တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ

တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ

ဧပြီ ၂၃၊ ၂၀၂၀။
VOM

ကိုရိုနာဗိုင်းစပ်ပိုး ကူးစက်ခံရမှု ပထမဆုံး လူနာဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ဟာ ၆ ကြိမ်မြောက် ဆေးစစ်ပြီးတဲ့အထိ positive ပဲ ဖြစ်နေသေးတာကြောင့် ဆေးရုံဆင်းခွင့် မရသေးသလို၊ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကပ်တဲလ်ရွာကိုလည်း lockdown ကာလ တပတ် ထပ်တိုးထားတယ်လို့ သိရပါတယ်။

“သူ့ကို စစ်ဆေးမှုလုပ်တာ ၆ ခေါက်ရှိပြီ၊ ၆ ခေါက်လုံး positive ဖြစ်နေသေးတော့ သူ့ကို တီးတိန်ဆေးရုံမှာပဲ သီးသန့် ထားရသေးတယ်။ သူ့ကျန်းမာရေးကတော့ အကုန်ကောင်းနေတယ်။ ဘာမှ ထူးထူးထွေထွေမရှိဘူး။ positive ဖြစ်နေသေးတာတခုပဲ ရှိတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က VOM ကို ပြောပါတယ်။

လူနာနံပါတ် ၁ အပါအဝင် သူ့ရဲ့မိခင်အပါအဝင် သူနဲ့ ထိတွေ့ခဲ့လို့ positive ဖြစ်သူ ၅ ဦးကိုလည်း ထပ်မံစစ်ဆေးမှုတွေ လုပ်ခဲ့တာမှာ positive ဖြစ်နေဆဲ ဖြစ်ပေမယ့် အားလုံးရဲ့ ကျန်းမာရေး အခြေအနေတွေက ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

“သူတို့အကုန်လုံး တီးတိန်ဆေးရုံမှာပဲ သီးသန့်အခန်းတွေနဲ့ ထားထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်းပဲ အကုန်လိုက်နာဆောင်ရွက်ပြီး အစားအသောက်ကအစ အကုန်အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ သူတို့မှာ ကိုယ်ပူတာ၊ ချောင်းဆိုးတာတွေလို လက္ခဏာတွေ တခုမှမရှိပဲ အခြေအနေကောင်းမွန်နေပေမယ့် ဆေးစစ်ချက်တွေမှာ positive ပဲ ဖြစ်နေသေးတာရယ်၊ နောက်ထပ်လူနာ ၁ယောက် ထပ်တိုးပြီး တီးတိန်မှာ ၅ ယောက်အထိ ဖြစ်လာတာကြောင့် ကပ်တဲလ်ရွာကို lockdown မဖြုတ်သေးပဲ တပတ်ထပ်တိုးထားတယ်” လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ကပ်တဲလ်ရွာကို lockdown ကာလ ထပ်တိုးထားတာကြောင့် စားနပ်ရိက္ခာ ခက်ခဲလာနိုင်လို့ ချင်းပြည်နယ်အစိုးရ အနေနဲ့ ဆန်အိတ်တွေ ပံ့ပိုးပေးထားသလို အခြားသော အလှူရှင်တွေကလည်း ကူညီနေတာတွေ ရှိတယ်လို့ သိရပါတယ်။

“တီးတိန်မြို့ပေါ်ကိုတော့ lockdown မလုပ်ပါဘူး။ ဒါပေမယ့် ဈေးတွေကိုတော့ မနက်ခင်းတပိုင်းပဲ အချိန်အကန့်အသတ်နဲ့ ဖွင့်ခွင့်လုပ်ထားတယ်။ နောက်ထပ်လူနာ ထပ်တိုးလာမှာစိုးလို့ ကန့်သတ်မှုတွေ လုပ်ထားတာဖြစ်ပြီး ကပ်တဲလ်ရွာရယ်၊ တွီးထန်ဆိုတဲ့ သူတို့ ဆုတောင်းပွဲသွားလုပ်ခဲ့တဲ့ ရွာကိုရယ်က ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေပါတယ်” လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ကိုဗစ်၁၉ အတည်ပြုလူနာ ၅ ဦးနဲ့ ထိတွေ့မှု ရှိထားသူတွေထဲက ၄၀ ကျော်ကို ဆေးစစ်ထားတာတွေ ရှိပြီး၊ လတ်တလော ဆေးစစ်ပြီးသူ ၂၁ ဦးရဲ့ အဖြေမှာတော့ ရောဂါတွေ့ရှိမှု မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ – တီးတိန်မြို့နယ် သတင်းပြန်ကြားရေးဌာန

#VoiceOfMyanmar #VOM #COVID19 #Coronavirus #Tedim #ChinState #ကိုဗစ်၁၉ #ကိုရိုနာဗိုင်းရပ်စ် #တီးတိန် #လူနာနံပါတ်၁

