ငွေဆောင်၊ ချောင်းသာနဲ့ အပန်းဖြေကျွန်းတွေကို ခရီးသွားလာခွင့် ပိတ်သိမ်း

ငွေဆောင်၊ ချောင်းသာနဲ့ အပန်းဖြေကျွန်းတွေကို ခရီးသွားလာခွင့် ပိတ်သိမ်း

ပုသိမ် ၊မတ် ၂၄- ၂၀၂၀
ကိုအောင်(VOM)

ဒီနေ့မနက်ကျင်းပတဲ့ ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးမှာ ငွေဆောင်၊ ချောင်းသာနဲ့ ဂေါ်ရင်ဂျီကျွန်းတွေဆီ ခရီးသွားလာခွင့်ကို တိုင်းအစိုးရအမိန့်နဲ့ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင် စတဲ့ ကမ်းခြေများအပါအဝင် တိုင်းအတွင်းမှာရှိတဲ့ ကမ်းခြေတွေရဲ့ ခရီးသွားလာခွင့်ကို ပိတ်လိုက်တာဖြစ်ပါတယ်။

ကမ်းခြေတွေ ခရီးသွားလာခွင့်ရပ်နားဖို့အကြောင်းကို ဒေးဒရဲမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားအားလုံးက ထောက်ခံတဲ့အတွက် လွှတ်တော်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကမ်းခြေတွေနဲ့ ဇလွန်ပြန်တော်ပြန်ဘုရား၊ အကောက် တောင်ဘုရားတို့ကို လာရောက်လည်ပတ်တာတွေနဲ့ ဘုရားဖူးဝင်ရောက်မှုတွေကိုပါ ပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးကို လူနှစ်ဦးမှာတွေ့ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ၂၃ရက်နေ့မှာ ကြေငြာပြီးတဲ့နောက် အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့က ချောင်းသာကမ်းခြေဒေသက ဒေသခံတွေက ကမ်းခြေခရီးသွားလာမှု ရပ်နားဖို့အတွက် ဒေသခံ ၂၀၀၀ နီးပါး လက်မှတ်ထိုးဆန္ဒပြုထားတဲ့ မှတ်တမ်းတွေနဲ့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်ကို လာရောက်တောင်းဆိုတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းအတွင်းက ခရီးသွားဝင်ရောက်မှု အများဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး တည်ခိုးခန်း ၅၉ လုံး၊ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံးနဲ့ တည်းခိုခန်း ၄၆ လုံးရှိပြီး နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်လည်ပတ်မှုဦးရေဟာလည်း သိန်းနဲ့ချီရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #အပန်းဖြေကမ်းခြေ #ခရီးသွားလာခွင့်ပိတ်သိမ်း

Zawgyi

ေငြေဆာင္၊ ေခ်ာင္းသာနဲ႔ အပန္းေျဖကြၽန္းေတြကို ခရီးသြားလာခြင့္ ပိတ္သိမ္း

ပုသိမ္ ၊မတ္ ၂၄- ၂၀၂၀
ကိုေအာင္(VOM)

ဒီေန႔မနက္က်င္းပတဲ့ ဧရာဝတီတိုင္းလႊတ္ေတာ္အစည္းအေဝးမွာ ေငြေဆာင္၊ ေခ်ာင္းသာနဲ႔ ေဂၚရင္ဂ်ီကြၽန္းေတြဆီ ခရီးသြားလာခြင့္ကို တိုင္းအစိုးရအမိန္႔နဲ႔ပိတ္သိမ္းဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ဧရာ၀တီတိုင္းအတြင္းက ကမ္းေျခေတြျဖစ္တဲ့ ေခ်ာင္းသာ၊ ေငြေဆာင္ စတဲ့ ကမ္းေျခမ်ားအပါအ၀င္ တိုင္းအတြင္းမွာရွိတဲ့ ကမ္းေျခေတြရဲ႕ ခရီးသြားလာခြင့္ကို ပိတ္လိုက္တာျဖစ္ပါတယ္။

ကမ္းေျခေတြ ခရီးသြားလာခြင့္ရပ္နားဖို႔အေၾကာင္းကို ေဒးဒရဲၿမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ဝင္းက အဆိုတင္သြင္းခဲ့တာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားအားလုံးက ေထာက္ခံတဲ့အတြက္ လႊတ္ေတာ္ကေန အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဧရာ၀တီတိုင္းအတြင္းမွာရွိတဲ့ ကမ္းေျခေတြနဲ႔ ဇလြန္ျပန္ေတာ္ျပန္ဘုရား၊ အေကာက္ ေတာင္ဘုရားတို႔ကို လာေရာက္လည္ပတ္တာေတြနဲ႔ ဘုရားဖူး၀င္ေရာက္မႈေတြကိုပါ ပိတ္သိမ္းသြားေတာ့မွာျဖစ္တယ္လုိ႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ COVID -19 ေရာဂါပိုးကို လူႏွစ္ဦးမွာေတြ႕ရွိၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက မတ္လ၂၃ရက္ေန႔မွာ ေၾကျငာၿပီးတဲ့ေနာက္ အခုလိုဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တာပဲ ျဖစ္ပါတယ္။

မတ္လ ၂၃ ရက္ေန႔က ေခ်ာင္းသာကမ္းေျခေဒသက ေဒသခံေတြက ကမ္းေျခခရီးသြားလာမႈ ရပ္နားဖို႔အတြက္ ေဒသခံ ၂၀၀၀ နီးပါး လက္မွတ္ထိုးဆႏၵျပဳထားတဲ့ မွတ္တမ္းေတြနဲ႔အတူ တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ကို လာေရာက္ေတာင္းဆိုတာေတြလည္း ျပဳလုပ္ခဲ့ပါတယ္။

ဧရာ၀တီတိုင္းအတြင္းက ခရီးသြား၀င္ေရာက္မႈ အမ်ားျဖစ္တဲ့ ေခ်ာင္းသာကမ္းေျခမွာ ဟိုတယ္ ၃၉ လုံး တည္ခိုးခန္း ၅၉ လုံး၊ ေငြေဆာင္ကမ္းေျခမွာ ဟိုတယ္ ၃၃ လုံးနဲ႔ တည္းခိုခန္း ၄၆ လုံးရွိၿပီး ႏွစ္စဥ္ ျပည္တြင္းျပည္ပ ခရီးသြား၀င္ေရာက္လည္ပတ္မႈဦးေရဟာလည္း သိန္းနဲ႔ခ်ီရွိတယ္လို႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #အပန္းေျဖကမ္းေျခ #ခရီးသြားလာခြင့္ပိတ္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW