ပြင်ဦးလွင်အဆင်းလမ်းမှာ အိမ်စီးကားကို တွဲကားကဝင်တိုက် လူလေးဦးသေဆုံး

ပြင်ဦးလွင်အဆင်းလမ်းမှာ အိမ်စီးကားကို တွဲကားကဝင်တိုက် လူလေးဦးသေဆုံး

ပြင်ဦးလွင်၊ မတ် ၂၄-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်စာရွာအနီး မန္တလေး- ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်(၁၉)မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က တွဲကားကနေ အိမ်စီးကားကိုဝင်တိုက်ပြီး လူလေးဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နယ်မြေက ပြင်စာရဲစခန်းတာဝန်ရှိသူတစ်ယောက်ကိုဆက်သွယ်ရာ” ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်၊ ကျွန်တော်တို့ ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

” ကျွန်တော်တို့ဆီကို ၉ နာရီဝန်းကျင်လောက်မှာ အကြောင်းကြားလာပါတယ်၊ အဆင်းလမ်း မိုင်တိုင် ၁၉ မှာရပ်ထားတဲ့ အိမ်စီးကားကို အထက်ကဆင်းလာတဲ့ ကုန်တင်ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်မိရာကနေ အိမ်စီးကား ချောက်ထဲကျပြီး ကားပေါ်ပါတဲ့ လူလေးယောက် နေရာမှာတင် သေဆုံးခဲ့တယ်” လို့ ဖြစ်စဉ်နေရာကို သွားရောက်ကူညီတဲ့ စေတနာမွန်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်နေရာက အိမ်စီးကားပေါ်ပါလာတဲ့ သားအမိနှစ်ယောက်နဲ့ တွဲကားမောင်းသူ အမျိုးသား နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo -ဇော်ဦး
#VOM #voiceofmyanmar #ပြင်စာ #ယာဉ်တိုက်မှု #လူလေးဦးသေဆုံး

Zawgyi


ပြင်ဦးလွင်၊ မတ် ၂၄-၂၀၂၀
ရှိုင်းအောင်(VOM)





Photo -ဇော်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW