မကွေးလေတပ်စခန်းက လက်နက်တခု ရွာထဲက ဂိုထောင်ပေါ်ကျ

#voiceofmyanmar #VOM #မေကြးေလတပ္ #လက္နက္ဂိုုေထာင္ေပၚက်

မကွေးလေတပ်စခန်းက လက်နက်တခု ရွာထဲက ဂိုထောင်ပေါ်ကျ

မကွေး-မတ်-၁၇-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးလေတပ်စခန်းမှာ လက်နက်တပ်ဆင်ရာက ရှော့ဖြစ်ပြီး ဆားတိုင်ကန်ရွာထဲက ဂို
ထောင်တလုံးပေါ် ကျရောက်ပေါက်ကွဲမှု ဒီကနေ့ မတ်လ ၁၇ ရက် မနက်၇နာရီကျော်ကဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ပွန်းပဲ့ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေပြောစကားအရ သိရပါတယ်။

“ ဝုန်းဆိုကြားလိုက်ရတယ် တခါမှမကြားဘူးတော့လန့်တာပေါ့ ချက်ခြင်းပဲ စစ်ဗိုလ်အကြီးတွေရော အငယ်တွေရောရောက်ပြီး ကလေးမလေးကိုဆေးခန်းပြပေးပြီး အကုန်တာဝန်ယူလုပ်ကိုင်ပေးသွားတယ်။ ဂိုထောင်လဲမြင်တဲ့အတိုင်းနဲနဲပျက်စီးတယ်။ လက်နက်ကို လေယာဉ်မှာတပ်ဆင်ရင်း ရှော့ဖြစ်ပြီးထွက်သွားတာလို့ပြောတယ်”လို့ကျေးရွာနေသူတစ်ဦးကပြောပါတယ်။

ဆားတိုင်ကန်ကျေးရွာက ပေါက်ကွဲမှုဖြစ်တဲ့ အဲဒီ စက်ရုံဟာ ပဲခွဲစက်ဖြစ်ပြီး ဒီကနေ့အလုပ်ပိတ်ထားလို့အလုပ်သမားတွေမရှိဘူးလို့သိရပါတယ်။

“ဝုန်းဆိုတဲ့ ပေါက်ကွဲသံကြားရလို့ ဘာဖြစ်တာလဲလို့ လိုက်စုံစမ်းကြည့်တော့ လေတပ်ကနေပြီးတော့ လက်နက်ချော်ထွက်တယ်ဆိုပြီးတော့သိရတယ်။ လေတပ်ကနေပြီးတော့အကုန်လုံးတာဝန်ခံပြီး ပျက်ဆီးတဲ့ပစ္စည်းမှန်သမျှပြင်ပေးမယ်ပြောတယ်။ ထိခိုက်တဲ့အမျိုးသမီးကိုလည်း ဆေးရုံဆေးခန်းကအစ တစ်ခါထဲ လိုက်ပို့ပြီးတော့နစ်နာကြေးကအစ တစ်ခါတည်း ပေးသွားပါတယ်။ပစ္စည်းနစ်နာမှုတော့ရှိပါတယ်ပျက်သွားတဲ့ပစ္စည်းတွေတော့ လေတပ်ကအရာရှိကပြင်ပေးမယ်လို့ပြောပါတယ်လေတပ် ကလာသွားတာ ၂၀ဦးလောက် ရှိပါတယ်”လို့ ဂိုထောင်ပိုင်ရှင် ဦးဖိုးနီ၏သားဖြစ်တဲ့ ကိုအာကာမင်းကပြောပါတယ်။

ဘယ်လိုလက်နက်ဖြစ်တယ်ဆိုတာတော့ လေတပ်ကပြောမသွားတာကြောင့် မသိလိုက်ရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စအတွက် မကွေးလေတပ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မကွေးတိုင်းအတွင်းမှာ ၂၀၁၈အောက်တိုဘာလက F7ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့ပြီး စာကျက်နေတဲ့ ကလေးတစ်ဦးသေဆုံးတဲ့ဖြစ်စဉ်တခု ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မကွေးလေတပ် #လက်နက်ဂိုထောင်ပေါ်ကျ

Zawgyi

မေကြးေလတပ္စခန္းက လက္နက္တခု ႐ြာထဲက ဂိုေထာင္ေပၚက်

မေကြး-မတ္-၁၇-၂၀၂၀
ဂ်န္ကိုးလ္(VOM)

