ရခိုင်ပြည်နယ်အရေးကိစ္စတောင်းဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ လချမှတ်ခံရ

ရခိုင်ပြည်နယ်အရေးကိစ္စတောင်းဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ လချမှတ်ခံရ

ရန်ကုန် မတ် ၂၅-၂၀၂၀
သိင်္ဂီ (VOM)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်မှာ အင်တာနက်ဖြတ်တောက်မှု၊ စာသင်ကျောင်းပေါ် လက်နက်ကြီးကျမှုတွေကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးဖို့ ဆန္ဒပြတောင်ဆိုခဲ့တဲ့ ကျောင်းသား ၇ ဦးကို ကမာရွတ်မြို့နယ်တရားရုံးက ဒီကနေ့မနက်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အယူခံတက်ဖို့မရှိကြောင်းနဲ့ အစကတည်းက တရားစီရင်ရေး နဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း အယုံမကြည်မရှိခဲ့ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုသက်မောင်မောင်ကပြောပါတယ်။

” ဒီအမှုကအစထဲက အာမခံယူပြီး ဒဏ်ငွေဆောင်လို့ရတယ်။ ဒါပေမယ့်မလုပ်ဘူး။ ဘာကြောင့်လဲဆို ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံကထွက်တဲ့ ဥပဒေမှန်သမျှ ရှုံ့ချကန့်ကွက်တယ်။ နောက်ပြီး ရခိုင်မှာ အင်တာနက်ဖြတ်တောက်တာနဲ့ ပတ်သက်လို့ရော၊ လက်နက်ကြီးကျတာရော ပတ်သက်လို့ ခုထိ ဖြေရှင်းတာမရှိဘူး။ ဒါတွေကိုတောင်းဆိုတဲ့သူတွေကို တမင်သက်သက် ဖိနှိပ်ထောင်ချတယ်။ ကျောင်းသားတွေကို ဖိနှိပ်တယ်လို့မြင်တယ်။ ဒါကိုကျနော်တို့ရှုံ့ချတယ်။ ခုပြစ်ဒဏ်ချမှုအပေါ် ဘာအယူခံမ ှတက်မှာမဟုတ်ဘူး”လို့ ကိုသက်မောင်မောင်ကပြောပါတယ်။

ဗ.က.သ အဖွဲ့ဝင်ကျောင်းသားတွေဖြစ်တဲ့ နောင်ထက်အောင် ၊ အောင်ပြည့်စုံဖြိုး၊ သုတစိုး၊ မနှင်း၊ ဇော်ထက်နိုင်၊ သက်တင်အောင်၊ မအေးမြတ်မွန်ကျော်တို့(၇)ဉီးကို ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ပြစ်ဒဏ်(၁)လချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဗ.က.သ များအဖွဲ့ချုပ်ကတော့ ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်နေမှုကို ပြန်လည်ဖွင့်ပေးဖို့ အတွက် တောင်းဆိုတဲ့လုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ရခိုင်အရေးတောင်းဆိုတဲ့ #ကျောင်းသားတွေကို #ထောင်၁လချ

Zawgyi

ရခိုင္ျပည္နယ္အေရးကိစၥေတာင္းဆိုခဲ့တဲ့ ေက်ာင္းသား ၇ ဦးကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၁ လခ်မွတ္ခံရ

ရန္ကုန္ မတ္ ၂၅-၂၀၂၀
သိဂႌ (VOM)

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္မွာ အင္တာနက္ျဖတ္ေတာက္မွု၊ စာသင္ေက်ာင္းေပၚ လက္နက္ႀကီးက်မွုေတြကို တာဝန္ယူတာဝန္ခံေျဖရွင္းေပးဖို႔ ဆႏၵျပေတာင္ဆိုခဲ့တဲ့ ေက်ာင္းသား ၇ ဦးကို ကမာရြတ္ျမိဳ႔နယ္တရား႐ုံးက ဒီကေန႔မနက္ပိုင္းက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁ လ ခ်မွတ္လိုက္ပါတယ္။

ဒီလို ျပစ္ဒဏ္ခ်မွတ္လိုက္တဲ့အေပၚ အယူခံတက္ဖို႔မ႐ွိေၾကာင္းနဲ႔ အစကတည္းက တရားစီရင္ေရး နဲ႔ တရားဥပေဒစိုးမိုးေရးကိုလည္း အယုံမၾကည္မ႐ွိခဲ့ဘူးလို႔ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ဥကၠ႒ ကိုသက္ေမာင္ေမာင္ကေျပာပါတယ္။

” ဒီအမႈကအစထဲက အာမခံယူၿပီး ဒဏ္ေငြေဆာင္လို႔ရတယ္။ ဒါေပမယ့္မလုပ္ဘူး။ ဘာေၾကာင့္လဲဆို ၂၀၀၈ အေျခခံဥပေဒဖြဲ႔စည္းပံုကထြက္တဲ့ ဥပေဒမွန္သမွ် ႐ွဳံ႕ခ်ကန္႔ကြက္တယ္။ ေနာက္ၿပီး ရခိုင္မွာ အင္တာနက္ျဖတ္ေတာက္တာနဲ႔ ပတ္သက္လို႔ေရာ၊ လက္နက္ႀကီးက်တာေရာ ပတ္သက္လို႔ ခုထိ ေျဖ႐ွင္းတာမ႐ွိဘူး။ ဒါေတြကိုေတာင္းဆိုတဲ့သူေတြကို တမင္သက္သက္ ဖိႏွိပ္ေထာင္ခ်တယ္။ ေက်ာင္းသားေတြကို ဖိႏွိပ္တယ္လို႔ျမင္တယ္။ ဒါကိုက်ေနာ္တို႔႐ႈံ႕ခ်တယ္။ ခုျပစ္ဒဏ္ခ်မႈအေပၚ ဘာအယူခံမ ွတက္မွာမဟုတ္ဘူး”လို႔ ကိုသက္ေမာင္ေမာင္ကေျပာပါတယ္။

ဗ.က.သ အဖြဲ႔ဝင္ေက်ာင္းသားေတြျဖစ္တဲ့ ေနာင္ထက္ေအာင္ ၊ ေအာင္ျပည့္စုံၿဖိဳး၊ သုတစိုး၊ မႏွင္း၊ ေဇာ္ထက္နိုင္၊ သက္တင္ေအာင္၊ မေအးျမတ္မြန္ေက်ာ္တုိ႔(၇)ဉီးကို ကမာရြတ္ၿမိဳ႕နယ္တရား႐ုံးက ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ ျပစ္ဒဏ္(၁)လခ်မွတ္လိုက္တာပဲ ျဖစ္ပါတယ္။

ဗ.က.သ မ်ားအဖြဲ႔ခ်ဳပ္ကေတာ့ ရခိုင္ျပည္နယ္ အင္တာနက္ျဖတ္ေတာက္ေနမႈကို ျပန္လည္ဖြင့္ေပးဖို႔ အတြက္ ေတာင္းဆိုတဲ့လုပ္႐ွားမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ရခုိင္အေရးေတာင္းဆိုတဲ့ #ေက်ာင္းသားေတြကို #ေထာင္၁လခ်

Related posts

Leave a Comment

VOM News

FREE
VIEW