မြောက်ဦးမြို့နယ် ပီပင်ကုန်းရွာမှာ နေအိမ် (၆) လုံးမီးလောင်ခံရသူတွေက အစိုးရဆီကနေ အကူအညီမျှော်လင့်

#voiceofmyanmar #VOM #ေျမာက္ဦးပီပင္ကုန္းမီေလာင္

မြောက်ဦးမြို့နယ် ပီပင်ကုန်းရွာမှာ နေအိမ် (၆) လုံးမီးလောင်ခံရသူတွေက အစိုးရဆီကနေ အကူအညီမျှော်လင့်

မြောက်ဦး၊ မတ် ၁၉ – ၂၀၂၀
ခိုင်လင်းစံ (VOM)

မြောက်ဦးမြို့နယ်၊ ပီပင်ကုန်းကျေးရွာမှာ မနေ့ မတ်လ၁၈ရက် နေ့လယ် ၁ နာရီခွဲလောက်က တောမီးလောင်မှုဖြစ်ပွားပြီး ထိုမှတဆင့် ပီပင်ကုန်းရွာသို့ကူးစက်လောင်ကျွမ်းခဲ့လို့ နေအိမ် (၇) လုံး မီးလောင်မှုဖြစ်တဲ့အနက် အိမ် (၆) ဆောင်မှာ လုံးဝပြာကျသွားကြောင်းသိရပါတယ်။

ကျေးရွာတွင်း နေအိမ်(၇) လုံးမီးလောင်သွားတာကြောင့် အိမ်ပိုင်ရှင်တွေဟာ ဆွေမျိုးတွေအိမ်မှာ ယာယီခိုလုံနေရပြီး အစိုးရကထောက်ပံ့ပေးစေလိုကြောင်း အိမ်မီးလောင် ဆုံးရံှူးသွားသူတွေကပြောပါတယ်။

မီးလောင်ဆုံးရံှူးသွားတဲ့ အိမ်ပိုင်ရှင် ဦးမောင်ကျော်သန်းက” ကျနော့်မှာ တိုက်အိမ်က ဆောက်နေတုန်းရှိသေးတယ်။ သိန်း ၁၀၀ ကျော်လောက်တန်ဖိုးရှိပါတယ်။ စပါးကျီလည်း မီးလောင်လို့ ဆုံးရံှူးသွားရတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ပြည်သူတွေဒုက္ခရောက်နေရင် အစိုးရက ပံ့ပိုးကူညီပေးတယ်။ အခုလည်း ကျနော်တို့ကို ကျနော်တို့ပြည်နယ်စိုးရက ပံ့ပိုးကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရကိုလည်း အခုမီးလောင်မှုကို တင်ပြဖို့လုပ်နေပါတယ်။” လို့ သူအိမ်မီးလောင်ဆုံးရံှူမှုတွေကို ပြောပြပါတယ်။

အဲဒီ မီးလောင်မှုကို မြောက်ဦးမြို့နယ်မီးသတ်ဦးစီးက မီးသတ်ကား ၃ စီးနဲ့ ၄ နာရီခန့်ကြာ ငြိမ်သတ်ခဲ့ရကြောင်း သိရပါတယ်။

မီးလောင်ပြီး နေအိမ်ဆုံးရှူံးလိုက်ရတဲ့သူတွေမှာ (၁) ဦးမောင်ကျော်သန်း၊(၂) ဦးကျော်ဝင်း၊ (၃) ဦးထွန်းတင်၊ (၄) ဦးအောင်ကျော်ညွှန့်၊ (၅) ဦးမောင်အေးကျော်နဲ့ (၆) ဦးမောင်သန်းလှိုင် တို့ဖြစ်ကြောင်း သိရပါတယ်။

ပီးပင်ကုန်းကျေးရွာတွင်း နေအိမ်(၇) လုံးမီးလောင်တဲ့အနက် ဦးမောင်ထွန်းတင်ရဲ့အိမ်မှာ အချိန်မီငြိမ်းသတ်နိုင်ခဲ့ပြီး ကျေးရွာတွင်းအိမ်တွေမီးလောင်ပျက်စီးဆုံးရံှူးမှုတန်ဖို့းမှာ ခန့်မှန်း သိန် ၁ ထောင် ဖိုးလောက်ရှိကြောင်း မီးလောင်ပြီး နေအိမ်ဆုံးရံှူးလိုက်သူတစ်ဦးကပြောပါတယ်။

” အိမ် ၇ ဆောင်မီးလောင်သွားပါတယ်။ ဘယ်ကနေစလောင်တယ်ဆိုတော့ တောဖက်ကနေပြီးလောင်လာတာကိုပဲ မြင်တယ်။ ဘယ်လိုလောင်လာတယ်ဆိုတာ သေချာမသိဘူး။ အိမ်က ၇ ဆောင်လောက်ပါသွားတာမှာ ၆ ဆောင်ပြာကျတယ်။ နောက်တဆောင်က ရွာသားတွေနဲ့ မီးသတ်ကားက အချိန်မှီငြိမ်းသတ်နိုင်ခဲ့တယ်။” လို့ ကျေးရွာအုပ်ချုပ်ရေးမှူ းက အတည်ပြုပြောပါတယ်။

#voiceofmyanmar #VOM #မြောက်ဦးပီပင်ကုန်းမီလောင်

zawgyi

ေျမာက္ဦးၿမိဳ႕နယ္ ပီပင္ကုန္းရြာမွာ ေနအိမ္ (၆) လံုးမီးေလာင္ခံရသူေတြက အစိုးရဆီကေန အကူအညီေမွ်ာ္လင့္

ေျမာက္ဦး၊ မတ္ ၁၉ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ေျမာက္ဦးၿမိဳ႕နယ္၊ ပီပင္ကုန္းေက်းရြာမွာ မေန႔ မတ္လ၁၈ရက္ ေန႔လယ္ ၁ နာရီခြဲေလာက္က ေတာမီးေလာင္မႈျဖစ္ပြားၿပီး ထိုမွတဆင့္ ပီပင္ကုန္းရြာသို႔ကူးစက္ေလာင္က်ြမ္းခဲ႕လို႕ ေနအိမ္ (၇) လံုး မီးေလာင္မႈျဖစ္တဲ့အနက္ အိမ္ (၆) ေဆာင္မွာ လံုးဝျပာက်သြားေၾကာင္းသိရပါတယ္။

ေက်းရြာတြင္း ေနအိမ္(၇) လံုးမီးေလာင္သြားတာေၾကာင့္ အိမ္ပိုင္႐ွင္ေတြဟာ ေဆြမ်ိဳးေတြအိမ္မွာ ယာယီခိုလံုေနရၿပီး အစိုးရကေထာက္ပ့ံေပးေစလိုေၾကာင္း အိမ္မီးေလာင္ ဆံုးရံႉးသြားသူေတြကေျပာပါတယ္။

မီးေလာင္ဆံုးရံႉးသြားတဲ့ အိမ္ပိုင္႐ွင္ ဦးေမာင္ေက်ာ္သန္းက” က်ေနာ့္မွာ တိုက္အိမ္က ေဆာက္ေနတုန္း႐ွိေသးတယ္။ သိန္း ၁၀၀ ေက်ာ္ေလာက္တန္ဖိုး႐ွိပါတယ္။ စပါးက်ီလည္း မီးေလာင္လို႔ ဆံုးရံႉးသြားရတယ္။ တျခားႏိုင္ငံေတြမွာဆိုရင္ ျပည္သူေတြဒုကၡ​ေရာက္ေနရင္ အစိုးရက ပ့ံပိုးကူညီေပးတယ္။ အခုလည္း က်ေနာ္တို႔ကို က်ေနာ္တို႔ျပည္နယ္စိုးရက ပ့ံပိုးကူညီေပးမယ္လို႔ ေမ်ွာ္လင့္ပါတယ္။ အစိုးရကိုလည္း အခုမီးေလာင္မႈကို တင္ျပဖို႔လုပ္ေနပါတယ္။” လို႔ သူအိမ္မီးေလာင္ဆံုးရံႉမႈေတြကို ေျပာျပပါတယ္။

အဲဒီ မီးေလာင္မႈကို ေျမာက္ဦးၿမိဳ႕နယ္မီးသတ္ဦးစီးက မီးသတ္ကား ၃ စီးနဲ႔ ၄ နာရီခန္႔ၾကာ ၿငိမ္သတ္ခဲ့ရေၾကာင္း သိရပါတယ္။

မီးေလာင္ၿပီး ေနအိမ္ဆံုးရႉံးလိုက္ရတဲ့သူေတြမွာ (၁) ဦးေမာင္ေက်ာ္သန္း၊(၂) ဦးေက်ာ္ဝင္း၊ (၃) ဦးထြန္းတင္၊ (၄) ဦးေအာင္ေက်ာ္ၫႊန္႔၊ (၅) ဦးေမာင္ေအးေက်ာ္နဲ႔ (၆) ဦးေမာင္သန္းလႈိင္ တို႔ျဖစ္ေၾကာင္း သိရပါတယ္။

ပီးပင္ကုန္းေက်းရြာတြင္း ေနအိမ္(၇) လံုးမီးေလာင္တဲ့အနက္ ဦးေမာင္ထြန္းတင္ရဲ႕အိမ္မွာ အခ်ိန္မီၿငိမ္းသတ္ႏိုင္ခဲ႔ၿပီး ေက်းရြာတြင္းအိမ္ေတြမီးေလာင္ပ်က္စီးဆံုးရံႉးမႈတန္ဖို႔းမွာ ခန္႔မွန္း သိန္ ၁ ေထာင္ ဖိုး​ေလာက္႐ွိေၾကာင္း မီးေလာင္ၿပီး ေနအိမ္ဆံုးရံႉးလိုက္သူတစ္ဦးကေျပာပါတယ္။

” အိမ္ ၇ ေဆာင္မီးေလာင္သြားပါတယ္။ ဘယ္ကေနစေလာင္တယ္ဆိုေတာ့ ေတာဖက္ကေနၿပီးေလာင္လာတာကိုပဲ ျမင္တယ္။ ဘယ္လိုေလာင္လာတယ္ဆိုတာ ေသခ်ာမသိဘူး။ အိမ္က ၇ ေဆာင္ေလာက္ပါသြားတာမွာ ၆ ေဆာင္ျပာက်တယ္။ ေနာက္တေဆာင္က ရြာသားေတြနဲ႔ မီးသတ္ကားက အခ်ိန္မွီၿငိမ္းသတ္ႏိုင္ခဲ႔တယ္။” လို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴ းက အတည္ျပဳေျပာပါတယ္။

#voiceofmyanmar #VOM #ေျမာက္ဦးပီပင္ကုန္းမီေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW