ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်း တိုကျို၊ မတ်-၂၄-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဝင် Dick Pound ကအတည်ပြု ပြောဆိုလိုက်ပါတယ်။ ယခုနှစ်နွေရာသီအတွင်း ဂျပန်နိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတဲ့ အိုလံပစ်အားကစားပွဲတော်ကို အားကစားအဖွဲ့ စေလွှတ်နိုင်မှာမဟုတ်ဘူးလို့ ဗြိတိန်အိုလံပစ်အသင်းဥက္ကဌက ပြောကြားလိုက်ပြီးနောက် အိုလံပစ်ပွဲတော် ရွှေ့ဆိုင်းတဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ကလည်း ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘူးလို့ ယခင်ကတည်းက ထုတ်ပြန်ထားကြပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး တိုကျိုအိုလံပစ်ကို ရွှေ့ဆိုင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Dick Pound က ယူအက်စ်အေတူဒေးသတင်းဌာနကို ပြောပါတယ်။ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ရှေ့ဆက်ရမယ့်အရာတွေကို သတ်မှတ်ထားတာမျိုးမရှိသေးပေမယ့် ဇူလိုင် ၂၄ ရက်မှာတော့ စတင်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အိုလံပစ်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး…

Read More

မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ နယ်ခြားစောင့် (၃) ဦးသေဆုံး

မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ နယ်ခြားစောင့် (၃) ဦးသေဆုံး မောင်တော၊ မတ် ၂၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မောင်တောမြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီလောက်က တောင်ပြိုနဲ့ ကြိမ်ချောင်းကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်းဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ လုံခြုံရေးဆောင်ရွက်ဖို့ တာဝန်ကျနေသူတွေဖြစ်ပြီး တောင်ပြိုနဲ့ ကြိမ်ချောင်းကျေးရွာကြား ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ” နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့်ကျနော်အသေးစိတ်မသိဘူး။ ရဲကိုမေးမှသိမယ်။ ကျနော်တို့သိတာက တောင်ပြိုနဲ့ ကြီမ်ချောင်းကြားမှာ မိုင်းခွဲခံရတယ်။ ပြီးတော့ နယ်ခြားစောင့် ၃ ယောက်သေသွားတယ်။ အဲဒါပဲသိတယ်။ ကျန်တဲ့ဟာ အသေးစိတ်ကိုမသိဘူး။ လုံခြုံရေးနဲ့သက်ဆိုင်တဲ့အတွက် လုံခြုံရေးကိုမေးမှရမယ်။” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ…

Read More

ကလေး-မင်းကင်းလမ်းကို စတင်ပိတ်

ကလေး-မင်းကင်းလမ်းကို စတင်ပိတ် ကလေး၊ မတ် ၂၄-၂၀၂၀ ရန်နိုင်စိုး(VOM) ကလေးမြို့နဲ့ မင်းကင်းသွားတဲ့လမ်းကို ဒီကနေ့မတ်လ ၂၄ ရက်‌နေ့ကစပြီး ဘုရားဖူးကားတွေနဲ့ အကြောင်းမရှိပဲသွားလာသူတွေကို ပိတ်ပင်လိုက်ပါတယ်။ ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံနဲ့ ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတို့မှာ Covid 19 ဗိုင်းရပ်စ်ပိုးရှိသူ ၂ ဦးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနာက တရားဝင်ကြေညာပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စပ်ဆက်နေတဲ့ ကလေးမြို့သွားလာတာတွေကို အခုလို စီစစ်ပိတ်ပင်ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ပိတ်တယ်ဆိုတာက ကိုယ့်နေအိမ်ကို ပြန်မယ့်သူတွေတော့ စီစစ်ပြီးသွားခွင့်ပေးတယ်။ ကုန်ကားကတော့ သွားလာခွင့်ပေးတယ်။ ဒါတောင် ကျန်းမာရေးအကုန်စစ်ဆေးပြီးမှ ခွင့်ပြုတာ။ ဘုရားဖူးသွားလာတယ် ဘာညာဆိုရင် လုံးဝသွားခွင့်မပေးဘူး။ ပိတ်ပစ်လိုက်တယ်။ ဒါကလဲ အထက်က ညွှန်ကြားထားလို့ပါ ” လို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဘိုသန်းက ပြောပါတယ်။ ကလေးမြို့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာတည်ရှိပြီး Covid-19 ဖြစ်ပွားသူတစ်ဦးကလဲ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ…

