ရွာထောင်-ကောလင်းပြေးဆွဲနေတဲ့ လော်ကယ်ရထားကိုဖျက်သိမ်းပြီး လေအိပ်အထူးရထား စတင်ပြေးဆွဲပေး

ရွာထောင်-ကောလင်းပြေးဆွဲနေတဲ့ လော်ကယ်ရထားကိုဖျက်သိမ်းပြီး လေအိပ်အထူးရထား စတင်ပြေးဆွဲပေး

စစ်ကိုင်း မတ် ၂၁ ၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာမှာ အမှတ် ၃၃ အဆန် ၊ ၃၄ အစုန် မန္တလေး-မြစ်ကြီးနား လေအိပ်အထူးရထားကို စတင်ပြေးဆွဲပေးနေတယ်လို့ ရွာထောင်ဘူတာ တိုင်းမန်နေဂျာကပြောပါတယ်။

ဒီကနေ့မှာပဲ ရွာထောင်-ကောလင်း-ရွာထောင် ပြေးဆွဲပေးနေတဲ့ အမှန် ၄၅အဆန် ၊အမှတ် ၄၆ အစုန် ကောလင်းလော်ကယ်ရထား ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

” ရထားတွေက တအားကျပ်ပြီး ခရီးသည်တွေက စီးမယ့်သူနည်းတော့ နှစ်စင်းတစ်စင်းပေါင်းလုပ် ရမယ့်အနေအထားပေါ့၊ ရထားက အရှုံးပေါ်နေတဲ့ အခြေအနေမျိုးမှာ တကယ်ရှုံးနေတဲ့ ဟာတွေဖျက်ပြီးတော့ မြတ်မယ့်ဟာတွေ ထည့်ရတာပေါ့၊ စီးမယ့်သူမရှိတော့ ရထားကြီးနှစ်စင်းလုံးက သွားနေတယ် effective မဖြစ်ဘူး တစ်စင်းက ၅ နာရီထွက်တယ်၊ ၅နာရီထွက်တဲ့ရထားပေါ်ပဲ လူပါသွားပြီး နောက်ကလိုက်လာတဲ့ ၇ နာရီရထားမှာကျ စီးမယ့်သူမရှိတော့ဘူး” လို့ ရွာထောင်ဘူတာက တိုင်းမန်နေဂျာ ကိုသန့်ဇင်ထွန်း က ပြောပါတယ်။

ရွာထောင်ဘူတာမှာ အမှတ် ၃၃ အဆန် လေအိပ်အထူးရထားအတွက် ရိုးရိုးတန်းလက်မှတ် အဆောင်ရေ ၃၀ ရမှာဖြစ်ပြီး ရွာထောင်ဘူတာကို ၁၂ : ၁၆ နာရီမှာ ဆိုက်ရောက်မှာဖြစ်သလို လက်မှတ်တွေကိုလည်း နေ့လယ်၁၁ နာရီကတည်းက ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

“လေအိတ်ရထားစီးရတာ အရမ်းအဆင်ပြေတယ်၊ ဒါပေမယ့် အလာတုန်းက ရွာထောင်ဘူတာမှာ မရပ်တော့ မန္တလေးအထိစီးရတယ်။ ဟိုတုန်းကရထားတွေနဲ့ စီးရတာမတူဘူး သန့်ရှင်းတယ်၊ အရမ်းကွာခြားတယ်၊ အမှိုက်ပုံးလေးတွေ ထားပေးလို့လဲ အရမ်းကျေးဇူးတင်ပါတယ် ” လို့ ခရီးသည် မအိအိထွန်း က ပြောပါတယ်။

ရထားလက်မှတ်ဈေးနူန်းတွေကိုလည်း ရွာထောင်ကနေ ရွေဘိုကို ၁၅၀၀၊ ကောလင်း ၃၅၀၀၊ နဘား ၅၀၀၀၊ မိုးညှင်း ၆၀၀၀၊ ဟိုပင် ၆၅၀၀၊ မိုးကောင်း ၇၀၀၀ ၊ မြစ်ကြီးနားဘူတာအထိကို ၈၀၀၀ ကျပ် နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရွာထောင် #လေအိတ်ရထား #စတင်ပြေးဆွဲ

Zawgyi

႐ြာေထာင္-ေကာလင္းေျပးဆြဲေနတဲ့ ေလာ္ကယ္ရထားကိုဖ်က္သိမ္းၿပီး ေလအိပ္အထူးရထား စတင္ေျပးဆြဲေပး

စစ္ကိုင္း မတ္ ၂၁ ၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕၊ ႐ြာေထာင္ဘူတာမွာ အမွတ္ ၃၃ အဆန္ ၊ ၃၄ အစုန္ မႏၲေလး-ျမစ္ႀကီးနား ေလအိပ္အထူးရထားကို စတင္ေျပးဆြဲေပးေနတယ္လုိ႔ ရြာေထာင္ဘူတာ တိုင္းမန္ေနဂ်ာကေျပာပါတယ္။

ဒီကေန႔မွာပဲ ႐ြာေထာင္-ေကာလင္း-႐ြာေထာင္ ေျပးဆြဲေပးေနတဲ့ အမွန္ ၄၅အဆန္ ၊အမွတ္ ၄၆ အစုန္ ေကာလင္းေလာ္ကယ္ရထား ခရီးစဥ္ကို ဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။

” ရထားေတြက တအားက်ပ္ၿပီး ခရီးသည္ေတြက စီးမယ့္သူနည္းေတာ့ ႏွစ္စင္းတစ္စင္းေပါင္းလုပ္ ရမယ့္အေနအထားေပါ့၊ ရထားက အရႈံးေပၚေနတဲ့ အေျခအေနမ်ိဳးမွာ တကယ္ရႈံးေနတဲ့ ဟာေတြဖ်က္ၿပီးေတာ့ ျမတ္မယ့္ဟာေတြ ထည့္ရတာေပါ့၊ စီးမယ့္သူမရွိေတာ့ ရထားႀကီးႏွစ္စင္းလုံးက သြားေနတယ္ effective မျဖစ္ဘူး တစ္စင္းက ၅ နာရီထြက္တယ္၊ ၅နာရီထြက္တဲ့ရထားေပၚပဲ လူပါသြားၿပီး ေနာက္ကလိုက္လာတဲ့ ၇ နာရီရထားမွာက် စီးမယ့္သူမရွိေတာ့ဘူး” လို႔ ႐ြာေထာင္ဘူတာက တိုင္းမန္ေနဂ်ာ ကိုသန္႔ဇင္ထြန္း က ေျပာပါတယ္။

႐ြာေထာင္ဘူတာမွာ အမွတ္ ၃၃ အဆန္ ေလအိပ္အထူးရထားအတြက္ ႐ိုး႐ိုးတန္းလက္မွတ္ အေဆာင္ေရ ၃၀ ရမွာျဖစ္ၿပီး ႐ြာေထာင္ဘူတာကို ၁၂ : ၁၆ နာရီမွာ ဆိုက္ေရာက္မွာျဖစ္သလုိ လက္မွတ္ေတြကိုလည္း ေန႔လယ္၁၁ နာရီကတည္းက ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

“ေလအိတ္ရထားစီးရတာ အရမ္းအဆင္ေျပတယ္၊ ဒါေပမယ့္ အလာတုန္းက ႐ြာေထာင္ဘူတာမွာ မရပ္ေတာ့ မႏၲေလးအထိစီးရတယ္။ ဟိုတုန္းကရထားေတြနဲ႔ စီးရတာမတူဘူး သန္႔ရွင္းတယ္၊ အရမ္းကြာျခားတယ္၊ အမႈိက္ပုံးေလးေတြ ထားေပးလို႔လဲ အရမ္းေက်းဇူးတင္ပါတယ္ ” လို႔ ခရီးသည္ မအိအိထြန္း က ေျပာပါတယ္။

ရထားလက္မွတ္ေစ်းႏူန္းေတြကိုလည္း ႐ြာေထာင္ကေန ေ႐ြဘိုကို ၁၅၀၀၊ ေကာလင္း ၃၅၀၀၊ နဘား ၅၀၀၀၊ မိုးညႇင္း ၆၀၀၀၊ ဟိုပင္ ၆၅၀၀၊ မိုးေကာင္း ၇၀၀၀ ၊ ျမစ္ႀကီးနားဘူတာအထိကို ၈၀၀၀ က်ပ္ နဲ႔ ေရာင္းခ်ေပးေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရြာေထာင္ #ေလအိတ္ရထား #စတင္ေျပးဆြဲ

Related posts

Leave a Comment

VOM News

FREE
VIEW