ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာပွဲတွေနဲ့ လူအများပါဝင်တဲ့ပွဲတွေကို တားမြစ်

ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာပွဲတွေနဲ့ လူအများပါဝင်တဲ့ပွဲတွေကို တားမြစ်

မြစ်ကြီးနား၊ မတ် ၂၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်မှာ လူစုလူဝေးနဲ့ လုပ်တဲ့ပွဲတွေ ၊ ဘာသာရေးအခမ်းအနားတွေ၊ ဟိုတယ်၊ မိုတယ်တွေမှာ ပွဲလက်ခံထားမှုတွေကို ရပ်နားထားလိုက်ပြီလို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးမှူး ဒေါက်တာသိန်းမြို့ကပြောပါတယ်။

” ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တစ်လ နှစ်ကြိမ်တွေ့ဆုံတာတွေလုပ်တယ် ၊ နိုင်ငံခြားကဝင်လာသူတွေ ၊ ပြန်လာသူတွေကို စောင့်ကြည့်ပြီး သံသယလူနာတွေ့လျှင် သတင်းပေးဖို့ပေါ့၊ ဘာသာရေးပွဲလည်း ဘာပွဲမှမရှိဘူး ၊ အကုန်လုံးနားသွားပြီ ပဋ္ဌာန်းပွဲတွေရော ၊ ဗုဒ္ဓဘာသာ၊ ခရစ္စယာန် ဘာသာပေါင်စုံပေါ့နော်၊ အကုန်ဘာပွဲမှ မရှိတော့ဘူး။ ဘုရားသွားကျောင်းတက် ကိစ္စတွေမှာလည်း ကိုဗစ်နဲ့ ပါတ်သက်လို့ ဘာသားရေးခေါင်းဆောင်တွေဆီကိုလည်း ဘယ်လိုလိုက်နာရမယ်ဆိုတာ အကုန်အသိပေးပြီးပါပြီ၊ အဓိကက လက်သန့်ရှင်းဖို့ လူအနည်းဆုံးနဲ့ လုပ်ကြဖို့ပေါ့နော် ဘုရားကျောင်းသင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေဆီလည်း အကုန်အသိပေးပြီးသားပါ ” လို့ ဒေါက်တာသိန်းမြို့ကပြောပါတယ်။

ကချင်ပြည်နယ်အစိုးရကလည်း ပြည်နယ် ၊ ခရိုင်/ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူစုလူဝေးနဲ့လုပ်မယ့်တွေ့ဆုံပွဲ၊ အခမ်းအနား၊ ဟောပြောပွဲ ၊ အစည်းအဝေးတွေနဲ့ သင်တန်းတွေ မလုပ်ဖို့ ၊ ရုပ်ရှင်ရုံတွေမပြသဖို့ ၊ အရောင်းမြှင်တင်ရေးပွဲတွေ မလုပ်ဖို့ ၊ အများပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရမယ့် အခမ်းအနားများ ပွဲလမ်းသဘင်တွေ သင်္ကြန်စင်ဆောက်တာတွေ ၊ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ လူမှုရေးဆိုင်ရာ အခမ်းအနားနဲ့ပွဲလမ်းသဘင်တွေ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးအဆင့်ဆင့်က ကျင်းပဖျော်ဖြေပွဲတွေ ဧပြီလကုန်အထိ ရက်ရွှေ့ထားဖို့၊ အပတ်စဉ်ဆောင်ရွက်နေတဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေ မဖြစ်မနေဆောင်ရွက်မယ်ဆိုလျှင် လူဦးရေအနည်းဆုံးနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ မတ်လ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ပြည်နယ်အတွင်းက တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်တွေကိုလည်း ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ဖို့နဲ့ ပုဂ္ဂလိကဘော်ဒါဆောင်ဖွင့်တာတွေ ခေတ္တရပ်နားထားလိုက်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်တွေ ၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြု ပုဂ္ဂလိကမူကြိုကျောင်းတွေ အနေနဲ့လည်း လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

” အကုန်လုံး ဘာသာရေး၊ ပညာရေး၊ လုပ်ငန်းခွင်တွေရော ချိတ်ဆက်ဆောင်ရွက်‌နေကြပါတယ်၊ ကျောင်းတွေက‌တော့ အခု‌တော်တော်များများ ပိတ်ထားကြပါပြီ၊ နယ်စပ်ဂိတ်ကိုလည်း ၃ လလောက်ရှိပြီ အပူချိန်တိုင်းတာတွေစစ်တယ် ၊ လုပ်ငန်းခွင်နဲ့ ကုမ္ပဏီတွေ၊ တည်းခိုခန်းတွေကိုလည်း နှစ်ခေါက်ရှိပြီ တွေ့ဆုံအသိပေးထားတယ် ၊ ကျန်းမာရေးဝန်ထမ်းတွေသွားပြီး အသိပေးဟောပြောထားတာ သံသယလူနာတွေ့လျှင် သတင်းပေးကြဖို့ ဆောင်ရွက်ထားပြီးပါပြီ ” လို့ ဒေါက်တာသိန်းမြို့ကပြောပါတယ်။

အဲ့ဒါအပြင် ပြည်နယ်အစိုးရ ထုတ်ပြန်ချက်မှာ အများပြည်သူ ထိတ်လန့်စေမယ့် မမှန်သတင်း၊ ကောလဟလသတင်းတွေကို ဖန်တီးဖြန့်ဝေမှုမပြုဖို့ ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးနှိုးဆော်ချက်တွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်သွားဖို့၊ ကိုယ့်ပတ်ဝန်းကျင်မှာ သံသယလူနာတွေ့ပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် နီးစပ်ရာကျန်းမာရေးဌာနတွေဆီၤ အမြန်ဆုံးသတင်းပို့ အသိပေးဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #လူအများပါဝင်တဲ့ #ဘာသာရေးဆိုင်ရာပွဲတွေ #တားမြစ်

Zawgyi

ကခ်င္ျပည္နယ္မွာ ဘာသာေရးဆိုင္ရာပြဲေတြနဲ႔ လူအမ်ားပါဝင္တဲ့ပြဲေတြကို တားျမစ္

ျမစ္ႀကီးနား၊ မတ္ ၂၁-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္မွာ လူစုလူေဝးနဲ႔ လုပ္တဲ့ပြဲေတြ ၊ ဘာသာေရးအခမ္းအနားေတြ၊ ဟိုတယ္၊ မိုတယ္ေတြမွာ ပြဲလက္ခံထားမႈေတြကုိ ရပ္နားထားလိုက္ၿပီလို႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ က်န္းမာ‌ေရးမႉး ေဒါက္တာသိန္းၿမိဳ႕ကေျပာပါတယ္။

” ၿပီးခဲ့တဲ့ ဒီဇင္ဘာကတည္းက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ တစ္လ ႏွစ္ႀကိမ္ေတြ႕ဆုံတာေတြလုပ္တယ္ ၊ ႏိုင္ငံျခားကဝင္လာသူေတြ ၊ ျပန္လာသူေတြကို ေစာင့္ၾကည့္ၿပီး သံသယလူနာေတြ႕လွ်င္ သတင္းေပးဖို႔ေပါ့၊ ဘာသာေရးပြဲလည္း ဘာပြဲမွမရွိဘူး ၊ အကုန္လုံးနားသြားၿပီ ပ႒ာန္းပြဲေတြေရာ ၊ ဗုဒၶဘာသာ၊ ခရစၥယာန္ ဘာသာေပါင္စုံေပါ့ေနာ္၊ အကုန္ဘာပြဲမွ မရွိေတာ့ဘူး။ ဘုရားသြားေက်ာင္းတက္ ကိစၥေတြမွာလည္း ကိုဗစ္နဲ႔ ပါတ္သက္လို႔ ဘာသားေရးေခါင္းေဆာင္ေတြဆီကိုလည္း ဘယ္လိုလိုက္နာရမယ္ဆိုတာ အကုန္အသိေပးၿပီးပါၿပီ၊ အဓိကက လက္သန႔္ရွင္းဖို႔ လူအနည္းဆုံးနဲ႔ လုပ္ၾကဖို႔ေပါ့ေနာ္ ဘုရားေက်ာင္းသင္းအုပ္ဆရာေတြနဲ႔ ဘုန္းေတာ္ႀကီးေတြဆီလည္း အကုန္အသိေပးၿပီးသားပါ ” လို႔ ေဒါက္တာသိန္းၿမိဳ႕ကေျပာပါတယ္။

ကခ်င္ျပည္နယ္အစိုးရကလည္း ျပည္နယ္ ၊ ခ႐ိုင္/ ၿမိဳ႕နယ္၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ လူစုလူေဝးနဲ႔လုပ္မယ့္ေတြ႕ဆုံပြဲ၊ အခမ္းအနား၊ ေဟာေျပာပြဲ ၊ အစည္းအေဝးေတြနဲ႔ သင္တန္းေတြ မလုပ္ဖို႔ ၊ ႐ုပ္ရွင္႐ုံေတြမျပသဖို႔ ၊ အေရာင္းျမႇင္တင္ေရးပြဲေတြ မလုပ္ဖို႔ ၊ အမ်ားျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ က်င္းပျပဳလုပ္ရမယ့္ အခမ္းအနားမ်ား ပြဲလမ္းသဘင္ေတြ သၾကၤန္စင္ေဆာက္တာေတြ ၊ ဘာသာေရးနဲ႔ ဆက္ႏႊယ္တဲ့ လူမႈေရးဆိုင္ရာ အခမ္းအနားနဲ႔ပြဲလမ္းသဘင္ေတြ၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးအဆင့္ဆင့္က က်င္းပေဖ်ာ္ေျဖပြဲေတြ ဧၿပီလကုန္အထိ ရက္ေ႐ႊ႕ထားဖို႔၊ အပတ္စဥ္ေဆာင္႐ြက္ေနတဲ့ ဘာသာေရးဆိုင္ရာ ကိစၥရပ္ေတြ မျဖစ္မေနေဆာင္႐ြက္မယ္ဆိုလွ်င္ လူဦးေရအနည္းဆုံးနဲ႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ဖို႔ မတ္လ ၂၀ ရက္ေန႔မွာ အသိေပးထုတ္ျပန္ထားပါတယ္။

ျပည္နယ္အတြင္းက တကၠသိုလ္ေတြ၊ အေျခခံပညာေက်ာင္းေတြ၊ ပညာေရး၀န္ႀကီးဌာန အသိအမွတ္ျပဳေက်ာင္းေတြ၊ ကိုယ္ပိုင္ေက်ာင္ေတြကိုလည္း ပညာေရး၀န္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္းေဆာင္႐ြက္ဖို႔နဲ႔ ပုဂၢလိကေဘာ္ဒါေဆာင္ဖြင့္တာေတြ ေခတၱရပ္နားထားလိုက္ဖို႔လည္း ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

လူမႈ၀န္ထမ္းဦးစီးဌာနက ဖြင့္လွစ္ထားတဲ့ မူႀကိဳေက်ာင္ေတြ ၊ လူမႈ၀န္ထမ္းဦးစီးဌာနက အသိအမွတ္ျပဳ ပုဂၢလိကမူႀကိဳေက်ာင္းေတြ အေနနဲ႔လည္း လူမႈ၀န္ထမ္းဦးစီးဌာနရဲ႕ ၫႊန္ၾကားခ်က္အတိုင္းေဆာင္႐ြက္ဖို႔ကိုလည္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

” အကုန္လုံး ဘာသာေရး၊ ပညာေရး၊ လုပ္ငန္းခြင္ေတြေရာ ခ်ိတ္ဆက္ေဆာင္႐ြက္‌ေနၾကပါတယ္၊ ေက်ာင္းေတြက‌ေတာ့ အခု‌ေတာ္ေတာ္မ်ားမ်ား ပိတ္ထားၾကပါၿပီ၊ နယ္စပ္ဂိတ္ကိုလည္း ၃ လေလာက္ရွိၿပီ အပူခ်ိန္တိုင္းတာေတြစစ္တယ္ ၊ လုပ္ငန္းခြင္နဲ႔ ကုမၸဏီေတြ၊ တည္းခိုခန္းေတြကိုလည္း ႏွစ္ေခါက္ရွိၿပီ ေတြ႕ဆုံအသိေပးထားတယ္ ၊ က်န္းမာေရးဝန္ထမ္းေတြသြားၿပီး အသိေပးေဟာေျပာထားတာ သံသယလူနာေတြ႕လွ်င္ သတင္းေပးၾကဖို႔ ေဆာင္႐ြက္ထားၿပီးပါၿပီ ” လို႔ ေဒါက္တာသိန္းၿမိဳ႕ကေျပာပါတယ္။

အဲ့ဒါအျပင္ ျပည္နယ္အစိုးရ ထုတ္ျပန္ခ်က္မွာ အမ်ားျပည္သူ ထိတ္လန္႔ေစမယ့္ မမွန္သတင္း၊ ေကာလဟလသတင္းေတြကို ဖန္တီးျဖန္႔ေဝမႈမျပဳဖို႔ ၊ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ သတိေပးႏႈိးေဆာ္ခ်က္ေတြအတိုင္း တိတိက်က်လိုက္နာေဆာင္႐ြက္သြားဖို႔၊ ကိုယ့္ပတ္၀န္းက်င္မွာ သံသယလူနာေတြ႕ပါက သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္ ၊ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးေတြကေနတစ္ဆင့္ နီးစပ္ရာက်န္းမာေရးဌာနေတြဆီၤ အျမန္ဆုံးသတင္းပို႔ အသိေပးေဆာင္႐ြက္သြားၾကဖို႔ တိုက္တြန္းထားတာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #လူအမ်ားပါဝင္တဲ့ #ဘာသာေရးဆိုင္ရာပြဲေတြ #တားျမစ္

Related posts

Leave a Comment

VOM News

FREE
VIEW