Read More

မန္တလေးမြို့မှာ COVID-19ကြောင့် အိမ်အပြင်မထွက်ရဲတဲ့သူတွေအတွက် အခမဲ့ပစ္စည်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစတင်

မန္တလေးမြို့မှာ COVID-19ကြောင့် အိမ်အပြင်မထွက်ရဲတဲ့သူတွေအတွက် အခမဲ့ပစ္စည်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစတင် မန္တလေး၊ မတ် ၂၄-၂၀၂၀ ရှိုင်းအောင် (VOM) မန္တလေးမြို့မှာ ဒီကနေ့မတ်လ ၂၄ ရက်နေ့ကစတင်ပြီး Together Volunteer Teamဆိုတဲ့အဖွဲ့ဟာ မန္တလေးဒေသခံတွေအနေနဲ့ COVID-19ရောဂါကိုကြောက်လန့်လို့ အိမ်အပြင်မထွက်ရဲတဲ့သူတွေရှိရင် အိမ်တိုင်ရာရောက် ပစ္စည်းတွေဝယ်ယူပြီး ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံတွေအနေနဲ့ အစိုးရိမ်လွန်ပြီး Market တွေမှာ အလုအယက်ဝယ်ယူတဲ့ အ‌ခြေအနေအရ Together လို့အမည်ပေးပြီး Volunteer Teamတစ်ခုကနေ မန္တလေးမြို့တွင်းက လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငရုပ်၊ ကြက်သွန်)စတာတွေကို အခမဲ့လိုက်လံပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်တွေအပြင် ကျန်မားရေးအတွက်လိုအပ်တဲ့ ဆေးဝါးများ၊ သက်ကြီးရွယ်ကြီးများနဲ့ ကျန်မာရေးတစုံတရာအခက်အခဲဖြစ်နေသူများ၊ ပြင်ပကို တစုံတရာကြောင့် ထွက်ဖို့ခက်ခဲနေသူတွေအတွက်လည်း အစားအသောက်ဆိုင်တွေကနေ လိုက်လံဝယ်ယူပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်စရာမလိုပဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ “…

Read More

Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှု အရှိန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှု အရှိန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး ဂျီနီဗာ၊ မတ်-၂၄-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူဦးရေဟာ လက်ရှိအချိန်ထိ သုံးသိန်းကျော်ရှိလာပြီး ကူးစက်မှုအရှိန်မြင့်မားလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားလိုက်ပါတယ်။ Covid-19 ပထမဆုံးကူးစက်ခံရသူ တစ်သိန်းဟာ ရက်ပေါင်း ၆၇ ရက်အတွင်း ဖြစ်ပေါ်ခြင်းဖြစ်ပြီး နောက်ထပ်ကူးစက်ခံရသူတစ်သိန်းဟာ ၁၁ရက်အတွင်းဖြစ်ကာ နောက်ဆုံးကူးစက်ခံရသူ တစ်သိန်းကတော့ လေးရက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်မှုလမ်းကြောင်းဟာ အပြောင်းအလဲဖြစ်နိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး တီဒရော့စ်အက်ဟာနွမ်ဂဘရေအီးဆက် ကပြောပါတယ်။ နိုင်ငံတွေအနေနဲ့ တင်းကျပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ရောဂါနဲ့ဆက်နွယ်နေသူတွေကို ခြေရာကောက်ဖို့ မဟာဗျူဟာတွေကို ရွေးချယ်ဆောင်ရွက်ကြဖို့ သူကတိုက်တွန်းထားပါတယ်။ ရောဂါပြန့်နှံ့ဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ်ဖို့ မိမိတို့အနေနဲ့ လုပ်စရာရှိတာတွေကို အကောင်းဆုံး လုပ်ဆောင်မှာဖြစ်ပြီး ဘောလုံးပွဲတစ်ပွဲကဲ့သို့ပင် ခုခံကာကွယ်နေရုံမျှဖြင့် အနိုင်ရမှာမဟုတ်ဘဲ တိုက်စစ်ဆင်သွားရမည်ဖြစ်တယ်လို့ ဖီဖာဥက္ကဌနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောခဲ့တာဖြစ်ပါတယ်။ Ref:…

Read More

မုံရွာမြို့မှာ တရုတ်နိုင်ငံကနေဝင်လာတဲ့ တရုတ်လူမျိုးတွေကို ဝင်ရောက်စစ်ဆေး

မုံရွာမြို့မှာ တရုတ်နိုင်ငံကနေဝင်လာတဲ့ တရုတ်လူမျိုးတွေကို ဝင်ရောက်စစ်ဆေး မုံရွာ၊ မတ် ၂၄-၂၀၂၀ ရန်နိုင်စိုး(VOM) တရုတ်နိုင်ငံကနေ ၊ မုံရွာမြို့ကိုဝင်‌ရောက်လာတဲ့ တရုတ်လူမျိုး ၇ ဦးကို မုံရွာမြို့နယ်လဝကရုံးနဲ့ ဒေသန္တရကျန်းမာရေးအဖွဲ့က စစ်‌ဆေးတာ‌တွေပြုလုပ်နေပါတယ်။ အဲ့ဒီတရုတ်လူမျိုးတွေဟာ မတ်လ(၂၃)ရက်နေ့ညနေက မုံရွာမြို့ကိုရောက်ရှိလာပြီး အောင်မင်္ဂလာ၊ မာဃလမ်းထဲက Leading Star တရုတ်စကားပြောသင်တန်းကျောင်းမှာ တည်းခို‌နေတယ်လို့ သတင်းရရှိတဲ့အတွက် ညပိုင်းမှာ ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်ခ‌ဲ့တာဖြစ်ပါတယ်။ ” ကျန်းမာရေးအနေနဲ့ကတော့ ဒေသန္တရကျန်းမာရေးအဖွဲ့က လာစစ်ဆေးသွားပြီ။ Covid 19 လက္ခဏာတော့ မတွေ့ရဘူး။ ကိုယ်ပူချိန်တွေလည်း တိုင်းသွားတယ်။ လာတာတော့ တရားဝင်ဗီဇာနဲ့ လာဝာာလို့ သိရတယ်။ ဒီသင်တန်းကို အိမ်ရှင်ကဌားထားတာ တစ်နှစ်လောက်ရှိပြီ ” လို့ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးချိုဝင်းမောင်ကပြောပါတယ် ။ လတ်တလောမှာတော့ သူတို့ကိုစစ်ဆေးဖို့အတွက် လဝကရုံးကို ခေါ်ဆောင်သွားပြီး ဆိုက်ရောက်မှုကို အကြောင်းကြားဖို့ပျက်ကွက်ခဲ့တဲ့အတွက် အရေးယူမှုအပိုင်းကိုတော့ စစ်ဆေးပြီးမှ…

Read More

ပြင်ဦးလွင်အဆင်းလမ်းမှာ အိမ်စီးကားကို တွဲကားကဝင်တိုက် လူလေးဦးသေဆုံး

ပြင်ဦးလွင်အဆင်းလမ်းမှာ အိမ်စီးကားကို တွဲကားကဝင်တိုက် လူလေးဦးသေဆုံး ပြင်ဦးလွင်၊ မတ် ၂၄-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်စာရွာအနီး မန္တလေး- ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်(၁၉)မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က တွဲကားကနေ အိမ်စီးကားကိုဝင်တိုက်ပြီး လူလေးဦး သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတဲ့နယ်မြေက ပြင်စာရဲစခန်းတာဝန်ရှိသူတစ်ယောက်ကိုဆက်သွယ်ရာ” ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်၊ ကျွန်တော်တို့ ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။ ” ကျွန်တော်တို့ဆီကို ၉ နာရီဝန်းကျင်လောက်မှာ အကြောင်းကြားလာပါတယ်၊ အဆင်းလမ်း မိုင်တိုင် ၁၉ မှာရပ်ထားတဲ့ အိမ်စီးကားကို အထက်ကဆင်းလာတဲ့ ကုန်တင်ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်မိရာကနေ အိမ်စီးကား ချောက်ထဲကျပြီး ကားပေါ်ပါတဲ့ လူလေးယောက် နေရာမှာတင် သေဆုံးခဲ့တယ်” လို့ ဖြစ်စဉ်နေရာကို သွားရောက်ကူညီတဲ့ စေတနာမွန်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဖြစ်စဉ်နေရာက အိမ်စီးကားပေါ်ပါလာတဲ့ သားအမိနှစ်ယောက်နဲ့ တွဲကားမောင်းသူ အမျိုးသား…

