COVID-19ရောဂါတွေတဲ့ ချမ်းမြသာစည်မြို့နယ်က လူနာနဲ့မိသားစု၀င်တွေကို Quarantineလုပ်သွားမယ်

COVID-19ရောဂါတွေတဲ့ ချမ်းမြသာစည်မြို့နယ်က လူနာနဲ့မိသားစုဝင်တွေကို Quarantineလုပ်သွားမယ်

မန္တလေး၊ မတ် ၂၇-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတိုက်ခန်းမှာ COVID-19ရောဂါကူးစက်တဲ့သူနေထိုင်တဲ့ တိုက်ခန်းတစ်ခုလုံးကို ရောဂါမပြန့်အောင် တားဆီးကာကွယ်တာတွေ (Quarantine) လုပ်သွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ မဲဆန္ဒနယ်ထဲမှာဖြစ်တော့ ဒီလူနာရဲ့ ဇစ်မြစ်ကို ညတွင်းချင်းလိုက်တော့ ပြဿနာလေးတွေကတော့ရှိတယ်၊ သူသွားခဲ့တဲ့ ဆေးခန်းတွေမှာ အခြေအနေကပြောမရဘူး ၊ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဒီလူနာနဲ့အတူ သုံးဘီးစီးလာတဲ့သူ ၊ အဲ့တစ်ယောက်ကလည်း သူ့ကိုမေးမှ ကျွန်တော်တို့က ပေါ်တော့မှာ၊ အဲ့တစ်ယောက်ကိုလည်းလိုက်ရှာရတော့မှာပေါ့၊”လို့ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကပြောပါတယ်။

လက်ရှိမှာတော့ COVID-19ရောဂါပိုးတွေ့တဲ့သူကို သွေးဖောက်စစ်ဆေးတာတွေ သူရဲ့မိသားစုဝင်တွေကိုလည်း ရောဂါမပြန့်အောင် တားဆီးကာကွယ်တာတွေ(Quarantine) လုပ်သွားမှာဖြစ်ပြီး မန္တလေးမြို့ ၊ စောင့်ကြည့်လူနာတွေကိုထားရှိတဲ့ နဒီမြန်မာဟိုတယ်အဟောင်းကို မိသားစုလိုက်ခေါ်သွားတယ်လို့လည်း သိရပါတယ်။

COVID-19ကူးစက်လူနာကို ကားကွင်းကနေလိုက်ပို့ပေးခဲ့တဲ့ သုံးဘီးသမားတစ်ဦးကလည်း ဒီကနေ့မနက်မှာပဲ ကျန်းမာရေးစစ်ဆေးတာတွေ လာရောက်ခံယူခဲ့တယ်လို့ သိရပါတယ်။

“ဌားတာတော့ ခိုင်မန္တလေးကနေ ဌားစီးပြီးတော့လေ အဲ့အကိုကြီးက ဒီမှာဆင်းခဲ့တာ၊ သူ့တပည့်က အောင်ပင်လယ်က လက်ဖက်ရည်ဆိုင်မှာဆင်းခဲ့တာ၊ သုံးဘီးမောင်းနေရင်းနဲ့ သူ့တပည့်က ဖုန်းဆက်တာ ၊ ခုကတော့ အဖျားကမရှိတော့ပါဘူးတဲ့၊ သူ့ဟာသူအစိုးရိမ်လွန်နေတာပဲနေမှာပါတဲ့၊ အဲ့လိုပြောတာ ကျွန်တော်ကကြားတာလေ၊ အဲ့ဒီကတည်းက သူ့ကိုယ့်သူ သံသယရှိနေတယ် တူပါတယ်”လို့ COVID-19ရောဂါပို့းတွေ့သူကို လိုက်ပို့ခဲ့တဲ့ သုံးဘီးဆိုင်ကယ်မောင်းသူကပြောပါတယ်။

ခိုင်မန္တလေးကားဂိတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “အဲ့ဒီနာမည်နဲ့ ခရီးသည်လိုက်လာတာမရှိဘူး၊ စုံစမ်းမှုတွေတော့ လုပ်နေပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခန်းမှာ နေထိုင်တဲ့ အသက်(၃၃)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ မတ်လ၁၉ရက်နေ့က အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ရန်ကုန်မြို့၊ တောင်ဥက္ကပမြို့နယ်မှာ တစ်ညအိပ်ခဲ့ပြီး မတ်လ(၂၀)ရက်နေ့မှာ မန္တလေးမြို့ကို ဘတ်စ်ကားနဲ့ ရောက်လာခဲ့ကာ ဒီကနေ့မနက်ပိုင်းကပဲ COVID-19ရောဂါပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #COVIDတွေ့ရှိသူ #မိသားစုဝင်ကိုပါ #Quarantineလုပ်မယ်

Zawgyi

COVID-19ေရာဂါေတြတဲ့ ခ်မ္းျမသာစည္ၿမိဳ႕နယ္က လူနာနဲ႔မိသားစု၀င္ေတြကို Quarantineလုပ္သြားမယ္

မႏၲေလး၊ မတ္ ၂၇-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ျမရည္နႏၵာတိုက္ခန္းမွာ COVID-19ေရာဂါကူးစက္တဲ့သူေနထိုင္တဲ့ တိုက္ခန္းတစ္ခုလုံးကို ေရာဂါမျပန႔္ေအာင္ တားဆီးကာကြယ္တာေတြ (Quarantine) လုပ္သြားမယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ မဲဆႏၵနယ္ထဲမွာျဖစ္ေတာ့ ဒီလူနာရဲ႕ ဇစ္ျမစ္ကို ညတြင္းခ်င္းလိုက္ေတာ့ ျပႆနာေလးေတြကေတာ့ရွိတယ္၊ သူသြားခဲ့တဲ့ ေဆးခန္းေတြမွာ အေျခအေနကေျပာမရဘူး ၊ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္၊ ေနာက္တစ္ခုက ဒီလူနာနဲ႔အတူ သုံးဘီးစီးလာတဲ့သူ ၊ အဲ့တစ္ေယာက္ကလည္း သူ႔ကိုေမးမွ ကြၽန္ေတာ္တို႔က ေပၚေတာ့မွာ၊ အဲ့တစ္ေယာက္ကိုလည္းလိုက္ရွာရေတာ့မွာေပါ့၊”လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးကေျပာပါတယ္။

လက္ရွိမွာေတာ့ COVID-19ေရာဂါပိုးေတြ႕တဲ့သူကို ေသြးေဖာက္စစ္ေဆးတာေတြ သူရဲ႕မိသားစု၀င္ေတြကိုလည္း ေရာဂါမျပန႔္ေအာင္ တားဆီးကာကြယ္တာေတြ(Quarantine) လုပ္သြားမွာျဖစ္ၿပီး မႏၲေလးၿမိဳ႕ ၊ ေစာင့္ၾကည့္လူနာေတြကိုထားရိွတဲ့ နဒီျမန္မာဟိုတယ္အေဟာင္းကို မိသားစုလိုက္ေခၚသြားတယ္လို႔လည္း သိရပါတယ္။

COVID-19ကူးစက္လူနာကို ကားကြင္းကေနလိုက္ပို႔ေပးခဲ့တဲ့ သုံးဘီးသမားတစ္ဦးကလည္း ဒီကေန႔မနက္မွာပဲ က်န္းမာေရးစစ္ေဆးတာေတြ လာေရာက္ခံယူခဲ့တယ္လို႔ သိရပါတယ္။

“ဌားတာေတာ့ ခိုင္မႏၲေလးကေန ဌားစီးၿပီးေတာ့ေလ အဲ့အကိုႀကီးက ဒီမွာဆင္းခဲ့တာ၊ သူ႔တပည့္က ေအာင္ပင္လယ္က လက္ဖက္ရည္ဆိုင္မွာဆင္းခဲ့တာ၊ သုံးဘီးေမာင္းေနရင္းနဲ႔ သူ႔တပည့္က ဖုန္းဆက္တာ ၊ ခုကေတာ့ အဖ်ားကမရွိေတာ့ပါဘူးတဲ့၊ သူ႔ဟာသူအစိုးရိမ္လြန္ေနတာပဲေနမွာပါတဲ့၊ အဲ့လိုေျပာတာ ကြၽန္ေတာ္ကၾကားတာေလ၊ အဲ့ဒီကတည္းက သူ႔ကိုယ့္သူ သံသယရွိေနတယ္ တူပါတယ္”လို႔ COVID-19ေရာဂါပို႔းေတြ႕သူကို လိုက္ပို႔ခဲ့တဲ့ သုံးဘီးဆိုင္ကယ္ေမာင္းသူကေျပာပါတယ္။

ခုိင္မႏၱေလးကားဂိတ္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “အဲ့ဒီနာမည္နဲ႔ ခရီးသည္လုိက္လာတာမရိွဘူး၊ စံုစမ္းမွဳေတြေတာ့ လုပ္ေနပါတယ္”လုိ႔ ေျပာပါတယ္။

အဲ့ဒီတိုက္ခန္းမွာ ေနထိုင္တဲ့ အသက္(၃၃)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ မတ္လ၁၉ရက္ေန႔က အေမရိကန္ႏိုင္ငံကေန ျမန္မာႏိုင္ငံကိုျပန္လာတဲ့သူျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို ျပန္ေရာက္ေရာက္ခ်င္း ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠပၿမိဳ႕နယ္မွာ တစ္ညအိပ္ခဲ့ၿပီး မတ္လ(၂၀)ရက္ေန႔မွာ မႏၲေလးၿမိဳ႕ကို ဘတ္စ္ကားနဲ႔ ေရာက္လာခဲ့ကာ ဒီကေန႔မနက္ပိုင္းကပဲ COVID-19ေရာဂါပိုးေတြ႕ရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနရဲ႕ တရား၀င္သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #COVIDေတြ႕ရွိသူ #မိသားစု၀င္ကိုပါ #Quarantineလုပ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW