ကိုရိုနာဗိုင်းရပ်စ်လူနာ ၂ ဦးတွေ့ပြီးနောက် မန္တလေး ကျောက်ဝိုင်းပိတ်၊ စားသောက်ကုန်များ အလုအယက် ဝယ်ယူမှုများ ရှိနေ

ကိုရိုနာဗိုင်းရပ်စ်လူနာ ၂ ဦးတွေ့ပြီးနောက် မန္တလေး ကျောက်ဝိုင်းပိတ်၊ စားသောက်ကုန်များ အလုအယက် ဝယ်ယူမှုများ ရှိနေ

မန္တလေး၊ မတ် ၂၄-၂၀၂၀
Voice Of Myanmar

မြန်မာနိုင်ငံမှာ COVID-19ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ (၂၃)ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း ဒီကနေ့မနက်ပိုင်းကစပြီး မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။

“ဒီနေ့မနက်ကစပြီး ယာယီပိတ်လိုက်ပါပြီ၊ အစကတော့ ဧပြီ ၃၀ အထိ ပိတ်မလို့ပေါ့နော်။ ဒါပေမယ့် အခုက ကွန်ဖန်းတွေ့သွားပြီဆိုတော့ အစိုးရက ဘယ်တော့ဖြင့် ပြန်ဖွင့်လို့ ရပါပြီဆိုပြီး ညွှန်ကြားချက်ထပ်ပေးတဲ့အထိ စောင့်မယ်။ နေ့လည် ၁ နာရီကျရင် ဆိုင်ရှင်တွေကို သူတို့ပစ္စည်းတွေ လာသိမ်းခွင့်ပေးမယ်။ လောလောဆယ်က ပိုးသတ်ဆေး ဖြန်းတာတွေ ဘာတွေ လုပ်နေတယ်။”လို့ မဟာအောင်မြေကျောက်မြတ်ရတနာဈေး ဥက္ကဌ ဦးသန်းဝင်းကပြောပါတယ်။

မန္တလေးမြို့ ၊ လမ်း၃၀ပေါ် ၊ ပြည်သူ့ဆေးရုံကြီးရှေ့က ဆေးဆိုင်တွေမှာ လမ်းပိတ်တဲ့အထိ ဆေးပစ္စည်းတွေကို မြို့ခံလူများက အလုအယက်လာရောက်ဝယ်ယူနေကြတာဖြစ်ပါတယ်။

ဆေးဆိုင်အများစုဟာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးမှာလိုအပ်တဲ့ နှာခေါင်းအုပ်(Mask) ၊ လက်ဆေးဆပ်ပြာ(Hand Gel)နဲ့ အခြားလိုအပ်တဲ့ ဆေးပစ္စည်းတွေကို ပစ္စည်းတွေပျက်တဲ့အထိ ရောင်းနေကြရတယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

အလားတူ ဈေးဆိုင်အချို့နဲ့ ဆန်ရောင်းဝယ်ရောင်းဝယ်ရေး ဆိုင်တွေမှာလည်း စားသောက်ကုန်ပစ္စည်းတွေကို အလုအယက်ဝယ်ယူနေကြပြီး ဘဏ်တွေနဲ့ ရှော့ပင်းမောတွေမှာလည်း ၃ပေးအကွာကနေကြဖို့ သတိပေးတာတွေလည်း ပြုလုပ်ထားပါတယ်။

တိုင်းအစိုးရကနေပြီး ရပ်ကွက်တွေအတွင်း လူစုလူဝေးနဲ့ ပြုလုပ်တဲ့ပွဲတွေကို ရှောင်ကြဉ်ကြဖို့အတွက် အသံချဲ့စက်နဲ့ လူထုကိုလိုက်လံသတိပေးနေပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ကိုရိုနာ #ကျောက်ဝိုင်းပိတ် #စားသောက်ကုန် #အလုအယက်ဝယ်နေကြ

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္လူနာ ၂ ဦးေတြ႕ၿပီးေနာက္ မႏၲေလး ေက်ာက္ဝိုင္းပိတ္၊ စားေသာက္ကုန္မ်ား အလုအယက္ ဝယ္ယူမႈမ်ား ရွိေန

