လှိုင်သာယာစက်မှုဇုန်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီကို ဒီကနေ့မှာ စတင်ရောင်းချပေးမယ်

လှိုင်သာယာစက်မှုဇုန်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီကို ဒီကနေ့မှာ စတင်ရောင်းချပေးမယ်

ရန်ကုန် ၊ မတ် ၂၆-၂၀၂၀
သိဂီ ၤ( VOM)

လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားတွေနဲ့ ပြည်သူတွေအတွက် ဆန် ၊ ဆီ တွေကို လက်ရှိအပြင်ရောင်းချဈေးထက်သက်သာတဲ့ နှုန်းထားနဲ့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ညနေမှာ စတင်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။

ပထမအကြိမ်အနေနဲ့ လှိုင်သာယာစက်မှုဇုန်မှာရောင်းချတာဖြစ်ပြီး နောက်ရက်တွေမှာတော့ ရန်ကုန်တိုင်းထဲက ကျန်တဲ့စက်မှုဇုန်တွေမှာပါ အခြေခံစားသောက်ကုန်ရောင်းချပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ စတင်ရောင်းချမယ့် လှိုင်သာယာစက်မှုဇုန်မှာတော့ ဆန်တစ်ပြည်ကို ၁၀၀၀ ကျပ် ကနေရောင်းချပေးမှာဖြစ်ပြီး ဆီကိုတော့ အသင့်ထည့်ဘူးတွေနဲ့ ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။

“အခြေခံစားသောက်ကုန်မှာ ဆန်နဲ့ဆီအဓိကပါ။ စက်ရုံအလုပ်သမားတွေ ရုံးဆင်းချိန်၊ အဲ့ဒီမှာနေမယ့်သူတွေ လာဝယ်တဲ့သူတွေရော ရောင်းချပေးသွားပါမယ်။ ဒီနေ့က လှိုင်သာယာနဲ့စတယ်။ နောက်နေ့တော့ တခြားနေရာတွေပေါ့။ ဘယ်နေရာတွေလုပ်ဖြစ်မလဲတော့ မသိသေးဘူး။ တစ်ချက်စိုးရိမ်တာက ဒီလိုရောင်းတဲ့အခါ လူစုလူဝေးဖြစ်သွားမှာလည်း စိုးရိမ်တယ်။ အဲ့ဒီတော့ နေ့စဉ်ရောင်းမလား တစ်ပတ်တစ်ခါလောက် ရောင်းမလားဆိုတာ မပြောနိုင်သေးဘူး။ လူအကန့်အသတ်နဲ့ ရောင်းမှာတော့မဟုတ်ဘူး။ လောက်လောက်ငှငှဖြစ်အောင် ရောင်းပေးမှာပါ။ အပြင်ဈေးတွေမှာရောင်းတဲ့ဈေး ၊ စူပါမားကက်တွေမှာရောင်းတဲ့ဈေးတွေထက် သက်သာအောင်ရောင်းပေးမှာဖြစ်တယ်။ ဆန်ကလည်း ၁၀၀၀ နဲ့ရောင်းပေးမယ်။”လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဆန်းလင်းက ပြောပါတယ်။

အခုလို ရောင်းချပေးတာဟာ ပြည်သူတွေအကြား COVID-19ကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုမရှိစေဖို့နဲ့ အခြေခံစားသောက်ကုန်တွေ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုလုပ်ဆောင်မှုကြောင့် အိမ်မှာဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်တွေ၊ လက်လီ၊ လက်ကားလုပ်ငန်းတွေ မထိခိုက်အောင်လည်း စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ဆီ ရောင်းချပေးတဲ့အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းတို့က လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခြင်းဖြစ်ကာ ဈေးရာင်းချပေးတာကို လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ရုံးအရှေ့မှာပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo – STUM
#VOM #voiceofmyanmar #ရန်ကုန် #လှိုင်သာယာ #အခြေခံစားသောက်ကုန် #ရောင်းချပေးမယ်

Zawgyi

လိႈင္သာယာစက္မႈဇုန္မွာ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္နဲ႔ဆီကို ဒီကေန႔မွာ စတင္ေရာင္းခ်ေပးမယ္

ရန္ကုန္ ၊ မတ္ ၂၆-၂၀၂၀
သိဂီ ၤ( VOM)

လိႈင္သာယာစက္မႈဇုန္ထဲက အလုပ္သမားေတြနဲ႔ ျပည္သူေတြအတြက္ ဆန္ ၊ ဆီ ေတြကုိ လက္ရွိအျပင္ေရာင္းခ်ေစ်းထက္သက္သာတဲ့ ႏႈန္းထားနဲ႔ ဒီကေန႔ မတ္လ ၂၆ ရက္ေန႔ညေနမွာ စတင္ေရာင္းခ်ေပးသြားမယ္လုိ႔ ျမန္မာႏုိင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းဆီကေန သိရပါတယ္။

ပထမအႀကိမ္အေနနဲ႔ လိႈင္သာယာစက္မႈဇုန္မွာေရာင္းခ်တာျဖစ္ၿပီး ေနာက္ရက္ေတြမွာေတာ့ ရန္ကုန္တုိင္းထဲက က်န္တဲ့စက္မႈဇုန္ေတြမွာပါ အေျခခံစားေသာက္ကုန္ေရာင္းခ်ေပးနုိင္ဖုိ႔ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ဒီကေန႔ စတင္ေရာင္းခ်မယ့္ လိႈင္သာယာစက္မႈဇုန္မွာေတာ့ ဆန္တစ္ျပည္ကုိ ၁၀၀၀ က်ပ္ ကေနေရာင္းခ်ေပးမွာျဖစ္ၿပီး ဆီကုိေတာ့ အသင့္ထည့္ဘူးေတြနဲ႔ ေရာင္းခ်ေပးသြားမွာပဲျဖစ္ပါတယ္။

“အေျခခံစားေသာက္ကုန္မွာ ဆန္နဲ႔ဆီအဓိကပါ။ စက္ရုံအလုပ္သမားေတြ ရုံးဆင္းခ်ိန္၊ အဲ့ဒီမွာေနမယ့္သူေတြ လာ၀ယ္တဲ့သူေတြေရာ ေရာင္းခ်ေပးသြားပါမယ္။ ဒီေန႔က လိႈင္သာယာနဲ႔စတယ္။ ေနာက္ေန႔ေတာ့ တျခားေနရာေတြေပါ့။ ဘယ္ေနရာေတြလုပ္ျဖစ္မလဲေတာ့ မသိေသးဘူး။ တစ္ခ်က္စိုးရိမ္တာက ဒီလိုေရာင္းတဲ့အခါ လူစုလူေ၀းျဖစ္သြားမွာလည္း စိုးရိမ္တယ္။ အဲ့ဒီေတာ့ ေန႔စဥ္ေရာင္းမလား တစ္ပတ္တစ္ခါေလာက္ ေရာင္းမလားဆိုတာ မေျပာႏိုင္ေသးဘူး။ လူအကန္႔အသတ္နဲ႔ ေရာင္းမွာေတာ့မဟုတ္ဘူး။ ေလာက္ေလာက္ငွငွျဖစ္ေအာင္ ေရာင္းေပးမွာပါ။ အျပင္ေစ်းေတြမွာေရာင္းတဲ့ေစ်း ၊ စူပါမားကက္ေတြမွာေရာင္းတဲ့ေစ်းေတြထက္ သက္သာေအာင္ေရာင္းေပးမွာျဖစ္တယ္။ ဆန္ကလည္း ၁၀၀၀ နဲ႔ေရာင္းေပးမယ္။”လို႔ ျမန္မာႏုိင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ဦးဆန္းလင္းက ေျပာပါတယ္။

အခုလို ေရာင္းခ်ေပးတာဟာ ျပည္သူေတြအၾကား COVID-19ေၾကာင့္ အေျခခံစားေသာက္ကုန္ ေစ်းႏႈန္းႀကီးျမင့္မႈမရွိေစဖို႔နဲ႔ အေျခခံစားေသာက္ကုန္ေတြ ေစ်းကြက္အတြင္း ျပတ္လပ္မႈမရွိေစဖုိ႔ ရည္ရြယ္လုပ္ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီလိုုလုပ္ေဆာင္မႈေၾကာင့္ အိမ္မွာဖြင့္လွစ္ေရာင္းခ်ေနတဲ့ ေစ်းဆုိင္ေတြ၊ လက္လီ၊ လက္ကားလုပ္ငန္းေတြ မထိခိုက္ေအာင္လည္း စီစဥ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္နဲ႔ ဆီ ေရာင္းခ်ေပးတဲ့အစီအစဥ္ကို ျမန္မာနုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ ၊ ျမန္မာႏုိင္ငံဆန္စပါးကုန္သည္မ်ားအသင္း၊ ျမန္မာႏုိင္ငံဆီကုန္သည္နဲ႔ ဆီလုပ္ငန္းရွင္မ်ားအသင္းတို႔က လိႈင္သာယာစက္မႈဇုန္ စီမံခန္႔ခြဲေရးေကာ္မတီႏွင့္ ပူးေပါင္းၿပီး လုပ္ေဆာင္ျခင္းျဖစ္ကာ ေစ်းရာင္းခ်ေပးတာကို လိႈင္သာယာစက္မႈဇုန္ စီမံခန္႔ခြဲေရးေကာ္မတီ ရုံးအေရွ႕မွာျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Photo – STUM
#VOM #voiceofmyanmar #ရန္ကုန္ #လိွဳင္သာယာ #အေျခခံစားေသာက္ကုန္ #ေရာင္းခ်ေပးမယ္

Related posts

Leave a Comment

VOM News

FREE
VIEW