ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို

#voiceofmyanmar #VOM #AA #CNF

ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို

စစ်တွေ၊ မတ် ၂၀- ၂၀၂၀
ခိုင်လင်းစံ (VOM)

တပ်မတော်နဲ့အေအေတို့ ကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်တန့်ပြီး အေအေအနေဖြင့် ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ချင်းအမျိုးသားပိုင်နေမြေတွေအတွင်း စစ်ရေးအရအခြေချနေထိုင်မှု လုံးဝမပြုလုပ်ဖို့ကို ချင်အမျိုးသားတပ်ဦး(CNF) ကမနေ့ မတ်၁၉ ရက်နေ့ ချင်အမျိုးသားတပ်ဦးရဲ့ သတ္တမအကြိမ် ညီလာခံမှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အခုလိုမျိုးထုတ်ပြန်တောင်းဆိုရတာဟာ တပ်မတော်နဲ့ အေအေကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ ခင်းအမျိုးသားတွေအပေါ် ချင်းအမျိုးသားတွေအပေါ်စစ်ရာဇဝတ်မှု ကျူ းလွန်မှုတွေဟာ အရေးပေါ်အခြေအနေရောက်ရှိနေပြီလို့မှတ်ယူပြီး တပ်မတော်နဲ့ အေအေတို့အနေနဲ့ သူတို့နေမြေထဲမှာ တိုက်ပွဲတွေချက်ချင်း ရပ်တန့်လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ယခုအချိန်အခြေအနေမှာ အေအေအနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသကနေထွက်သွားဖို့ဆိုတာဟာ ခက်ခဲနေအုံးမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ရှူမြင်သုံးသပ်ပါတယ်။

” ဒါကတော့ ချင်းအမျိုးသားတွေအနေနဲ့ သူတို့ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိတယ်ဆိုရင် စစ်ရေးအရ သူတို့ရဲ့ ချင်းပြည်သူတွေ ထိခိုက်တယ်ဆိုတဲ့ အမြင်ဘက်ကနေ လက်ခံပြီးပြောဆိုတာထင်ပါတယ်။ အေအေဖက်က ကြည့်ရင်လည်း တောတောင်ထူထပ်တဲ့ စစ်ရေးအရလှုပ်ရှားနိုင်စွမ်းရှိတဲ့ ဒေသတ်ခုကို အခြေပြုလုှပ်ရှားတယ် ထင်ပါတယ်။ ဒါကတော့ CNF နဲ့ အေအေကြားမှာ ဖြေရှင်ရမယ့် ပြသနာတစ်ခုအဖြစ် ထွက်လာတယ်လို့ ပြောရမှာပဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆိုင်ပါလိမ့်မယ်။” လို့ သူ့အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

ဒီထုတ်ပြန်တောင်းဆိုချက်နဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့်အဆက်အသွယ်မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #AA #CNF

zawgyi

ခ်င္းျပည္နယ္မွာ ေအေအ အေျခခ်လွဳပ္႐ွားမႈမလုပ္ဖို႔ CNF ေတာင္းဆို

စစ္ေတြ၊ မတ္ ၂၀- ၂၀၂၀
ခိုင္လင္းစံ (VOM)

တပ္မေတာ္နဲ႔ေအေအတို႔ ၾကားျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေတြကို ရပ္တန္႔ၿပီး ေအေအအေနျဖင့္ ခ်င္းျပည္နယ္နဲ႔ ခ်င္းလူမ်ိဳးေတြေနထိုင္တဲ့ ခ်င္းအမ်ိဳးသားပိုင္ေနေျမေတြအတြင္း စစ္ေရးအရအေျခခ်ေနထိုင္မႈ လံုးဝမျပဳလုပ္ဖို႔ကို ခ်င္အမ်ိဳးသားတပ္ဦး(CNF) ကမေန႔ မတ္၁၉ ရက္ေန႔ ခ်င္အမ်ိဳးသားတပ္ဦးရဲ႕ သတၱမအႀကိမ္ ညီလာခံမွာ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

အခုလိုမ်ိဳးထုတ္ျပန္ေတာင္းဆိုရတာဟာ တပ္မေတာ္နဲ႔ ေအေအၾကားျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေတြဟာ ခင္းအမ်ိဳးသားေတြအေပၚ ခ်င္းအမ်ိဳးသားေတြအေပၚစစ္ရာဇဝတ္မႈ က်ဴ းလြန္မႈေတြဟာ အေရးေပၚအေျခအေနေရာက္႐ွိေနၿပီလို႔မွတ္ယူၿပီး တပ္မေတာ္နဲ႔ ေအေအတို႔အေနနဲ႔ သူတို႔ေနေျမထဲမွာ တိုက္ပြဲေတြခ်က္ခ်င္း ရပ္တန္႔လိုတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ရဲ႕ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ ယခုအခ်ိန္အေျခအေနမွာ ေအေအအေနနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝေဒသကေနထြက္သြားဖို႔ဆိုတာဟာ ခက္ခဲေနအံုးမွာျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာသံုးသပ္သူ စာေရးဆရာ ဦးေမာင္ေမာင္စိုးက ရႉျမင္သံုးသပ္ပါတယ္။

” ဒါကေတာ့ ခ်င္းအမ်ိဳးသားေတြအေနနဲ႔ သူတို႔ျပည္နယ္မွာ စစ္ေရးလႈပ္႐ွားမႈေတြ႐ွိတယ္ဆိုရင္ စစ္ေရးအရ သူတို႔ရဲ႕ ခ်င္းျပည္သူေတြ ထိခိုက္တယ္ဆိုတဲ႔ အျမင္ဘက္ကေန လက္ခံၿပီးေျပာဆိုတာထင္ပါတယ္။ ေအေအဖက္က ၾကည့္ရင္လည္း ေတာေတာင္ထူထပ္တဲ့ စစ္ေရးအရလႈပ္႐ွားႏိုင္စြမ္း႐ွိတဲ့ ေဒသတ္ခုကို အေျချပဳလုွပ္႐ွားတယ္ ထင္ပါတယ္။ ဒါကေတာ့ CNF နဲ႔ ေအေအၾကားမွာ ေျဖ႐ွင္ရမယ့္ ျပသနာတစ္ခုအျဖစ္ ထြက္လာတယ္လို႔ ေျပာရမွာပဲ။ ဘယ္လိုေျဖ႐ွင္းရမလဲဆိုတာေတာ့ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ ဆိုင္ပါလိမ့္မယ္။” လို႔ သူ႔အျမင္ကို သံုးသပ္ေျပာဆိုပါတယ္။

ဒီထုတ္ျပန္ေတာင္းဆိုခ်က္နဲ႔ ပတ္သက္လို႔ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ကိုဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအေအေျပာေရးဆိုခြင္႐ွိသူ ခိုင္သုခကို ဆက္သြယ္ခဲ့ေပမယ့္အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

#voiceofmyanmar #VOM #AA #CNF

Related posts

Leave a Comment

VOM News

FREE
VIEW