COVID- 19 ရောဂါ စောင့်ကြည့်လူနာတွေထားဖို့ ကိုယ်ပိုင်ကျောင်းနေရာတွေ ကူညီပေးနိုင်ဖို့ စီစဉ်နေ

COVID- 19 ရောဂါ စောင့်ကြည့်လူနာတွေထားဖို့ ကိုယ်ပိုင်ကျောင်းနေရာတွေ ကူညီပေးနိုင်ဖို့ စီစဉ်နေ

ရန်ကုန်၊ မတ် ၃၀-၂၀၂၀
စွဲ့ဝတီ(VOM)

COVID- 19 ရောဂါ စောင့်ကြည့်လူနာတွေကိုထားရှိဖို့ နဲ့ ကူညီပေးနိုင်ဖို့အတွက် ပူးပေါင်းပါဝင်ကူညီလိုသော ရန်ကုန်တိုင်းအတွင်းက ကိုယ်ပိုင်ကျောင်းတွေ၊ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းတွေ နဲ့ ဘော်ဒါဆောင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ကိုယ်ပိုင်းကျောင်းဆိုင်ရာအသင်းတွေကနေ သိရပါတယ်။

“ကျွန်တော်တို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်းနဲ့ ရန်ကုန်ကိုယ်ပိုင်ဆရာများအသင်း နှစ်သင်းကနေပြီး ရန်ကုန်တိုင်းမှာရှိသော ကိုယ်ပိုင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေ ၊ ကိုယ်ပိုင်သင်တန်းတွေမှာ နိုင်ငံခြားကပြန်လာတဲ့ ၁၄ရက်စောင့်ကြည့်ရမယ့် လူတွေအတွက် နေရာထိုင်ခင်းတွေ ပဏမကြိုတင်ပြီး လှူဒါန်းပေးနိုင်ဖို့ စာရင်းကောက်ခံတာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ရန်ကုန်ထဲက ကျောင်းနှစ်ကျောင်းက ကျန်းမားရေးဌာနနဲ့ ချိတ်ဆက်ပြီးတော့ အောင်အကယ်ဒမီ ကိုယ်ပိုင်အထက်တန်းကျောင်းရယ်။ တောင်ဒဂုံက IDAP ကိုယ်ပိုင်အထက်တန်းကျောင်းရယ်။ သူတို့ကတော့ နိုင်ငံခြားပြန်လာမယ့် သူတွေအတွက် ကျောင်းနှစ်ကျောင်းတော့ စလှူပြီပေါ့။ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဒါတွေကို ပြင်ဆင်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) ကအတွင်းရေးမှူး ဦးညီပေါက်ကပြောပါတယ်။

အခုအခါ COVID-19 ရောဂါကူးစက်ခံရသူတွေ ပေါ်ထွက်လာပြီးတော့ အများစုမှာ ပြည်ပက ပြန်လာသူများဖြစ်ကြပြီး ပြည်ပကပြန်လည်ဝင်ရောက်လာသူတွေကို ၁၄ရက် (Quarantine) စောင့်ကြည်နိုင်ဖို့အတွက် နေရာ၊အဆောက်အဦတွေ ယာယီသုံးစွဲနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းတွေနဲ့ ဘော်ဒါဆောင်တွေကို ကျောင်းပိတ်စဉ်ကာလအတွင်းမှာ နိုင်ငံတော်က တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းသော အားနဲ့ ကူညီနိုင်ဖို့ အတွက် ကျောင်းအဆောက်အဦတွေကို ယာယီခေတ္တသုံးစွဲနိုင်ဖို့အတွက် မိမိတို့သဘောဆန္ဒအလျောက် ပါဝင်လှူဒါန်းနိုင်ဖို့ ကိုယ်ပိုင်ဆရာများအသင်း (ရန်ကုန်) (PTA) နဲ့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) တို့က ပူးပေါင်းပြီးတော့ မေတ္တာရပ်ခံကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကိုယ်ပိုင်ဆရာများအသင်း (ရန်ကုန်) (PTA) နဲ့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) တို့က ပူးပေါင်းပြီးတော့ ကောက်ခံရရှိတဲ့စာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးပို့သွားမှာဖြစ်ပြီးတော့ သူတို့ကနေ အဆင်ပြေသင့်လျော်မယ်နေရာတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ မြို့နယ်မှာတာဝန်ရှိတဲ့ ဆရာဝန်ကြီးတို့၊ မီးသတ်ဦးစီးဌာနနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက စောင့်ကြည့်လူနာတွေအတွက် နေရာထားဖို့ လိုအပ်တယ်ဆိုတော့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့က ကူညီဖို့အဆင်သင့်ရှိပါတယ်။ အဲဒါကြောင့် သူတို့က ညတုန်းက လာကြည့်ကြတယ်။ ဒီမှာက အရင်တုန်းက အဆောင်တွေဘာတွေ ထားဖူးတော့ သူတို့ ရေချိုးခန်း၊ အိပ်သာသီးခြားထားဖို့ ၊ အဲယားကွန်း စသည်ဖြင့် ထားရှိမူကို သူတို့က သဘောကျတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးမှာထားဖို့ သင့်လျော်တယ်ပေါ့ ။ ဒီလိုနေရာမျိုးကို ရွေးချယ်တယ်ဆိုတော့ ။ ကျွန်တော်တို့ကလည်း အပြည့်အဝကူညီမယ်ဆိုတော့ အခုပဲ လိုအပ်တာတွေ ပြင်ဆင်နေတာပါ ။ ရေချိုးခန်းတွေ ပိတ်ထားတာပြန်ဖွင့်၊ ပိုက်တွေဆိုရင် ပြန်စစ်လုပ်နေတယ်။ လာနေတဲ့ ၁၄ရက်အတွင်းမှာ အဖက်ဖက်အဆင်ပြေအောင် စိတ်ချမ်းသာအောင်နေနိုင်သွားအောင် တတ်နိုင်သလောက် ကူညီသွားမှာပါ ။ ၁၄ရက်ကို စာကြည့်တိုက်ရှိတယ်။စာအုပ်ဖတ်ချင်ရင် စာအုပ်ပေါ့။ အဲယားကွန်းကိုလဲ အပြည့်မောင်းပေးမယ်။ ပန်ကာတွေ လွှတ်ပေးမယ်။ ရေတွေကအစ အကုန်အဆင်ပြေအောင် စီစဉ်ပေးမယ်။ ကိုယ့်ဘက်က လုပ်နိုင်တဲ့အပိုင်းပေါ့။ ကျန်တဲ့ အပိုင်းကတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လုပ်မှာပေါ့”လို့ တောင်ဒဂုံမြို့နယ်မှ IDAP Private School တည်ထောင်သူ D Aung Paing ကပြောပါတယ်။

IDAP Private School ကျောင်းမှာ လူဦးရေ ၅၀ဦးကို ထားနိုင်ဖို့ စတင်ပြင်ဆင်နေပြီးတော့ တစ်ခန်းနဲ့ တစ်ခန်းကိုလည်း ရောဂါကူးစက်မူ မရှိစေဖို့အတွက် ရေချိုးခန်း၊ အိမ်သာ သီးသန့်စီ စီစဉ်ပေးထားပြီးဖြစ်ပါတယ်။ မြို့နယ် မီးသတ်များ၊ စည်ပင်တို့က ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို လာရောက်လုပ်ဆောင်သွားပြီးဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးမှာ အသက်ရူလမ်းကြောင်းဆိုင်ရာ COVI- 19 ရောဂါပျံံ့ပွားလျက်ရှိပြီးတော့ WHO က ကမ္ဘာကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကပ်ရောဂါကူးစက်မူက မပျံ့ပွားစေဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ရေးကို မြန်မာနိုင်ငံကလည်း အမျိုးသားရေးအသွင်နဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးတော့ ပူးပေါင်းပါဝင်ကူညီလိုတဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းတွေနဲ့ ဘော်ဒါဆောင်တွေကိုလည်း ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကိုယ်ပိုင်ကျောင်းများနေရာ #COVIDစောင့်ကြည့်လူနာထားဖို့ #စီစဉ်နေ

Zawgyi

COVID- 19 ေရာဂါ ေစာင့္ၾကည့္လူနာေတြထားဖို႔ ကိုယ္ပိုင္ေက်ာင္းေနရာေတြ ကူညီေပးႏိုင္ဖို႔ စီစဥ္ေန

ရန္ကုန္၊ မတ္ ၃၀-၂၀၂၀
စြဲ႔ဝတီ(VOM)

COVID- 19 ေရာဂါ ေစာင့္ၾကည့္လူနာေတြကိုထားရွိဖို႔ နဲ႔ ကူညီေပးႏိုင္ဖို႔အတြက္ ပူးေပါင္းပါ၀င္ကူညီလိုေသာ ရန္ကုန္တိုင္းအတြင္းက ကိုယ္ပိုင္ေက်ာင္းေတြ၊ ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေတြ နဲ႔ ေဘာ္ဒါေဆာင္ေတြကိုလည္း ဖိတ္ေခၚထားတယ္လို႔ ကိုယ္ပိုင္းေက်ာင္းဆိုင္ရာအသင္းေတြကေန သိရပါတယ္။

“ကြၽန္ေတာ္တို႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္းနဲ႔ ရန္ကုန္ကိုယ္ပိုင္ဆရာမ်ားအသင္း ႏွစ္သင္းကေနၿပီး ရန္ကုန္တိုင္းမွာရွိေသာ ကိုယ္ပိုင္ေက်ာင္းေတြ၊ ေဘာ္ဒါေဆာင္ေတြ ၊ ကိုယ္ပိုင္သင္တန္းေတြမွာ ႏိုင္ငံျခားကျပန္လာတဲ့ ၁၄ရက္ေစာင့္ၾကည့္ရမယ့္ လူေတြအတြက္ ေနရာထိုင္ခင္းေတြ ပဏမႀကိဳတင္ၿပီး လႉဒါန္းေပးႏိုင္ဖို႔ စာရင္းေကာက္ခံတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ ရန္ကုန္ထဲက ေက်ာင္းႏွစ္ေက်ာင္းက က်န္းမားေရးဌာနနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေအာင္အကယ္ဒမီ ကိုယ္ပိုင္အထက္တန္းေက်ာင္းရယ္။ ေတာင္ဒဂုံက IDAP ကိုယ္ပိုင္အထက္တန္းေက်ာင္းရယ္။ သူတို႔ကေတာ့ ႏိုင္ငံျခားျပန္လာမယ့္ သူေတြအတြက္ ေက်ာင္းႏွစ္ေက်ာင္းေတာ့ စလႉၿပီေပါ့။ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကတည္းက ဒါေတြကို ျပင္ဆင္ၿပီးေတာ့ လုပ္ေဆာင္ေနတာျဖစ္ပါတယ္”လို႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) ကအတြင္းေရးမႉး ဦးညီေပါက္ကေျပာပါတယ္။

အခုအခါ COVID-19 ေရာဂါကူးစက္ခံရသူေတြ ေပၚထြက္လာၿပီးေတာ့ အမ်ားစုမွာ ျပည္ပက ျပန္လာသူမ်ားျဖစ္ၾကၿပီး ျပည္ပကျပန္လည္၀င္ေရာက္လာသူေတြကို ၁၄ရက္ (Quarantine) ေစာင့္ၾကည္ႏိုင္ဖို႔အတြက္ ေနရာ၊အေဆာက္အဦေတြ ယာယီသုံးစြဲႏိုင္ဖို႔ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ ကိုယ္ပိုင္ေက်ာင္းေတြ၊ ဘာသာရပ္သင္ ကိုယ္ပိုင္သင္တန္းေတြနဲ႔ ေဘာ္ဒါေဆာင္ေတြကို ေက်ာင္းပိတ္စဥ္ကာလအတြင္းမွာ ႏိုင္ငံေတာ္က တစ္ဖက္တစ္လမ္းကေန တတ္စြမ္းေသာ အားနဲ႔ ကူညီႏိုင္ဖို႔ အတြက္ ေက်ာင္းအေဆာက္အဦေတြကို ယာယီေခတၱသုံးစြဲႏိုင္ဖို႔အတြက္ မိမိတို႔သေဘာဆႏၵအေလ်ာက္ ပါ၀င္လႉဒါန္းႏိုင္ဖို႔ ကိုယ္ပိုင္ဆရာမ်ားအသင္း (ရန္ကုန္) (PTA) နဲ႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) တို႔က ပူးေပါင္းၿပီးေတာ့ ေမတၱာရပ္ခံေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ကိုယ္ပိုင္ဆရာမ်ားအသင္း (ရန္ကုန္) (PTA) နဲ႔ ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း (YPSA) တို႔က ပူးေပါင္းၿပီးေတာ့ ေကာက္ခံရရွိတဲ့စာရင္းေတြကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို ေပးပို႔သြားမွာျဖစ္ၿပီးေတာ့ သူတို႔ကေန အဆင္ေျပသင့္ေလ်ာ္မယ္ေနရာေတြကို အသုံးျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာတာ၀န္ရွိတဲ့ ဆရာ၀န္ႀကီးတို႔၊ မီးသတ္ဦးစီးဌာနနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေစာင့္ၾကည့္လူနာေတြအတြက္ ေနရာထားဖို႔ လိုအပ္တယ္ဆိုေတာ့ လိုအပ္တယ္ဆိုရင္ ကြၽန္ေတာ္တို႔က ကူညီဖို႔အဆင္သင့္ရွိပါတယ္။ အဲဒါေၾကာင့္ သူတို႔က ညတုန္းက လာၾကည့္ၾကတယ္။ ဒီမွာက အရင္တုန္းက အေဆာင္ေတြဘာေတြ ထားဖူးေတာ့ သူတို႔ ေရခ်ိဳးခန္း၊ အိပ္သာသီးျခားထားဖို႔ ၊ အဲယားကြန္း စသည္ျဖင့္ ထားရွိမူကို သူတို႔က သေဘာက်တယ္။ ဒါေၾကာင့္ ဒီလိုေနရာမ်ိဳးမွာထားဖို႔ သင့္ေလ်ာ္တယ္ေပါ့ ။ ဒီလိုေနရာမ်ိဳးကို ေ႐ြးခ်ယ္တယ္ဆိုေတာ့ ။ ကြၽန္ေတာ္တို႔ကလည္း အျပည့္အ၀ကူညီမယ္ဆိုေတာ့ အခုပဲ လိုအပ္တာေတြ ျပင္ဆင္ေနတာပါ ။ ေရခ်ိဳးခန္းေတြ ပိတ္ထားတာျပန္ဖြင့္၊ ပိုက္ေတြဆိုရင္ ျပန္စစ္လုပ္ေနတယ္။ လာေနတဲ့ ၁၄ရက္အတြင္းမွာ အဖက္ဖက္အဆင္ေျပေအာင္ စိတ္ခ်မ္းသာေအာင္ေနႏိုင္သြားေအာင္ တတ္ႏိုင္သေလာက္ ကူညီသြားမွာပါ ။ ၁၄ရက္ကို စာၾကည့္တိုက္ရွိတယ္။စာအုပ္ဖတ္ခ်င္ရင္ စာအုပ္ေပါ့။ အဲယားကြန္းကိုလဲ အျပည့္ေမာင္းေပးမယ္။ ပန္ကာေတြ လႊတ္ေပးမယ္။ ေရေတြကအစ အကုန္အဆင္ေျပေအာင္ စီစဥ္ေပးမယ္။ ကိုယ့္ဘက္က လုပ္ႏိုင္တဲ့အပိုင္းေပါ့။ က်န္တဲ့ အပိုင္းကေတာ့ ဌာနဆိုင္ရာ တာ၀န္ရွိသူေတြက ဆက္လုပ္မွာေပါ့”လို႔ ေတာင္ဒဂုံၿမိဳ႕နယ္မွ IDAP Private School တည္ေထာင္သူ D Aung Paing ကေျပာပါတယ္။

IDAP Private School ေက်ာင္းမွာ လူဦးေရ ၅၀ဦးကို ထားႏိုင္ဖို႔ စတင္ျပင္ဆင္ေနၿပီးေတာ့ တစ္ခန္းနဲ႔ တစ္ခန္းကိုလည္း ေရာဂါကူးစက္မူ မရွိေစဖုိ႔အတြက္ ေရခ်ိဳးခန္း၊ အိမ္သာ သီးသန္႔စီ စီစဥ္ေပးထားၿပီးျဖစ္ပါတယ္။ ၿမိဳ႕နယ္ မီးသတ္မ်ား၊ စည္ပင္တို႔က ပိုးသတ္ေဆးျဖန္းျခင္းလုပ္ငန္းကို လာေရာက္လုပ္ေဆာင္သြားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ကမာၻႏိုင္ငံအသီးသီးမွာ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ COVI- 19 ေရာဂါပ်ံံ့ပြားလ်က္ရွိၿပီးေတာ့ WHO က ကမာၻကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကညာခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ ကပ္ေရာဂါကူးစက္မူက မပ်ံ႕ပြားေစဖို႔အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ တားဆီးကာကြယ္ေရးကို ျမန္မာႏိုင္ငံကလည္း အမ်ိဳးသားေရးအသြင္နဲ႔ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီးေတာ့ ပူးေပါင္းပါ၀င္ကူညီလိုတဲ့ ရန္ကုန္တိုင္းအတြင္းမွာရွိတဲ့ ကိုယ္ပိုင္ေက်ာင္းေတြ၊ ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေတြနဲ႔ ေဘာ္ဒါေဆာင္ေတြကိုလည္း ဖိတ္ေခၚထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ကိုယ္ပိုင္ေက်ာင္းမ်ားေနရာ #COVIDေစာင့္ၾကည့္လူနာထားဖို႔ #စီစဥ္ေန

Related posts

Leave a Comment

VOM News

FREE
VIEW