ရွှေပြည်သာမှာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုနဲ့ ဈေးဝယ်သူဖမ်းခံရ

#voiceofmyanmar #VOM #တစ္ေသာင္းတန္ေငြစကၠဴအတုု #ေရြႊျပည္သာ

ရွှေပြည်သာမှာ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုနဲ့ ဈေးဝယ်သူဖမ်းခံရ

ရွေပြည်သာ မတ်- ၁၇-၂၀၂၀
ဝေဇင်ကြည်(VOM)

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်မှာ ဒီနေ့မတ်လ ၁၇ရက် မနက်ပိုင်းက၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်ခဲ့တဲ့အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတယ်လို့ ရွေပြည်သာမြို့မရဲစခန်းကသိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ဒေါ်နှင်းယုဝေရဲ့ ဈေးဆိုင်မှာမနေ့ ညနေအချိန်၆နာရီဝန်းကျင်အချိန်က အမျိုးသမီးတစ်ဦး ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေနဲ့ဈေးဝယ်နေတယ်ဆိုတဲ့ သတင်းအရ ရွှေပြည်သာမြို့နယ်မြို့မရဲ့စခန်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အသက်(၃၂)နှစ်ရှိ ဒေါ်မိမိနွယ်ကို တွေ့ရှိရပြီး သူလွယ်ထားတဲ့လွယ်အိတ်အတွင်းက ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်၊ ဖုန်း ၁ လုံး၊ ၁၀၀၀ ကျပ်တန် MPT ငွေဖြည့်ကဒ် ၁၀ ခု၊ ငွေ ၁၂၄၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့ တယ်လို့ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

‟တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ဈေးဝယ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုမိတာပါ ဗဟိုဘဏ်ဥပဒေပုဒ်မ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပါတယ်”လို့ရွေပြည်သာမြို့မစခန်းမှူး ဒုရဲမှူးတင်မောင်လွင်ကVOMကိုပြောပါတယ်။

ငွေတစ်သောင်းတန်အတုနဲ့ဈေးဝယ်သူ ဒေါ်မိမိနွယ်ကို (ပ)၁၂၅၁/၂၀၂၀
နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ၁၀၅/၁၀၆နဲ့အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေရရှိဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကသိရပါတယ်။

#voiceofmyanmar #VOM #တစ်သောင်းတန်ငွေစက္ကူအတု #ရွှေပြည်သာ

Zawgyi

ေ႐ႊျပည္သာမွာ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတုုနဲ႔ ေစ်းဝယ္သူဖမ္းခံရ

ေ႐ြျပည္သာ မတ္- ၁၇-၂၀၂၀
ေဝဇင္ၾကည္(VOM)

ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ဒီေန႔မတ္လ ၁၇ရက္ မနက္ပိုင္းက၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတုေတြနဲ႔ ေစ်းဝယ္ခဲ့တဲ့အမ်ိဳးသမီးကို ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနတယ္လို႔ ေ႐ြျပည္သာၿမိဳ႕မရဲစခန္းကသိရပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၁၉)ရပ္ကြက္ရွိ ေဒၚႏွင္းယုေဝရဲ႕ ေဈးဆိုင္မွာမေန႔ ညေနအခ်ိန္၆နာရီဝန္းက်င္အခ်ိန္က အမ်ိဳးသမီးတစ္ဦး ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတုေတြနဲ႔ေဈးဝယ္ေနတယ္ဆိုတဲ့ သတင္းအရ ေ႐ႊျပည္သာၿမိဳ႕နယ္ၿမိဳ႕မရဲ႕စခန္းက ရဲတပ္ဖြဲ႕ဝင္ေတြက သြားေရာက္စစ္ေဆးခဲ့ရာမွာ အသက္(၃၂)ႏွစ္ရွိ ေဒၚမိမိႏြယ္ကို ေတြ႕ရွိရၿပီး သူလြယ္ထားတဲ့လြယ္အိတ္အတြင္းက ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတု ၂၆ ႐ြက္၊ ဖုန္း ၁ လုံး၊ ၁၀၀၀ က်ပ္တန္ MPT ေငြျဖည့္ကဒ္ ၁၀ ခု၊ ေငြ ၁၂၄၀၀ က်ပ္တို႔ကိုသိမ္းဆည္းရမိခဲ့ တယ္လို႔ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

‟တစ္ေသာင္းတန္ေငြစကၠဴအတုေတြနဲ႔ေဈးဝယ္ေနတဲ့အမ်ိဳးသမီးတစ္ေယာက္ကိုမိတာပါ ဗဟိုဘဏ္ဥပေဒပုဒ္မ၁၀၅/၁၀၆နဲ႔အမႈဖြင့္ထားပါတယ္”လို႔ေ႐ြျပည္သာၿမိဳ႕မစခန္းမႉး ဒုရဲမႉးတင္ေမာင္လြင္ကVOMကိုုေျပာပါတယ္။

ေငြတစ္ေသာင္းတန္အတုနဲ႔ေဈးဝယ္သူ ေဒၚမိမိႏြယ္ကို (ပ)၁၂၅၁/၂၀၂၀
ႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ၁၀၅/၁၀၆နဲ႔အမႈဖြင့္အေရးယူထားျပီး ကြင္းဆက္ေတြရရွိဖိုု႕ ဆက္လက္စစ္ေဆးေနတယ္လိုု႕ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းကသိရပါတယ္။

#voiceofmyanmar #VOM #တစ္ေသာင္းတန္ေငြစကၠဴအတုု #ေရြႊျပည္သာ

Related posts

Leave a Comment

VOM News

FREE
VIEW