မႏၲေလး၊ မတ္ ၂၄-၂၀၂၀
Voice Of Myanmar

ျမန္မာႏိုင္ငံမွာ COVID-19ေရာဂါပိုးကူးစက္ခံရသူ ႏွစ္ဦးရွိေနၿပီလို႔ က်န္းမာေရး၀န္ႀကီးဌာနက မတ္လ (၂၃)ရက္ေန႔က ေၾကညာခဲ့ၿပီးေနာက္ပိုင္း ဒီကေန႔မနက္ပိုင္းကစၿပီး မႏၲေလးၿမိဳ႕ ၊ မဟာေအာင္ေျမၿမိဳ႕နယ္က ေက်ာက္ဝိုင္းကို ပိတ္ပစ္လိုက္တာျဖစ္ပါတယ္။

“ဒီေန႔မနက္ကစၿပီး ယာယီပိတ္လိုက္ပါၿပီ၊ အစကေတာ့ ဧၿပီ ၃၀ အထိ ပိတ္မလို႔ေပါ့ေနာ္။ ဒါေပမယ့္ အခုက ကြန္ဖန္းေတြ႕သြားၿပီဆိုေတာ့ အစိုးရက ဘယ္ေတာ့ျဖင့္ ျပန္ဖြင့္လို႔ ရပါၿပီဆိုၿပီး ၫႊန္ၾကားခ်က္ထပ္ေပးတဲ့အထိ ေစာင့္မယ္။ ေန႔လည္ ၁ နာရီက်ရင္ ဆိုင္ရွင္ေတြကို သူတို႔ပစၥည္းေတြ လာသိမ္းခြင့္ေပးမယ္။ ေလာေလာဆယ္က ပိုးသတ္ေဆး ျဖန္းတာေတြ ဘာေတြ လုပ္ေနတယ္။”လို႔ မဟာေအာင္ေျမေက်ာက္ျမတ္ရတနာေဈး ဥကၠဌ ဦးသန္း၀င္းကေျပာပါတယ္။

မႏၲေလးၿမိဳ႕ ၊ လမ္း၃၀ေပၚ ၊ ျပည္သူ႔ေဆး႐ုံႀကီးေရွ႕က ေဆးဆိုင္ေတြမွာ လမ္းပိတ္တဲ့အထိ ေဆးပစၥည္းေတြကို ၿမိဳ႕ခံလူမ်ားက အလုအယက္လာေရာက္၀ယ္ယူေနၾကတာျဖစ္ပါတယ္။

ေဆးဆိုင္အမ်ားစုဟာ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ေရးမွာလိုအပ္တဲ့ ႏွာေခါင္းအုပ္(Mask) ၊ လက္ေဆးဆပ္ျပာ(Hand Gel)နဲ႔ အျခားလိုအပ္တဲ့ ေဆးပစၥည္းေတြကို ပစၥည္းေတြပ်က္တဲ့အထိ ေရာင္းေနၾကရတယ္လို႔ ေဆးဆိုင္ပိုင္ရွင္ေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

အလားတူ ေဈးဆိုင္အခ်ိဳ႕နဲ႔ ဆန္ေရာင္း၀ယ္ေရာင္း၀ယ္ေရး ဆိုင္ေတြမွာလည္း စားေသာက္ကုန္ပစၥည္းေတြကို အလုအယက္၀ယ္ယူေနၾကၿပီး ဘဏ္ေတြနဲ႔ ေရွာ့ပင္းေမာေတြမွာလည္း ၃ေပးအကြာကေနၾကဖို႔ သတိေပးတာေတြလည္း ျပဳလုပ္ထားပါတယ္။

တုိင္းအစိုးရကေနၿပီး ရပ္ကြက္ေတြအတြင္း လူစုလူေဝးနဲ႔ ျပဳလုပ္တဲ့ပြဲေတြကို ေရွာင္ၾကဥ္ၾကဖို႔အတြက္ အသံခ်ဲ႕စက္နဲ့ လူထုကိုလုိက္လံသတိေပးေနပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ကို႐ိုနာ #ေက်ာက္ဝိုင္းပိတ္ #စားေသာက္ကုန္ #အလုအယက္၀ယ္ေနၾက

Related posts

Leave a Comment

VOM News

FREE
VIEW