထားရသူတစ်ဦး သေဆုံး

ကန်တော်နဒီဆေးရုံမှာ COVID 19စောင့်ကြည့်ခံထားရသူတစ်ဦး သေဆုံး

မန္တလေး မတ် ၁၇-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ COVID -19 ရောဂါနဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံထားရတဲ့ အမျိုးသမီးတစ်ဦး ဒီကနေ့မနက်က သေဆုံးသွားတယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ ဒု-ဆေးရုံအုပ်ကြီးက အတည်ပြုပြောပါတယ်။

သေဆုံးမှုဖြစ်ပေါ်တာမှန်ကန်ပြီး COVID 19 ရှိမရှိဆိုတာ ဓာတ်ခွဲအတည်ပြုဖို့ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနကို ဒီနေ့ နေ့လည် ၁၂ နာရီခန့်က ပေးပို့ထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

“လူနာက အဆုပ်ရောဂါနဲ့။ စရောက်လာကတည်းက အောက်စီဂျင်တန်းပေးထားရတာ။ အခြေအနေ ဆိုးတယ်။ မနေ့ညနေက ရောက်တာ။”လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံ ဒုဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်ကပြောပါတယ်။

သေဆုံးသူအမျိူးသမီးဟာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး တံတားဦးမြို့နယ်က ရောက်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရုပ်အလောင်းကို ကန်တော်နဒီမှာပဲထားရှိပြီး မတ်လ ၁၈ ရက်နေ့ ဓာတ်ခွဲအဖြေရရှိပြီးမှသာ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ဒေါ်ခင်ခင်ကျော်ကပြောပါတယ်။

ကန်တော်နဒီဆေးရုံမှာ မတ်လ ၆ ရက်နေ့ကလည်း အသက် ၆၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး COVID 19 စောင့်ကြည့်ခံထားရစဉ် သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုမှုအရ COVID 19 ရောဂါ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #COVIDစောင့်ကြည့်လူနာ #သေဆုံး

Zawgyi

ကန္ေတာ္နဒီေဆးရံုမွာ COVID 19ေစာင့္ၾကည့္ခံထားရသူတစ္ဦး ေသဆုံး

မႏၲေလး မတ္ ၁၇-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာ COVID -19 ေရာဂါနဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ခံထားရတဲ့ အမ်ိဳးသမီးတစ္ဦး ဒီကေန႔မနက္က ေသဆုံးသြားတယ္လုိ႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံ ဒု-ေဆး႐ုံအုပ္ႀကီးက အတည္ျပဳေျပာပါတယ္။

ေသဆုံးမႈျဖစ္ေပၚတာမွန္ကန္ၿပီး COVID 19 ရွိမရွိဆိုတာ ဓာတ္ခြဲအတည္ျပဳဖို႔ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာဌာနကို ဒီေန႔ ေန႔လည္ ၁၂ နာရီခန္႔က ေပးပို႔ထားၿပီး ျဖစ္တယ္လုိ႔လည္းသိရပါတယ္။

“လူနာက အဆုပ္ေရာဂါနဲ႔။ စေရာက္လာကတည္းက ေအာက္စီဂ်င္တန္းေပးထားရတာ။ အေျခအေန ဆိုးတယ္။ မေန႔ညေနက ေရာက္တာ။”လို႔ မႏၲေလး အေထြေထြ ေရာဂါကု ေဆး႐ုံ ဒုေဆး႐ုံအုပ္ႀကီး ေဒါက္တာခင္ေက်ာ္ကေျပာပါတယ္။

ေသဆုံးသူအမ်ိဴးသမီးဟာ လူလတ္ပိုင္းအ႐ြယ္ျဖစ္ၿပီး တံတားဦးၿမိဳ႕နယ္က ေရာက္လာတဲ့သူျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ႐ုပ္အေလာင္းကို ကန္ေတာ္နဒီမွာပဲထားရွိၿပီး မတ္လ ၁၈ ရက္ေန႔ ဓာတ္ခြဲအေျဖရရွိၿပီးမွသာ ေဆာင္႐ြက္စရာရွိတာေတြကို ဆက္လက္လုပ္ေဆာင္မယ္လို႔ ေဒၚခင္ခင္ေက်ာ္ကေျပာပါတယ္။

ကန္ေတာ္နဒီေဆး႐ုံမွာ မတ္လ ၆ ရက္ေန႔ကလည္း အသက္ ၆၈ ႏွစ္ခန္႔အ႐ြယ္ အမ်ိဳးသမီးတစ္ဦး COVID 19 ေစာင့္ၾကည့္ခံထားရစဥ္ ေသဆုံးမႈျဖစ္ေပၚခဲ့ၿပီး ဓာတ္ခြဲအတည္ျပဳမႈအရ COVID 19 ေရာဂါ မရွိဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #COVIDေစာင့္ၾကည့္လူနာ #ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW