ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး တောင်ဗွေရွာက အရပ်သား ၅ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး တောင်ဗွေရွာက အရပ်သား ၅ ဦးဒဏ်ရာရ ကျောက်တော်၊ မတ် ၂၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က လက်နက်ကြီးကျည်စထိမှန်ပြီး တောင်ဗွေ(ရွာသစ်)ကျေးရွာက ဒေသခံအရပ်သား အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ အသက် (၉) နှစ်အရွယ်မိန်းကလေး ဆူနီး ဆိုသူမှာ တင်ပါးဒဏ်ရာ နဲ့ ယောင်္ကျားလေး ဆာဒေဆိုသူမှာ ခြေထောက်ဒဏ်ရာ၊ ဒေါ်နိုကိုလိမ်းဆိုတဲ့ အသက် (၇၅) နှစ်မှာ မျက်နှာမှာ ဒဏ်ရာ၊ ဟာတေ ဆိုသူမှာ အသက် (၃၇) နှစ်အမျိုးသားမှာ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ခေနီးဆိုသူမှာ ခြေထောက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့မပို့ဘဲ မိမိတို့ရဲ့ရွာမှာ ကုသနေကြောင်းနဲ့ ဒဏ်ရာရရှိသူတွေဟာ…

Read More

ရွာထောင်-ကောလင်းပြေးဆွဲနေတဲ့ လော်ကယ်ရထားကိုဖျက်သိမ်းပြီး လေအိပ်အထူးရထား စတင်ပြေးဆွဲပေး

ရွာထောင်-ကောလင်းပြေးဆွဲနေတဲ့ လော်ကယ်ရထားကိုဖျက်သိမ်းပြီး လေအိပ်အထူးရထား စတင်ပြေးဆွဲပေး စစ်ကိုင်း မတ် ၂၁ ၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာမှာ အမှတ် ၃၃ အဆန် ၊ ၃၄ အစုန် မန္တလေး-မြစ်ကြီးနား လေအိပ်အထူးရထားကို စတင်ပြေးဆွဲပေးနေတယ်လို့ ရွာထောင်ဘူတာ တိုင်းမန်နေဂျာကပြောပါတယ်။ ဒီကနေ့မှာပဲ ရွာထောင်-ကောလင်း-ရွာထောင် ပြေးဆွဲပေးနေတဲ့ အမှန် ၄၅အဆန် ၊အမှတ် ၄၆ အစုန် ကောလင်းလော်ကယ်ရထား ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ” ရထားတွေက တအားကျပ်ပြီး ခရီးသည်တွေက စီးမယ့်သူနည်းတော့ နှစ်စင်းတစ်စင်းပေါင်းလုပ် ရမယ့်အနေအထားပေါ့၊ ရထားက အရှုံးပေါ်နေတဲ့ အခြေအနေမျိုးမှာ တကယ်ရှုံးနေတဲ့ ဟာတွေဖျက်ပြီးတော့ မြတ်မယ့်ဟာတွေ ထည့်ရတာပေါ့၊ စီးမယ့်သူမရှိတော့ ရထားကြီးနှစ်စင်းလုံးက သွားနေတယ် effective မဖြစ်ဘူး တစ်စင်းက ၅ နာရီထွက်တယ်၊ ၅နာရီထွက်တဲ့ရထားပေါ်ပဲ လူပါသွားပြီး နောက်ကလိုက်လာတဲ့…

Read More

ရသေ့တောင်မြို့မှာ တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ ပစ်ခတ်ခံရ

ရသေ့တောင်မြို့မှာ တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ ပစ်ခတ်ခံရ ရသေ့တောင်၊ မတ် ၂၁- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၇)က တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ မနေ့မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က ပစ်ခတ်ခံရတဲ့အတွက် ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ ပစ်ခတ်ခံရသူဟာ အသက် ၁၁ နှစ်အရွယ်ရှိ မောင်အောင်ဆန်းဦးဖြစ်ပြီး ရသေ့တောင်မြို့ ခမရ (၅၃၇) တပ်ရင်းပတ်ဝန်းကျင်၊ ကန်တော်ကြီးအနီးမှာ ဆော့ကစားနေချိန် အခုလိုပစ်ခတ်ခံလိုက်ရကြောင်းနဲ့ လက်မှာကျည်ဖောက်ဒဏ်ရာအပြင် ဝမ်းဗိုက်မှာလည်း ဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်တွေကို ပို့လိုက်ရတယ်လို့ သိရပါတယ်။ ” အဲဒီကလေးက ကျောင်းပိတ်လို့ အဖွားနဲ့အတူနေတာ။ သူ့အဖေ၊ အမေတွေက တပ်ထဲမှာထင်တယ်။ ကန်တော်ကြီးနား ပစ်ခတ်လိုက်တာ။ အရပ်သားထင်ပြီး ပစ်ခတ်လိုက်တာလို့ ကြားတယ်။ လက်ဖဝါးတွေကို ကျည်ဖောက်သွာတယ်လို့ကြားမိတယ်။ အဲ့ဒီကလေးကို စစ်တွေကိုယူသွားတယ်လို့ပြောတယ်။” လို့ ရသေ့တောင်ဒေသခံ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက…

Read More

ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာပွဲတွေနဲ့ လူအများပါဝင်တဲ့ပွဲတွေကို တားမြစ်

ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာပွဲတွေနဲ့ လူအများပါဝင်တဲ့ပွဲတွေကို တားမြစ် မြစ်ကြီးနား၊ မတ် ၂၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်မှာ လူစုလူဝေးနဲ့ လုပ်တဲ့ပွဲတွေ ၊ ဘာသာရေးအခမ်းအနားတွေ၊ ဟိုတယ်၊ မိုတယ်တွေမှာ ပွဲလက်ခံထားမှုတွေကို ရပ်နားထားလိုက်ပြီလို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးမှူး ဒေါက်တာသိန်းမြို့ကပြောပါတယ်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တစ်လ နှစ်ကြိမ်တွေ့ဆုံတာတွေလုပ်တယ် ၊ နိုင်ငံခြားကဝင်လာသူတွေ ၊ ပြန်လာသူတွေကို စောင့်ကြည့်ပြီး သံသယလူနာတွေ့လျှင် သတင်းပေးဖို့ပေါ့၊ ဘာသာရေးပွဲလည်း ဘာပွဲမှမရှိဘူး ၊ အကုန်လုံးနားသွားပြီ ပဋ္ဌာန်းပွဲတွေရော ၊ ဗုဒ္ဓဘာသာ၊ ခရစ္စယာန် ဘာသာပေါင်စုံပေါ့နော်၊ အကုန်ဘာပွဲမှ မရှိတော့ဘူး။ ဘုရားသွားကျောင်းတက် ကိစ္စတွေမှာလည်း ကိုဗစ်နဲ့ ပါတ်သက်လို့ ဘာသားရေးခေါင်းဆောင်တွေဆီကိုလည်း ဘယ်လိုလိုက်နာရမယ်ဆိုတာ အကုန်အသိပေးပြီးပါပြီ၊ အဓိကက လက်သန့်ရှင်းဖို့ လူအနည်းဆုံးနဲ့ လုပ်ကြဖို့ပေါ့နော် ဘုရားကျောင်းသင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေဆီလည်း အကုန်အသိပေးပြီးသားပါ ”…

Read More
VOM News

FREE
VIEW