မေကြးေလတပ္စခန္းမွာ လက္နက္တပ္ဆင္ရာက ေရွာ့ျဖစ္ျပီး ဆားတိုင္ကန္႐ြာထဲက ဂို
ေထာင္တလုံးေပၚ က်ေရာက္ေပါက္ကြဲမႈ ဒီကေန႔ မတ္လ ၁၇ ရက္ မနက္၇နာရီေက်ာ္ကျဖစ္ခဲ့တယ္လို႔သိရပါတယ္။ ဒီေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီးတဦး ပြန္းပဲ့ဒဏ္ရာရသြားတယ္လို႔ မ်က္ျမင္သက္ေသေတြေျပာစကားအရ သိရပါတယ္။

“ ဝုန္းဆိုၾကားလိုက္ရတယ္ တခါမွမၾကားဘူးေတာ့လန႔္တာေပါ့ ခ်က္ျခင္းပဲ စစ္ဗိုလ္အႀကီးေတြေရာ အငယ္ေတြေရာေရာက္ၿပီး ကေလးမေလးကိုေဆးခန္းျပေပးၿပီး အကုန္တာဝန္ယူလုပ္ကိုင္ေပးသြားတယ္။ ဂိုေထာင္လဲျမင္တဲ့အတိုင္းနဲနဲပ်က္စီးတယ္။ လက္နက္ကို ေလယာဥ္မွာတပ္ဆင္ရင္း ေရွာ့ျဖစ္ၿပီးထြက္သြားတာလို႔ေျပာတယ္”လို႔ေက်း႐ြာေနသူတစ္ဦးကေျပာပါတယ္။

ဆားတိုင္ကန္ေက်း႐ြာက ေပါက္ကြဲမႈျဖစ္တဲ့ အဲဒီ စက္႐ုံဟာ ပဲခြဲစက္ျဖစ္ၿပီး ဒီကေန႔အလုပ္ပိတ္ထားလို႔အလုပ္သမားေတြမရွိဘူးလို႔သိရပါတယ္။

“ဝုန္းဆိုတဲ့ ေပါက္ကြဲသံၾကားရလို႔ ဘာျဖစ္တာလဲလို႔ လိုက္စုံစမ္းၾကည့္ေတာ့ ေလတပ္ကေနၿပီးေတာ့ လက္နက္ေခ်ာ္ထြက္တယ္ဆိုၿပီးေတာ့သိရတယ္။ ေလတပ္ကေနၿပီးေတာ့အကုန္လုံးတာဝန္ခံၿပီး ပ်က္ဆီးတဲ့ပစၥည္းမွန္သမွ်ျပင္ေပးမယ္ေျပာတယ္။ ထိခိုက္တဲ့အမ်ိဳးသမီးကိုလည္း ေဆး႐ုံေဆးခန္းကအစ တစ္ခါထဲ လိုက္ပို႔ၿပီးေတာ့နစ္နာေၾကးကအစ တစ္ခါတည္း ေပးသြားပါတယ္။ပစၥည္းနစ္နာမႈေတာ့ရွိပါတယ္ပ်က္သြားတဲ့ပစၥည္းေတြေတာ့ ေလတပ္ကအရာရွိကျပင္ေပးမယ္လို႔ေျပာပါတယ္ေလတပ္ ကလာသြားတာ ၂၀ဦးေလာက္ ရွိပါတယ္”လို႔ ဂိုေထာင္ပိုင္ရွင္ ဦးဖိုးနီ၏သားျဖစ္တဲ့ ကိုအာကာမင္းကေျပာပါတယ္။

ဘယ္လိုလက္နက္ျဖစ္တယ္ဆိုတာေတာ့ ေလတပ္ကေျပာမသြားတာေၾကာင့္ မသိလိုက္ရဘူးလို႔ ဆိုပါတယ္။

ဒီကိစၥအတြက္ မေကြးေလတပ္ကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

မေကြးတိုင္းအတြင္းမွာ ၂၀၁၈ေအာက္တိုဘာလက F7ဂ်က္တိုက္ေလယာဥ္ ပ်က္က်ခဲ့ၿပီး စာက်က္ေနတဲ့ ကေလးတစ္ဦးေသဆုံးတဲ့ျဖစ္စဥ္တခု ရွိခဲ့ပါတယ္။

#voiceofmyanmar #VOM #မေကြးေလတပ္ #လက္နက္ဂိုေထာင္ေပၚက်

Related posts

Leave a Comment

VOM News

FREE
VIEW