COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်

#voiceofmyanmar #VOM #ဖရဲသခြါးေမႊး

COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်

နန်းထက်ထက်ချစ်( VOM)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ Corona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုနဲ့တစ်ခု၊ မြို့တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှုတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွေမှာလည်း ကုန်သွယ်မှုလုပ်ငန်း အများစု ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။

နှစ်စဉ် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်-မြန်မာ ကုန်သွယ်မှု လျော့နည်းလေ့ရှိပေမယ့် ၂၀၂၀ခုနှစ်မှာတော့ Corona Virus ရောဂါပိုး စတင်ကူးစက်မှုဟာ Global Economy အတိုင်းအတာအထိ သက်ရောက်တာကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှု များပြားခဲ့ပါတယ်။ ဒီသက်ရောက်ထဲမှာ မြန်မာ့ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူတွေဟာလည်း နစ်နာဆုံးရှုံးမှုကို ခံစားရတဲ့ ပြည်သူတွေထဲ ပါဝင်ခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ် ဂယက်ကြောင့် ပူလောင်ခဲ့ရတဲ့ ဖရဲသခွားမွှေးတောင်သူတွေ

အကြမ်းဖျဉ်းအားဖြင့် ဖရဲ၊ သခွားမွှေး တစ်ဧကစိုက်ပျိုးစရိတ်က ကျပ်သိန်း(၃၀)ကနေ (၄၅)သိန်းကျပ်လောက် ကုန်ကျပြီး၊ ဖရဲသခွားစိုက်ပျိုးရာ ဒေသတွေကနေ မူဆယ်အထိ သယ်ယူပို့ဆောင်စရိတ်ကလည်း မနည်းပါဘူး။ “စစ်ကိုင်းတိုင်း၊ ဘုတလင်ကနေ မူဆယ် (၁၀၅)မိုင်ကွင်း အထိ ခရီးအကွာအဝေးအတိုင်း တွက်ချက်မယ်ဆိုရင် (၁၂)ဘီးကားတစ်စီးကို ကျပ်(၁၀)သိန်းကနေ (၁၅)သိန်း ဝန်းကျင်လောက် ပေးရတယ်” လို့ စစ်ကိုင်းတိုင်းက ဖရဲစိုက်တောင်သူတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလို ကုန်ကျစရိတ်တွေ ရင်းနှီးထားရပြီး၊ စိုက်ပျိုးတဲ့ မျိုးစေ့အလိုက် ရက်ပေါင်း (၆၅)ရက်နေ ရက်(၉၀)လောက် ဂရုတစိုက် အချိန်ပေးစိုက်ပျိုးထားရတဲ့ ဖရဲသခွားမွှေးသီးနှံတွေ ဈေးထိုးကျသွားမှာလား? အဆင်ပြေပြေနဲ့ ရောင်းချနိုင်ဖို့ ဘာလိုကြိုးစားကြမလဲ? ဆိုပြီး၊ COVID-19 ဗိုင်းရပ်စ် ဂယက်ကြောင့် တောင်သူတွေ ဗျာများခဲ့ကြပါတယ်။ အဓိက ဈေးကွက်ဆိုလို့လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကတဆင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုကိုသာ အမှီပြုရောင်းချနေရတာကိုး…။ ဒါတောင်မှ တရုတ်ပြည် ဟွိုင်နန်ကျွန်းမှာ ဖရဲသခွားပေါ်ချိန်ဆိုရင် မြန်မာ့ဖရဲသခွားတွေ ဈေးကောင်းမရတာမျိုး၊ ဖရဲသခွားမွှေး ဈေးက တစ်နေ့ရွေ၊ တစ်နေ့ငွေ ဖြစ်တတ်သလို တရုတ်ငွေဈေးအတက်အကျပေါ် မူတည်နေတာမျိုးတွေကလည်း တောင်သူတွေ နှစ်စဉ်ကြုံတွေ့ခံစားရတဲ့ အခက်အခဲတွေပါ။

 

  #voiceofmyanmar #VOM #ဖရဲသခြါးေမႊး
COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်

တရုတ်ဈေးကွက်တစ်ခုတည်း အားကိုးနေတော့မှာလား?