Read More

ငွေဆောင်၊ ချောင်းသာနဲ့ အပန်းဖြေကျွန်းတွေကို ခရီးသွားလာခွင့် ပိတ်သိမ်း

ငွေဆောင်၊ ချောင်းသာနဲ့ အပန်းဖြေကျွန်းတွေကို ခရီးသွားလာခွင့် ပိတ်သိမ်း ပုသိမ် ၊မတ် ၂၄- ၂၀၂၀ ကိုအောင်(VOM) ဒီနေ့မနက်ကျင်းပတဲ့ ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးမှာ ငွေဆောင်၊ ချောင်းသာနဲ့ ဂေါ်ရင်ဂျီကျွန်းတွေဆီ ခရီးသွားလာခွင့်ကို တိုင်းအစိုးရအမိန့်နဲ့ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင် စတဲ့ ကမ်းခြေများအပါအဝင် တိုင်းအတွင်းမှာရှိတဲ့ ကမ်းခြေတွေရဲ့ ခရီးသွားလာခွင့်ကို ပိတ်လိုက်တာဖြစ်ပါတယ်။ ကမ်းခြေတွေ ခရီးသွားလာခွင့်ရပ်နားဖို့အကြောင်းကို ဒေးဒရဲမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားအားလုံးက ထောက်ခံတဲ့အတွက် လွှတ်တော်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကမ်းခြေတွေနဲ့ ဇလွန်ပြန်တော်ပြန်ဘုရား၊ အကောက် တောင်ဘုရားတို့ကို လာရောက်လည်ပတ်တာတွေနဲ့ ဘုရားဖူးဝင်ရောက်မှုတွေကိုပါ ပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးကို လူနှစ်ဦးမှာတွေ့ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ၂၃ရက်နေ့မှာ ကြေငြာပြီးတဲ့နောက် အခုလိုဆုံးဖြတ်ချက်ကို…

Read More

ကိုရိုနာဗိုင်းရပ်စ်လူနာ ၂ ဦးတွေ့ပြီးနောက် မန္တလေး ကျောက်ဝိုင်းပိတ်၊ စားသောက်ကုန်များ အလုအယက် ဝယ်ယူမှုများ ရှိနေ

ကိုရိုနာဗိုင်းရပ်စ်လူနာ ၂ ဦးတွေ့ပြီးနောက် မန္တလေး ကျောက်ဝိုင်းပိတ်၊ စားသောက်ကုန်များ အလုအယက် ဝယ်ယူမှုများ ရှိနေ မန္တလေး၊ မတ် ၂၄-၂၀၂၀ Voice Of Myanmar မြန်မာနိုင်ငံမှာ COVID-19ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ (၂၃)ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း ဒီကနေ့မနက်ပိုင်းကစပြီး မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ “ဒီနေ့မနက်ကစပြီး ယာယီပိတ်လိုက်ပါပြီ၊ အစကတော့ ဧပြီ ၃၀ အထိ ပိတ်မလို့ပေါ့နော်။ ဒါပေမယ့် အခုက ကွန်ဖန်းတွေ့သွားပြီဆိုတော့ အစိုးရက ဘယ်တော့ဖြင့် ပြန်ဖွင့်လို့ ရပါပြီဆိုပြီး ညွှန်ကြားချက်ထပ်ပေးတဲ့အထိ စောင့်မယ်။ နေ့လည် ၁ နာရီကျရင် ဆိုင်ရှင်တွေကို သူတို့ပစ္စည်းတွေ လာသိမ်းခွင့်ပေးမယ်။ လောလောဆယ်က ပိုးသတ်ဆေး ဖြန်းတာတွေ ဘာတွေ လုပ်နေတယ်။”လို့ မဟာအောင်မြေကျောက်မြတ်ရတနာဈေး ဥက္ကဌ ဦးသန်းဝင်းကပြောပါတယ်။ မန္တလေးမြို့ ၊…

Read More
VOM News

FREE
VIEW