ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါငွေတွေကို ပြန်အမ်းမယ်

ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါငွေတွေကို ပြန်အမ်းမယ်

မကွေး၊ မတ် ၁၇-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊မင်းဘူးမြို့၊ ရွှေစက်တော်ဘုရားပွဲပိတ်သိမ်းမှုကြောင့် နစ်နာခဲ့ရတဲ့ တဲကျောင်းလုပ်ငန်းရှင်နဲ့ဈေးသည်တွေရဲ့ တင်ဒါပေးသွင်းငွေ၆၀%ကို ဒီကနေ့ကစတင်ပြီး ပြန်အမ်းသွားမယ်လို့ ရွှေစက်တော်ဂေါပကအတွင်းရေးမှူးဦးခင်မောင်စိုးကပြောပါတယ်။

အခုလိုဆုံးဖြတ်ချက်ကို ဒီကနေ့မတ်လ၁၆ရက် သြဝါဒစရိယဆရာတော်များ၊ တိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးများနဲ့ မကွေးတိုင်းသာသနာရေးဦးစီးရုံးခန်းမမှာပြုလုပ်တဲ့အစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“လုပ်ငန်းရှင်များဘက်က ၇၅ရာခိုင်နှုန်းတောင်းဆိုထားတာ၊ ၆၀ရာခိုင်နှုန်းပေးတော့ သင့်ပါတယ်။ ဘုရားပွဲက ၄၄ရက်ကျင်းပပြီးပြီ ၃၆ရက်ကျန်သေးတယ်၊ ဒါပေမယ့် အဲဒီ၃၆ရက်ကမှ လူပိုစည်မဲ့အချိန်ဗျ”လို့ ကုန်ခြောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုလှတင်ကပြောပါတယ်။

အခုနှစ်မှာ ဘုရားဖူးလာရောက်သူတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် တည်းကျောင်းနဲ့ ဈေးဆိုင်ခန်းတွေကို ကြမ်းခင်းဈေးနဲ့ပဲ ချထားပေးတာဖြစ်တယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့ဝင်တွေက ပြောဆိုထားတာလည်း ရှိပါတယ်။

”၆၀ရာခိုင်နှုန်းဆိုတော့ ၅၉၈၄သိန်းကျော်ပြန်ပေးရမှာပေါ့၊ မတ်၂၀ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတော့၊ ပြီးတဲ့သူက စပြီးပေးမယ် ပြေစာ၊ အခွန်စာရွက်စာတမ်းအပြည့်အစုံ ပြန်တင်ပြရမှာဖြစ်ပြီး စနစ်တကျပြန်ပေးသွားမှာဖြစ်တယ်”လို့ ရွှေစက်တော်ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

ရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ရက်ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဘုရားဖူးပြည်သူတွေရဲ့ အလှူငွေဟာ မတ်လ၁ရက်နေ့အထိ သိန်းပေါင်း သုံးထောင်သုံးဆယ့်နှစ်သိန်းကျော်ရရှိထားကာ လက်ကျန်ဘဏ္ဍာငွေ သန်း၆ထောင်ကျော်ရှိထားတယ်လို့သိရပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာထားတဲ့ Covid-19ရောဂါ ပြည်သူအများကိုမကူးစက်ဖို့အတွက် ရွှေစက်တော်ဘုရားပွဲတော်ကို မတ်၁၃ရက်နေ့ကနေစပြီး ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မင်းဘူး #ရွှေစက်တော် #ဈေးသည်တင်ဒါငွေ #ပြန်အမ်းမယ်

Zawgyi

ေ႐ႊစက္ေတာ္ဘုရားပြဲပိတ္သိမ္းမႈေၾကာင့္ နစ္နာခဲ့ရတဲ့ တဲေက်ာင္းလုပ္ငန္းရွင္နဲ႔ေစ်းသည္ေတြရဲ႕ တင္ဒါေငြေတြကို ျပန္အမ္းမယ္

မေကြး၊ မတ္ ၁၇-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးတုိင္း၊မင္းဘူးၿမိဳ႕၊ ေ႐ႊစက္ေတာ္ဘုရားပြဲပိတ္သိမ္းမႈေၾကာင့္ နစ္နာခဲ့ရတဲ့ တဲေက်ာင္းလုပ္ငန္းရွင္နဲ႔ေစ်းသည္ေတြရဲ႕ တင္ဒါေပးသြင္းေငြ၆၀%ကို ဒီကေန႔ကစတင္ၿပီး ျပန္အမ္းသြားမယ္လို႔ ေ႐ႊစက္ေတာ္ေဂါပကအတြင္းေရးမႉးဦးခင္ေမာင္စိုးကေျပာပါတယ္။

အခုလုိဆုံးျဖတ္ခ်က္ကို ဒီကေန႔မတ္လ၁၆ရက္ ၾသဝါဒစရိယဆရာေတာ္မ်ား၊ တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးမ်ားနဲ႔ မေကြးတိုင္းသာသနာေရးဦးစီး႐ုံးခန္းမမွာျပဳလုပ္တဲ့အစည္းေဝးမွာ ဆုံးျဖတ္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

“လုပ္ငန္းရွင္မ်ားဘက္က ၇၅ရာခိုင္ႏႈန္းေတာင္းဆိုထားတာ၊ ၆၀ရာခုိင္ႏႈန္းေပးေတာ့ သင့္ပါတယ္။ ဘုရားပြဲက ၄၄ရက္က်င္းပၿပီးၿပီ ၃၆ရက္က်န္ေသးတယ္၊ ဒါေပမယ့္ အဲဒီ၃၆ရက္ကမွ လူပိုစည္မဲ့အခ်ိန္ဗ်”လို႔ ကုန္ေျခာက္ပစၥည္းဆိုင္ပိုင္ရွင္ ကိုလွတင္ကေျပာပါတယ္။

အခုႏွစ္မွာ ဘုရားဖူးလာေရာက္သူေတြ ဝန္ထုတ္ဝန္ပိုးမျဖစ္ေအာင္ တည္းေက်ာင္းနဲ႔ ေစ်းဆိုင္ခန္းေတြကို ၾကမ္းခင္းေစ်းနဲ႔ပဲ ခ်ထားေပးတာျဖစ္တယ္လို႔ ေရႊစက္ေတာ္ေဂါပကအဖြဲ႔ဝင္ေတြက ေျပာဆုိထားတာလည္း ရိွပါတယ္။

”၆၀ရာခိုင္ႏႈန္းဆိုေတာ့ ၅၉၈၄သိန္းေက်ာ္ျပန္ေပးရမွာေပါ့၊ မတ္၂၀ရက္ေနာက္ဆုံးထား ဖ်က္ခိုင္းထားေတာ့၊ ၿပီးတဲ့သူက စၿပီးေပးမယ္ ေျပစာ၊ အခြန္စာ႐ြက္စာတမ္းအျပည့္အစုံ ျပန္တင္ျပရမွာျဖစ္ၿပီး စနစ္တက်ျပန္ေပးသြားမွာျဖစ္တယ္”လို႔ ေရႊစက္ေတာ္ေဂါပကအတြင္းေရးမႉး ဦးခင္ေမာင္စိုးကေျပာပါတယ္။

ေရႊစက္ေတာ္ဘုရားပြဲေတာ္ကို ဇန္နဝါရီလ ၂၉ရက္ကေန စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဘုရားဖူးျပည္သူေတြရဲ႕ အလႉေငြဟာ မတ္လ၁ရက္ေန႔အထိ သိန္းေပါင္း သုံးေထာင္သုံးဆယ့္ႏွစ္သိန္းေက်ာ္ရရွိထားကာ လက္က်န္ဘ႑ာေငြ သန္း၆ေထာင္ေက်ာ္ရွိထားတယ္လို႔သိရပါတယ္။

ကမာၻ႔ကပ္ေရာဂါအျဖစ္ေၾကညာထားတဲ့ Covid-19ေရာဂါ ျပည္သူအမ်ားကိုမကူးစက္ဖို႔အတြက္ ေရႊစက္ေတာ္ဘုရားပြဲေတာ္ကို မတ္၁၃ရက္ေန႔ကေနစၿပီး ပိတ္သိမ္းခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မင္းဘူး #ေရႊစက္ေတာ္ #ေစ်းသည္တင္ဒါေငြ #ျပန္အမ္းမယ္

Related posts

Leave a Comment

VOM News

FREE
VIEW