တရုတ်ဈေးကွက်ကိုသာ အမှီပြုနေမယ့်အစား ပြည်တွင်းဈေးကွက်တိုးချဲ့ပြီး၊ ပြည်ပဈေးကွက်သစ်တွေ ဖော်ဆောင်ဖို့အတွက် မြန်မာ့ဖရဲသခွားမွှေးပွဲတော် ၂၀၂၀ ကို ဖေဖော်ဝါရီလ (၂၉)ရက်ကနေ၊ မတ်လ (၄)ရက်အထိ၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီး (ဆင်ဖြူကျွန်းနှင့်မြေပဒေသာကျွန်း)မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ ကူညီမှုတွေနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(UMFCCI)က ပါဝင်ပံ့ပိုးပြီး၊ မြန်မာနိုင်ငံ သစ်သီးဝလံနှင့်ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP)၊ မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့က ဦးဆောင်စီစဉ်ခဲ့တာပါ။

ဖရဲသခွားမွှေးကို ပုံမှန်စားသုံးနေကြပုံစံအပြင်၊ ဟင်းအဖြစ် ချက်ပြုတ်လာနိုင်အောင် လက်တွေ့ ချက်ပြုတ်ပြတာတွေ၊ သီးစုံအရောဖျော်ရည်လုပ်ပြတာတွေ၊ သစ်သီးအလှဆင်ပုံဖော်ပြိုင်ပွဲ၊ အချိုပွဲပြင်ပြိုင်ပွဲ၊ ဖရဲပေါက်ပွဲတော် စတဲ့ ပျော်စရာအစီအစဉ်တွေနဲ့ ဖရဲသခွားမွှေး စားသုံးမှုပိုများလာအောင် ရန်ကုန်လူထုရဲ့အမြင်ကို ဆွဲဆောင်ခဲ့ကြပါတယ်။

“အဓိကကတော့ COVID-19 ဗိုင်းရပ်စ် ဂယက်ကြောင့် သောကဖြစ်နေရတဲ့ တောင်သူတွေအတွက် ဈေးကွက်သစ်တွေ ရလာဖို့ပါ။ ပြည်ပကိုချည်း အားမကိုးရအောင်နဲ့ ပြည်တွင်းဈေးကွက်တွေ ဖော်ဆောင်ပေးချင်တာကြောင့်ပါ။ ပထမအကြိမ် ဖရဲသခွားပွဲတော်လေး လုပ်ခဲ့တာ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ဒညင်းကုန်းဈေးမှာ ဆိုင်ခန်းတွေဖွင့်ပြီး တောင်သူတွေ ရောင်းချနိုင်အောင်လည်း စီစဉ်ပေးနေပါပြီ။ တောင်သူနဲ့ ဝယ်ယူစားသုံးသူ တိုက်ရိုက်ရောင်းချ သွားနိုင်ဖို့ အတွက်ပါ။ ဖရဲသီးကို အခြောက်ခံတာ၊ စည်သွပ်တာ၊ ဖျော်ရည်ထုတ်တာ စတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကိုလည်း စတင် စမ်းသပ်ထုတ်လုပ်နေပါပြီ။” လို့ မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းသူများအသင်း ဥက္ကဌ ဦးနိုင်ဝင်းက ပြောဆိုပါတယ်။

မတ်လအလယ်က ဖရဲသခွားမွှေး မျှော်လင့်ချက်ရောင်ခြည်..

ဘယ်လိုအခက်အခဲကြုံလာလာ၊ ထုသားပေသားကျပြီးသား မြန်မာတောင်သူတွေကတော့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတစ်လလုံးလည်း ရင်တထိတ်ထိတ်နဲ့ပဲ..။ မတ်လမှာ COVID-19 ဗိုင်းရပ်စ် ဂယက်ကြောင့် သေတဲ့သူ စာရင်းတွေကို အွန်လိုင်းက မြင်ရ ကြားရပေမယ့်လည်း ထွက်နေတဲ့ ဖရဲသခွားမွှေးတွေကို မရောင်းလို့ကလည်း မဖြစ်တော့ ရှုံးခါမှ ရှုံးရော၊ ရောဂါ ကူးခါမှကူးရော မူဆယ်တက်လာတဲ့ကားတွေလည်း တက်လာကြ၊ အသီးမခူးသေးပဲ ခဏထားပြီး၊ ဈေးကွက်ကို စနည်းနာသူတွေလည်း နာကြဆဲပါ။

“တရုတ်အစိုးရက ပြည်ပထွက် တရုတ်နိုင်ငံသားတွေ ပြန်ဝင်လာရင် (၁၄)ရက်စောင့်ကြည့်မယ် ဆိုတဲ့ ကောလဟာလတွေ ၁၇ ရက်နေ့က ထွက်ခဲ့ပါသေးတယ်။ ဒီကောလဟာလကြောင့် တရုတ်တွေက မဝယ်တော့ပဲ ပြန်ကုန်တယ်။ ဖရဲကားတွေက တရုတ်ဝယ်လက်တွေနောက်ကို လိုက်ရောင်းနေရတော့ မနေ့ကတစ်ရက်လုံး ဒုက္ခရောက်သွားတာပါ။ ဒီနေ့တော့ ပုံမှန်အတိုင်း ပြန်ရောင်းချနေပါပြီ။ လူစုလူဝေး မဖြစ်အောင်တော့ ကြေငြာချက်ထုတ်ထားပါတယ်။” လို့ ပဲခူးတိုင်းဒေသကြီးက ဖရဲစိုက်တောင်သူ ကိုဖိုးလုံးက ပြောပါတယ်။

COVID-19 ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့၊ (၁၀၅)မိုင် သစ်သီးရောင်းကွင်းမှာ ဝင်ရောက်ရောင်းချနေတဲ့ ကုန်သည်တွေ မူဆယ်ဂိတ်ကို ကျော်လွန်ပြီး အရောင်းကွင်းထဲ မဝင်ဖို့ မူဆယ်၊ သစ်သီးဝလံကုန်စည်ဒိုင်မှ ကြေညာချက်တစ်ရပ်ကို မတ်လ(၁၈)ရက်က ထုတ်ပြန်ခဲ့ပါတယ်။ လူစုလူဝေးဖြစ်ခြင်းကို လျော့ချနိုင်စေဖို့ အတွက် ဝယ်လက်များ၊ ပွဲရုံပွဲစားများ၊ ဖရဲသခွားတင်ကားသမားများ၊ တာဝန်ရှိသူဝန်ထမ်းများ၊ အေးဂျင့်များမှအပ ဂိတ်တံခါးကို ကျော်လွန်ပြီး အရောင်းကွင်းစင်ပေါ်ကို တက်ရောက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။

“တရုတ်အစိုးရကနေ သူ့ပြည်တွင်းက လူတွေကို ပြည်ပထွက်ခွာတာတို့ လေယျာဉ်ခရီးစဉ်တို့ကို ပိတ်ထားတာ။ နယ်စပ်ဝင်ထွက်ပြီး၊ အသီးရောင်းဝယ်တာကိုတော့ ယူနန်ပြည်နယ်အစိုးရက ဖြေလျော့ပေးလိုက်ပါတယ်။ တောင်သူတွေကို ဖရဲအရောင်းစင်ပေါ် မတက်ခိုင်းတာကတော့ ရောဂါကာကွယ်မှု အားနည်းတာကြောင့် ကူးစက်ပြန့်ပွားမှာ စိုးရိမ်လို့ပါ။ တရုတ်နိုင်ငံ အနေနဲ့လည်း ရောဂါကာကွယ်မှုတွေ လုပ်ဆောင်နေတာမို့၊ မတ်လအလယ်မှာ မျှော်လင့်ချက်ပြန်ရှိလာပါတယ်။ ဖရဲ၊သခွားမွှေး ဝယ်လိုအား ပြန်များလာပါတယ်။” လို့ မူဆယ်၊ သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်က ဆိုပါတယ်။

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာ့အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါပိုးတစ်ခုဖြစ်တာမို့ ဒီရောဂါပိုး ကူးစက်ပြန်ပွားမှု တည်ငြိမ်တာနဲ့အမျှ မြန်မာ့ဖရဲသခွားမွှေးဈေးကွက်ဟာလည်း မျှော်လင့်ရောင်ခြည်လေးတွေ ပြန်သန်းလာမှာပဲ ဖြစ်ပါတယ်။

၂၀၂၀ခုနှစ်၊ မတ်လ(၁၉)ရက်နေ့မှာတော့ မြန်မာ့ဖရဲ၊သခွားမွှေး ကားအစီးရေ (၃၅၀)ကျော်ကို မူဆယ်ကနေ တရုတ်ပြည်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ မူဆယ်၊ သစ်သီးဝလံကုန်စည်ဒိုင်ရဲ့ စာရင်းတွေကနေ သိရှိရပါတယ်။

#voiceofmyanmar #VOM #ဖရဲသခွါးမွှေး

zawgyi

COVID-19 ဗိုင္းရပ္စ္ ဂယက္နဲ႔ ျမန္မာ့ဖရဲသခြားေမႊး ေစ်းကြက္

နန္းထက္ထက္ခ်စ္( VOM)

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ Corona Virus ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္း ျပည္နယ္တစ္ခုနဲ႔တစ္ခု၊ ၿမိဳ႕တစ္ခုနဲ႔တစ္ခု ကူးလူးဆက္ဆံမႈေတြကို ပိတ္ဆို႔ျဖတ္ေတာက္လိုက္ပါတယ္။ ဒီလိုနဲ႔ ကုန္သြယ္မႈေတြ ရပ္ဆိုင္းသြားခဲ့ၿပီး တ႐ုတ္နိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္ေရး ေဆာင္ရြက္လ်က္ရိွတဲ့ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေရြြေဟာ္၊ ကန္ပိုက္တီ ကုန္သြယ္ေရးစခန္းေတြမွာလည္း ကုန္သြယ္မႈလုပ္ငန္း အမ်ားစု ထိခိုက္နစ္နာမႈေတြ ရိွခဲ့ပါတယ္။

ႏွစ္စဥ္ တ႐ုတ္ႏွစ္သစ္ကူးကာလမွာ တရုတ္-ျမန္မာ ကုန္သြယ္မႈ ေလ်ာ့နည္းေလ့ရိွေပမယ့္ ၂၀၂၀ခုႏွစ္မွာေတာ့ Corona Virus ေရာဂါပိုး စတင္ကူးစက္မႈဟာ Global Economy အတိုင္းအတာအထိ သက္ေရာက္တာေၾကာင့္ တရုတ္-ျမန္မာ ကုန္သြယ္မႈလုပ္ငန္းေတြအေပၚမွာလည္း သက္ေရာက္မႈ မ်ားျပားခဲ့ပါတယ္။ ဒီသက္ေရာက္ထဲမွာ ျမန္မာ့ ဖရဲသခြားေမႊး စိုက္ပ်ဳိးထုတ္လုပ္သူေတြဟာလည္း နစ္နာဆံုးရံႈးမႈကို ခံစားရတဲ့ ျပည္သူေတြထဲ ပါ၀င္ခဲ့ပါတယ္။

COVID-19 ဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ပူေလာင္ခဲ့ရတဲ့ ဖရဲသခြားေမႊးေတာင္သူေတြ

အၾကမ္းဖ်ဥ္းအားျဖင့္ ဖရဲ၊ သခြားေမႊး တစ္ဧကစိုက္ပ်ဳိးစရိတ္က က်ပ္သိန္း(၃၀)ကေန (၄၅)သိန္းက်ပ္ေလာက္ ကုန္က်ၿပီး၊ ဖရဲသခြားစိုက္ပ်ဳိးရာ ေဒသေတြကေန မူဆယ္အထိ သယ္ယူပို႔ေဆာင္စရိတ္ကလည္း မနည္းပါဘူး။ “စစ္ကိုင္းတိုင္း၊ ဘုတလင္ကေန မူဆယ္ (၁၀၅)မိုင္ကြင္း အထိ ခရီးအကြာအေ၀းအတုိင္း တြက္ခ်က္မယ္ဆိုရင္ (၁၂)ဘီးကားတစ္စီးကို က်ပ္(၁၀)သိန္းကေန (၁၅)သိန္း ၀န္းက်င္ေလာက္ ေပးရတယ္” လို႔ စစ္ကိုင္းတိုင္းက ဖရဲစိုက္ေတာင္သူတစ္ဦးက ေျပာျပပါတယ္။

အဲ့ဒီလို ကုန္က်စရိတ္ေတြ ရင္းႏွီးထားရၿပီး၊ စိုက္ပ်ဳိးတဲ့ မ်ဳိးေစ့အလိုက္ ရက္ေပါင္း (၆၅)ရက္ေန ရက္(၉၀)ေလာက္ ဂရုတစိုက္ အခ်ိန္ေပးစိုက္ပ်ဳိးထားရတဲ့ ဖရဲသခြားေမႊးသီးႏွံေတြ ေစ်းထိုးက်သြားမွာလား? အဆင္ေျပေျပနဲ႔ ေရာင္းခ်ႏုိင္ဖို႔ ဘာလိုႀကိဳးစားၾကမလဲ? ဆိုၿပီး၊ COVID-19 ဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ေတာင္သူေတြ ဗ်ာမ်ားခဲ့ၾကပါတယ္။ အဓိက ေစ်းကြက္ဆိုလို႔လည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ကတဆင့္ တရုတ္ႏုိင္ငံေစ်းကြက္တစ္ခုကိုသာ အမီွျပဳေရာင္းခ်ေနရတာကိုး…။ ဒါေတာင္မွ တရုတ္ျပည္ ဟိြဳင္နန္ကၽြန္းမွာ ဖရဲသခြားေပၚခ်ိန္ဆိုရင္ ျမန္မာ့ဖရဲသခြားေတြ ေစ်းေကာင္းမရတာမ်ဳိး၊ ဖရဲသခြားေမႊး ေစ်းက တစ္ေန႔ေရြ၊ တစ္ေန႔ေငြ ျဖစ္တတ္သလို တရုတ္ေငြေစ်းအတက္အက်ေပၚ မူတည္ေနတာမ်ဳိးေတြကလည္း ေတာင္သူေတြ ႏွစ္စဥ္ႀကံဳေတြ႕ခံစားရတဲ့ အခက္အခဲေတြပါ။

တရုတ္ေစ်းကြက္တစ္ခုတည္း အားကိုးေနေတာ့မွာလား?

တရုတ္ေစ်းကြက္ကိုသာ အမီွျပဳေနမယ့္အစား ျပည္တြင္းေစ်းကြက္တိုးခ်ဲ႕ၿပီး၊ ျပည္ပေစ်းကြက္သစ္ေတြ ေဖာ္ေဆာင္ဖို႔အတြက္ ျမန္မာ့ဖရဲသခြားေမႊးပဲြေတာ္ ၂၀၂၀ ကို ေဖေဖာ္၀ါရီလ (၂၉)ရက္ကေန၊ မတ္လ (၄)ရက္အထိ၊ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ကန္ေတာ္ႀကီး (ဆင္ျဖဴကၽြန္းႏွင့္ေျမပေဒသာကၽြန္း)မွာ ပထမဆံုးအႀကိမ္ က်င္းပခဲ့ၾကပါတယ္။

စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ စိုက္ပ်ဳိးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္း ၀န္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖဲြ႔တို႔ရဲ႕ ကူညီမႈေတြနဲ႔ ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အဖဲြ႔ခ်ဳပ္(UMFCCI)က ပါ၀င္ပံ့ပိုးၿပီး၊ ျမန္မာႏုိင္ငံ သစ္သီး၀လံႏွင့္ပန္းမန္၊ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း(MFVP)၊ ျမန္မာႏုိင္ငံ ဖရဲ၊သခြားေမႊး စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းတို႔က ဦးေဆာင္စီစဥ္ခဲ့တာပါ။

ဖရဲသခြားေမႊးကို ပံုမွန္စားသံုးေနၾကပံုစံအျပင္၊ ဟင္းအျဖစ္ ခ်က္ျပဳတ္လာႏုိင္ေအာင္ လက္ေတြ႔ ခ်က္ျပဳတ္ျပတာေတြ၊ သီးစံုအေရာေဖ်ာ္ရည္လုပ္ျပတာေတြ၊ သစ္သီးအလွဆင္ပံုေဖာ္ၿပိဳင္ပဲြ၊ အခ်ဳိပဲြျပင္ၿပိဳင္ပဲြ၊ ဖရဲေပါက္ပဲြေတာ္ စတဲ့ ေပ်ာ္စရာအစီအစဥ္ေတြနဲ႔ ဖရဲသခြားေမႊး စားသံုးမႈပိုမ်ားလာေအာင္ ရန္ကုန္လူထုရဲ႕အျမင္ကို ဆဲြေဆာင္ခဲ့ၾကပါတယ္။

