ဗိုင်းရပ်စ်သံသယကြောင့် ဂျာမနီဝန်ကြီးချုပ် သီးခြားနေထိုင်၊ လူနှစ်ယောက်ထက်ပိုပြီး မစုဝေးဖို့ အမိန့်ထုတ်

ဗိုင်းရပ်စ်သံသယကြောင့် ဂျာမနီဝန်ကြီးချုပ် သီးခြားနေထိုင်၊ လူနှစ်ယောက်ထက်ပိုပြီး မစုဝေးဖို့ အမိန့်ထုတ်

ဘာလင်၊ မတ် ၂၃-၂၀၂၀
မျိုးဆက် (VOM)

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးမှုကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် လူမှုရေးဆိုင်ရာ အပြန်အလှန်တွေ့ဆုံမှုတွေမှာ လူနှစ်ဦးထက် ပိုမိုမစုဝေးကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။

မိမိတို့ရဲ့ အပြုအမူလုပ်ရပ်တွေဟာ ရောဂါကူးစက်မှုနှုန်း လျော့ကျစေဖို့အတွက် ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်အိန်ဂျလာမာကယ်က ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောကြားပါတယ်။

အခြားတားမြစ်ကန့်သတ်ချက်တွေမှာတော့ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်နဲ့ အနှိပ်ခန်းတွေ ပိတ်ပစ်ဖို့ပါဝင်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဈေးဆိုင်တွေကိုပါ ပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။

ဝန်ကြီးချုပ်မာကယ်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သူမကိုယ်တိုင် သီးခြားခွဲနေမယ်လို့ ပြောဆိုပြီးနောက်ပိုင်းအချိန်မှာ နိုင်ငံအတွင်း တင်းကြပ်တဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သူမကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တစ်ဦးဟာ မတ်၂၀ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အသက်၆၅နှစ်အရွယ် ဝန်ကြီးချုပ်မာကယ်ဟာ လာမည့်ရက်အနည်းငယ်အတွင်း ပုံမှန်ဆေးစစ်မှုတွေပြုလုပ်သွားမှာဖြစ်တဲ့အပြင် အလုပ်ကိုလည်း နေအိမ်မှာပဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူမရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ဘာလင် #ဂျာမနီဝန်ကြီးချုပ် #ကိုရိုနာဗိုင်းရပ်စ်သံသယ #သီးခြားနေထိုင်

Zawgyi

ဗိုင္းရပ္စ္သံသယေၾကာင္႔ ဂ်ာမနီ၀န္ၾကီးခ်ဳပ္ သီးျခားေနထိုင္၊ လူနွစ္ေယာက္ထက္ပိုျပီး မစုေ၀းဖို႔ အမိန္႔ထုတ္

ဘာလင္၊ မတ္ ၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ာမနီႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ျဖစ္ပြါးမႈကုိ ဟန္႔တားထိန္းခ်ဳပ္ဖို႔ ၾကိဳးပမ္းမႈအျဖစ္ လူမႈေရးဆုိင္ရာ အျပန္အလွန္ေတြ႔ဆံုမႈေတြမွာ လူနွစ္ဦးထက္ ပိုမိုမစုေ၀းၾကဖို႔ အမိန္႔ထုတ္လုိက္ပါတယ္။

မိမိတုိ႔ရဲ႕ အျပဳအမူလုပ္ရပ္ေတြဟာ ေရာဂါကူးစက္မႈႏႈန္း ေလ်ာ့က်ေစဖို႔အတြက္ ထိေရာက္မႈအရွိဆံုး နည္းလမ္းျဖစ္ေၾကာင္း ဝန္ၾကီးခ်ဳပ္အိန္ဂ်လာမာကယ္က ရုပ္သံမိန္႔ခြန္းတစ္ခုမွာ ေျပာၾကားပါတယ္။

အျခားတားျမစ္ကန္႔သတ္ခ်က္ေတြမွာေတာ႔ ဆံပင္ညွပ္ဆုိင္၊ အလွျပင္ဆုိင္နဲ႔ အႏွိပ္ခန္းေတြ ပိတ္ပစ္ဖို႔ပါ၀င္ျပီး မရိွမျဖစ္လိုအပ္တဲ့ ေစ်းဆိုင္ေတြကိုပါ ပိတ္ပင္လိုက္ျပီးျဖစ္ပါတယ္။

၀န္ၾကီးခ်ဳပ္မာကယ္ဟာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ျပီး သူမကုိယ္တုိင္ သီးျခားခဲြေနမယ္လို႔ ေျပာဆိုျပီးေနာက္ပိုင္းအခ်ိန္မွာ နိုင္ငံအတြင္း တင္းၾကပ္တဲ့စည္းကမ္းခ်က္ေတြ ထုတ္ျပန္ခ႔ဲတာျဖစ္ပါတယ္။

သူမကို က်န္းမာေရးေစာင္႔ေရွာက္မႈေပးေနတဲ႔ ဆရာ၀န္တစ္ဦးဟာ မတ္၂၀ရက္မွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီးေနာက္ အသက္၆၅ႏွစ္အရြယ္ ၀န္ၾကီးခ်ဳပ္မာကယ္ဟာ လာမည့္ရက္အနည္းငယ္အတြင္း ပံုမွန္ေဆးစစ္မႈေတြျပဳလုပ္သြားမွာျဖစ္တဲ့အျပင္ အလုပ္ကုိလည္း ေနအိမ္မွာပဲ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သူမရဲ႕ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ဘာလင္ #ဂ်ာမနီဝန္ႀကီးခ်ဳပ္ #ကိုရိုနာဗိုင္းရပ္စ္သံသယ #သီးျခားေနထိုင္

Related posts

Leave a Comment

VOM News

FREE
VIEW