မန္တလေးမြို့မှာ COVID-19ကြောင့် အိမ်အပြင်မထွက်ရဲတဲ့သူတွေအတွက် အခမဲ့ပစ္စည်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစတင်

မန္တလေးမြို့မှာ COVID-19ကြောင့် အိမ်အပြင်မထွက်ရဲတဲ့သူတွေအတွက် အခမဲ့ပစ္စည်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစတင်

မန္တလေး၊ မတ် ၂၄-၂၀၂၀
ရှိုင်းအောင် (VOM)

မန္တလေးမြို့မှာ ဒီကနေ့မတ်လ ၂၄ ရက်နေ့ကစတင်ပြီး Together Volunteer Teamဆိုတဲ့အဖွဲ့ဟာ မန္တလေးဒေသခံတွေအနေနဲ့ COVID-19ရောဂါကိုကြောက်လန့်လို့ အိမ်အပြင်မထွက်ရဲတဲ့သူတွေရှိရင် အိမ်တိုင်ရာရောက် ပစ္စည်းတွေဝယ်ယူပြီး ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတွေအနေနဲ့ အစိုးရိမ်လွန်ပြီး Market တွေမှာ အလုအယက်ဝယ်ယူတဲ့ အ‌ခြေအနေအရ Together လို့အမည်ပေးပြီး Volunteer Teamတစ်ခုကနေ မန္တလေးမြို့တွင်းက လိုအပ်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ (ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငရုပ်၊ ကြက်သွန်)စတာတွေကို အခမဲ့လိုက်လံပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တွေအပြင် ကျန်မားရေးအတွက်လိုအပ်တဲ့ ဆေးဝါးများ၊ သက်ကြီးရွယ်ကြီးများနဲ့ ကျန်မာရေးတစုံတရာအခက်အခဲဖြစ်နေသူများ၊ ပြင်ပကို တစုံတရာကြောင့် ထွက်ဖို့ခက်ခဲနေသူတွေအတွက်လည်း အစားအသောက်ဆိုင်တွေကနေ လိုက်လံဝယ်ယူပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်စရာမလိုပဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“ ဝယ်မယ့်ပစ္စည်းတန်ဖိုးများမှာ ကျွန်တော်တို့ Teamမှ နိုင်တဲ့ပမာဏဖြစ်ရင် စိုက်ပြီးဝယ်ခြမ်းပေးတယ်။ လူကြီးမင်းတို့ဆီကို ပစ္စည်းရောက်မှသာ ဝယ်ယူတဲ့ ဆိုင်ဘောင်ချာပါ ကျသင့်တဲ့တန်ဖိုးငွေသာ ပြန်လည်ရှင်းပေးရမှာပါ။ အပိုကြေးဝန်ဆောင်ခ တပြားတချပ်မှ ပေးရန်မလိုဘဲ မှာယူတဲ့ပစ္စည်းက တန်ဖိုးငွေပမာဏများလွန်းပြီး ကျွန်တော်တို့ Teamကနေ ပစ္စည်းအားလုံးကို ငွေမစိုက်နိုင်ခဲ့ရင် စိုက်နိုင်တဲ့ပမာဏကို ပေးချေဝယ်ယူပြီးတော့ ဦးစွာအရင်လာပေးပြီး ကျန်ရှိပစ္စည်းတွေကို နောက်တခေါက်ထပ်ပြီး သွား‌ရောက် ဝယ်ယူသယ်ဆောင်ပေးပါမယ်။ ကျွန်တော်တို့ Team က ကျောင်းပြီးစ လူငယ်များ၊ Companyဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသူများက volunteerအဖြစ် လုပ်ကြခြင်းဖြစ်တဲ့အတွက် ပစ္စည်းအရေအတွက် များပြားခြင်း၊ အရွယ်အစား ကြီးမားခြင်းများအတွက် သယ်ယူပို့ဆောင်ပေးစရာ ကားမရှိကြသေးပါ။ အဲ့ဒီအတွက်ကြောင့် ဆိုင်ကယ်တစီးစာ နိုင်သလောက်ပဲ ပို့ဆောင်ပေးနိုင်တာကိုတော့ စိတ်မကောင်းစွာ ဝန်ခံထားရမယ်၊ ဒါပေမယ့် တခေါက်နဲ့မနိုင်ရင်လဲ အခေါက်ခေါက်အခါခါ ပြန်လည်သယ်ဆောင်ပေးမှာပါ။ တစ်အိမ်အတွက် တစ်ဦးကို အခေါက်ရေ ဘယ်လောက်ဆိုတာ ကန့်သတ်ချက်မျိုး မထားရှိထားဘူး “ လို့ Together Volunteer Teamအဖွဲ့ဝင် ကိုပြည့်ဖြိုးထက်က ပြောပါတယ်။

ဒီနေ့မနက်မှာလည်း မန္တလေးမြို့တွင်းကို ပို့ဆောင်ကူညီပေးတာ ၆ ဦးရှိပြီလို့သိရပြီး အဲ့ဒီအဖွဲ့ကို Volunteer ၅ ယောက်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ Volunteerအဖွဲ့ဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေရဲ့ ဘဏ်အကောင့်တွေကို ပေးထားတာမရှိတဲ့အတွက် တခြားသူတွေကနေ လိမ်လည်ပြီး ဘဏ်အကောင့်ကနေတဆင့် ငွေလွှဲခိုင်းခဲ့ပါက မိမိတို့Team မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #COVID #အပြင်မထွက်ချင်သူများ #TogrtherVolunteerTeam #လိုအပ်တဲ့ပစ္စည်းများ #အခမဲ့ပို့ဆောင်ပေး

Zawgyi

မႏၱေလးၿမိဳ႕မွာ COVID-19ေၾကာင့့္ အိမ္အျပင္မထြက္ရဲတဲ့သူေတြအတြက္ အခမဲ့ပစၥည္းပုိ႔ေဆာင္ေပးတဲ့ လုပ္ငန္းစတင္

မႏၱေလး၊ မတ္ ၂၄-၂၀၂၀
ရႈိ္င္းေအာင္ (VOM)

မႏၱေလးၿမိဳ႕မွာ ဒီကေန႔မတ္လ ၂၄ ရက္ေန႔ကစတင္ၿပီး Together Volunteer Teamဆိုတဲ့အဖြဲ႔ဟာ မႏၱေလးေဒသခံေတြအေနနဲ႔ COVID-19ေရာဂါကိုေၾကာက္လန္႔လုိ႔ အိမ္အျပင္မထြက္ရဲတဲ့သူေတြရိွရင္ အိမ္တုိင္ရာေရာက္ ပစၥည္းေတြ၀ယ္ယူၿပီး ပုိ႔ေဆာင္ေပးေနတယ္လုိ႔ သိရပါတယ္။

မႏၲေလးၿမိဳ႕ခံေတြအေနနဲ႔ အစိုးရိမ္လြန္ၿပီး Market ေတြမွာ အလုအယက္ဝယ္ယူတဲ့ အ‌ေျခအေနအရ Together လို႔အမည္ေပးၿပီး Volunteer Teamတစ္ခုကေန မႏၱေလးၿမိဳ႕တြင္းက လိုအပ္တဲ့ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ (ဆန္၊ ဆီ၊ ဆား၊ ေခါက္ဆြဲ၊ င႐ုပ္၊ ၾကက္သြန္)စတာေတြကို အခမဲ့လုိက္လံပို႔ေဆာင္ေပးေနတာျဖစ္ပါတယ္။

အေျခခံစားေသာက္ကုန္ေတြအျပင္ က်န္မားေရးအတြက္လိုအပ္တဲ့ ေဆးဝါးမ်ား၊ သက္ႀကီး႐ြယ္ႀကီးမ်ားနဲ႔ က်န္မာေရးတစုံတရာအခက္အခဲျဖစ္ေနသူမ်ား၊ ျပင္ပကုိ တစုံတရာေၾကာင့္ ထြက္ဖို႔ခက္ခဲေနသူေတြအတြက္လည္း အစားအေသာက္ဆိုင္ေတြကေန လိုက္လံဝယ္ယူၿပီး မည္သည့္အခေၾကးေငြမွ် ေပးေဆာင္စရာမလိုပဲ အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေပးေနတယ္လုိ႔ သိရပါတယ္။

“ ဝယ္မယ့္ပစၥည္းတန္ဖိုးမ်ားမွာ ကြၽန္ေတာ္တို႔ Teamမွ ႏိုင္တဲ့ပမာဏျဖစ္ရင္ စိုက္ၿပီးဝယ္ျခမ္းေပးတယ္။ လူႀကီးမင္းတို႔ဆီကို ပစၥည္းေရာက္မွသာ ဝယ္ယူတဲ့ ဆိုင္ေဘာင္ခ်ာပါ က်သင့္တဲ့တန္ဖိုးေငြသာ ျပန္လည္ရွင္းေပးရမွာပါ။ အပိုေၾကးဝန္ေဆာင္ခ တျပားတခ်ပ္မွ ေပးရန္မလိုဘဲ မွာယူတဲ့ပစၥည္းက တန္ဖိုးေငြပမာဏမ်ားလြန္းၿပီး ကြၽန္ေတာ္တို႔ Teamကေန ပစၥည္းအားလုံးကို ေငြမစိုက္ႏိုင္ခဲ့ရင္ စိုက္ႏိုင္တဲ့ပမာဏကို ေပးေခ်ဝယ္ယူၿပီးေတာ့ ဦးစြာအရင္လာေပးၿပီး က်န္ရွိပစၥည္းေတြကို ေနာက္တေခါက္ထပ္ၿပီး သြား‌ေရာက္ ဝယ္ယူသယ္ေဆာင္ေပးပါမယ္။ ကြၽန္ေတာ္တို႔ Team က ေက်ာင္းၿပီးစ လူငယ္မ်ား၊ Companyဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနၾကသူမ်ားက volunteerအျဖစ္ လုပ္ၾကျခင္းျဖစ္တဲ့အတြက္ ပစၥည္းအေရအတြက္ မ်ားျပားျခင္း၊ အ႐ြယ္အစား ႀကီးမားျခင္းမ်ားအတြက္ သယ္ယူပို႔ေဆာင္ေပးစရာ ကားမရွိၾကေသးပါ။ အဲ့ဒီအတြက္ေၾကာင့္ ဆိုင္ကယ္တစီးစာ ႏိုင္သေလာက္ပဲ ပို႔ေဆာင္ေပးႏိုင္တာကိုေတာ့ စိတ္မေကာင္းစြာ ဝန္ခံထားရမယ္၊ ဒါေပမယ့္ တေခါက္နဲ႔မႏိုင္ရင္လဲ အေခါက္ေခါက္အခါခါ ျပန္လည္သယ္ေဆာင္ေပးမွာပါ။ တစ္အိမ္အတြက္ တစ္ဦးကို အေခါက္ေရ ဘယ္ေလာက္ဆိုတာ ကန႔္သတ္ခ်က္မ်ိဳး မထားရွိထားဘူး “ လုိ႔ Together Volunteer Teamအဖြဲ႔၀င္ ကုိျပည့္ၿဖိဳးထက္က ေျပာပါတယ္။

ဒီေန႔မနက္မွာလည္း မႏၱေလးၿမိဳ႕တြင္းကုိ ပုိ႔ေဆာင္ကူညီေပးတာ ၆ ဦးရွိၿပီလုိ႔သိရၿပီး အဲ့ဒီအဖြဲ႔ကို Volunteer ၅ ေယာက္နဲ႔ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

အဲ့ဒီအဖြဲ႔ဟာ Volunteerအဖြဲ႔ျဖစ္တဲ့အတြက္ အဖြဲ႔ဝင္ေတြရဲ႕ ဘဏ္အေကာင့္ေတြကို ေပးထားတာမရိွတဲ့အတြက္ တျခားသူေတြကေန လိမ္လည္ၿပီး ဘဏ္အေကာင့္ကေနတဆင့္ ေငြလႊဲခိုင္းခဲ့ပါက မိမိတို႔Team မဟုတ္ေၾကာင္းကိုလည္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #COVID #အျပင္မထြက္ခ်င္သူမ်ား #TogrtherVolunteerTeam #လုိအပ္တဲ့ပစၥည္းမ်ား #အခမဲ့ပို႔ေဆာင္ေပး

Related posts

Leave a Comment

VOM News

FREE
VIEW