“အဓိကကေတာ့ COVID-19 ဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ေသာကျဖစ္ေနရတဲ့ ေတာင္သူေတြအတြက္ ေစ်းကြက္သစ္ေတြ ရလာဖို႔ပါ။ ျပည္ပကိုခ်ည္း အားမကိုးရေအာင္နဲ႔ ျပည္တြင္းေစ်းကြက္ေတြ ေဖာ္ေဆာင္ေပးခ်င္တာေၾကာင့္ပါ။ ပထမအႀကိမ္ ဖရဲသခြားပဲြေတာ္ေလး လုပ္ခဲ့တာ ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒညင္းကုန္းေစ်းမွာ ဆိုင္ခန္းေတြဖြင့္ၿပီး ေတာင္သူေတြ ေရာင္းခ်ႏုိင္ေအာင္လည္း စီစဥ္ေပးေနပါၿပီ။ ေတာင္သူနဲ႔ ၀ယ္ယူစားသံုးသူ တိုက္ရိုက္ေရာင္းခ် သြားႏုိင္ဖို႔ အတြက္ပါ။ ဖရဲသီးကို အေျခာက္ခံတာ၊ စည္သြပ္တာ၊ ေဖ်ာ္ရည္ထုတ္တာ စတဲ့ တန္ဖိုးျမွင့္ထုတ္ကုန္ေတြကိုလည္း စတင္ စမ္းသပ္ထုတ္လုပ္ေနပါၿပီ။” လို႔ ျမန္မာႏုိင္ငံ ဖရဲသခြားေမႊး စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ေရာင္းသူမ်ားအသင္း ဥကၠဌ ဦးႏုိင္၀င္းက ေျပာဆိုပါတယ္။

မတ္လအလယ္က ဖရဲသခြားေမႊး ေမွ်ာ္လင့္ခ်က္ေရာင္ျခည္..

ဘယ္လိုအခက္အခဲႀကံဳလာလာ၊ ထုသားေပသားက်ၿပီးသား ျမန္မာေတာင္သူေတြကေတာ့ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီလတစ္လလံုးလည္း ရင္တထိတ္ထိတ္နဲ႔ပဲ..။ မတ္လမွာ COVID-19 ဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ေသတဲ့သူ စာရင္းေတြကို အြန္လိုင္းက ျမင္ရ ၾကားရေပမယ့္လည္း ထြက္ေနတဲ့ ဖရဲသခြားေမႊးေတြကို မေရာင္းလို႔ကလည္း မျဖစ္ေတာ့ ရံႈးခါမွ ရံႈးေရာ၊ ေရာဂါ ကူးခါမွကူးေရာ မူဆယ္တက္လာတဲ့ကားေတြလည္း တက္လာၾက၊ အသီးမခူးေသးပဲ ခဏထားၿပီး၊ ေစ်းကြက္ကို စနည္းနာသူေတြလည္း နာၾကဆဲပါ။

“တ႐ုတ္အစိုးရက ျပည္ပထြက္ တ႐ုတ္နိုင္ငံသားေတြ ျပန္ဝင္လာရင္ (၁၄)ရက္ေစာင့္ၾကည့္မယ္ ဆိုတဲ့ ေကာလဟာလေတြ ၁၇ ရက္ေန႔က ထြက္ခဲ့ပါေသးတယ္။ ဒီေကာလဟာလေၾကာင့္ တရုတ္ေတြက မ၀ယ္ေတာ့ပဲ ျပန္ကုန္တယ္။ ဖရဲကားေတြက တရုတ္၀ယ္လက္ေတြေနာက္ကို လိုက္ေရာင္းေနရေတာ့ မေန႔ကတစ္ရက္လံုး ဒုကၡေရာက္သြားတာပါ။ ဒီေန႔ေတာ့ ပံုမွန္အတိုင္း ျပန္ေရာင္းခ်ေနပါၿပီ။ လူစုလူေ၀း မျဖစ္ေအာင္ေတာ့ ေၾကျငာခ်က္ထုတ္ထားပါတယ္။” လို႔ ပဲခူးတိုင္းေဒသႀကီးက ဖရဲစိုက္ေတာင္သူ ကိုဖိုးလံုးက ေျပာပါတယ္။

COVID-19 ဗိုင္းရပ္စ္ကို ႀကိဳတင္ကာကြယ္ဖို႔၊ (၁၀၅)မိုင္ သစ္သီးေရာင္းကြင္းမွာ ဝင္ေရာက္ေရာင္းခ်ေနတဲ့ ကုန္သည္ေတြ မူဆယ္ဂိတ္ကို ေက်ာ္လြန္ၿပီး အေရာင္းကြင္းထဲ မဝင္ဖို႔ မူဆယ္၊ သစ္သီး၀လံကုန္စည္ဒိုင္မွ ေၾကညာခ်က္တစ္ရပ္ကို မတ္လ(၁၈)ရက္က ထုတ္ျပန္ခဲ့ပါတယ္။ လူစုလူေဝးျဖစ္ျခင္းကို ေလ်ာ့ခ်ႏုိင္ေစဖို႔ အတြက္ ၀ယ္လက္မ်ား၊ ပဲြရံုပဲြစားမ်ား၊ ဖရဲသခြားတင္ကားသမားမ်ား၊ တာ၀န္ရိွသူ၀န္ထမ္းမ်ား၊ ေအးဂ်င့္မ်ားမွအပ ဂိတ္တံခါးကို ေက်ာ္လြန္ၿပီး အေရာင္းကြင္းစင္ေပၚကို တက္ေရာက္ခြင့္မျပဳေတာ့တာ ျဖစ္ပါတယ္။

“တရုတ္အစိုးရကေန သူ႔ျပည္တြင္းက လူေတြကို ျပည္ပထြက္ခြာတာတို႔ ေလယ်ာဥ္ခရီးစဥ္တို႔ကို ပိတ္ထားတာ။ နယ္စပ္၀င္ထြက္ၿပီး၊ အသီးေရာင္း၀ယ္တာကိုေတာ့ ယူနန္ျပည္နယ္အစိုးရက ေျဖေလ်ာ့ေပးလိုက္ပါတယ္။ ေတာင္သူေတြကို ဖရဲအေရာင္းစင္ေပၚ မတက္ခုိင္းတာကေတာ့ ေရာဂါကာကြယ္မႈ အားနည္းတာေၾကာင့္ ကူးစက္ျပန္႔ပြားမွာ စိုးရိမ္လို႔ပါ။ တရုတ္ႏုိင္ငံ အေနနဲ႔လည္း ေရာဂါကာကြယ္မႈေတြ လုပ္ေဆာင္ေနတာမို႔၊ မတ္လအလယ္မွာ ေမွ်ာ္လင့္ခ်က္ျပန္ရိွလာပါတယ္။ ဖရဲ၊သခြားေမႊး ၀ယ္လိုအား ျပန္မ်ားလာပါတယ္။” လို႔ မူဆယ္၊ သစ္သီး၀လံကုန္စည္ဒိုင္ ဒုတိယဥကၠဌ ဦးစိုင္းခင္ေမာင္က ဆိုပါတယ္။

COVID-19 ဗိုင္းရပ္စ္ပိုးဟာ ကမာၻ႔အတိုင္းအတာနဲ႔ ျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါပိုးတစ္ခုျဖစ္တာမို႔ ဒီေရာဂါပိုး ကူးစက္ျပန္ပြားမႈ တည္ၿငိမ္တာနဲ႔အမွ် ျမန္မာ့ဖရဲသခြားေမႊးေစ်းကြက္ဟာလည္း ေမွ်ာ္လင့္ေရာင္ျခည္ေလးေတြ ျပန္သန္းလာမွာပဲ ျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္၊ မတ္လ(၁၉)ရက္ေန႔မွာေတာ့ ျမန္မာ့ဖရဲ၊သခြားေမႊး ကားအစီးေရ (၃၅၀)ေက်ာ္ကို မူဆယ္ကေန တရုတ္ျပည္ေစ်းကြက္ကို တင္ပို႔ေရာင္းခ်ႏုိ္င္ခဲ့တယ္လို႔ မူဆယ္၊ သစ္သီး၀လံကုန္စည္ဒိုင္ရဲ႕ စာရင္းေတြကေန သိရိွရပါတယ္။

#voiceofmyanmar #VOM #ဖရဲသခြါးေမႊး

Related posts

Leave a Comment

VOM News

FREE
VIEW