……………..

zawgyi

တီးတိန္က ကိုဗစ္၁၉ ပထမဆံုး လူနာ၊ ၆ ၾကိမ္စစ္ျပီးေသာ္လည္း positive ျဖစ္ေနဆဲ

ဧျပီ ၂၃၊ ၂၀၂၀။
VOM

ကိုရိုနာဗိုင္းစပ္ပိုး ကူးစက္ခံရမႈ ပထမဆံုး လူနာျဖစ္တဲ့ ခ်င္းျပည္နယ္၊ တီးတိန္ျမိဳ႕နယ္က လူနာနံပါတ္ ၁ ဟာ ၆ ၾကိမ္ေျမာက္ ေဆးစစ္ျပီးတဲ့အထိ positive ပဲ ျဖစ္ေနေသးတာေၾကာင့္ ေဆးရံုဆင္းခြင့္ မရေသးသလို၊ မဂၤလာပြဲက်င္းပခဲ့တဲ့ ကပ္တဲလ္ရြာကိုလည္း lockdown ကာလ တပတ္ ထပ္တိုးထားတယ္လို႔ သိရပါတယ္။

“သူ႔ကို စစ္ေဆးမႈလုပ္တာ ၆ ေခါက္ရွိျပီ၊ ၆ ေခါက္လံုး positive ျဖစ္ေနေသးေတာ့ သူ႔ကို တီးတိန္ေဆးရံုမွာပဲ သီးသန္႔ ထားရေသးတယ္။ သူ႔က်န္းမာေရးကေတာ့ အကုန္ေကာင္းေနတယ္။ ဘာမွ ထူးထူးေထြေထြမရွိဘူး။ positive ျဖစ္ေနေသးတာတခုပဲ ရွိတယ္” လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔၊ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္က VOM ကို ေျပာပါတယ္။

လူနာနံပါတ္ ၁ အပါအဝင္ သူ႔ရဲ႕မိခင္အပါအဝင္ သူနဲ႔ ထိေတြ႔ခဲ့လို႔ positive ျဖစ္သူ ၅ ဦးကိုလည္း ထပ္မံစစ္ေဆးမႈေတြ လုပ္ခဲ့တာမွာ positive ျဖစ္ေနဆဲ ျဖစ္ေပမယ့္ အားလံုးရဲ႕ က်န္းမာေရး အေျခအေနေတြက ေကာင္းမြန္ေနတယ္လို႔ ဆိုပါတယ္။

“သူတို႔အကုန္လံုး တီးတိန္ေဆးရံုမွာပဲ သီးသန္႔အခန္းေတြနဲ႔ ထားထားတယ္။ က်န္းမာေရးဝန္ၾကီးဌာနက ညႊန္ၾကားခ်က္ေတြအတိုင္းပဲ အကုန္လိုက္နာေဆာင္ရြက္ျပီး အစားအေသာက္ကအစ အကုန္အဆင္ေျပေအာင္ လုပ္ေပးထားပါတယ္။ သူတို႔မွာ ကိုယ္ပူတာ၊ ေခ်ာင္းဆိုးတာေတြလို လကၡဏာေတြ တခုမွမရွိပဲ အေျခအေနေကာင္းမြန္ေနေပမယ့္ ေဆးစစ္ခ်က္ေတြမွာ positive ပဲ ျဖစ္ေနေသးတာရယ္၊ ေနာက္ထပ္လူနာ ၁ေယာက္ ထပ္တိုးျပီး တီးတိန္မွာ ၅ ေယာက္အထိ ျဖစ္လာတာေၾကာင့္ ကပ္တဲလ္ရြာကို lockdown မျဖဳတ္ေသးပဲ တပတ္ထပ္တိုးထားတယ္” လို႔ စည္ပင္ဝန္ၾကီး ဦးစိုးထက္က ေျပာပါတယ္။

ကပ္တဲလ္ရြာကို lockdown ကာလ ထပ္တိုးထားတာေၾကာင့္ စားနပ္ရိကၡာ ခက္ခဲလာႏိုင္လို႔ ခ်င္းျပည္နယ္အစိုးရ အေနနဲ႔ ဆန္အိတ္ေတြ ပံ့ပိုးေပးထားသလို အျခားေသာ အလွဴရွင္ေတြကလည္း ကူညီေနတာေတြ ရွိတယ္လို႔ သိရပါတယ္။

“တီးတိ္န္ျမိဳ႕ေပၚကိုေတာ့ lockdown မလုပ္ပါဘူး။ ဒါေပမယ့္ ေစ်းေတြကိုေတာ့ မနက္ခင္းတပိုင္းပဲ အခ်ိန္အကန္႔အသတ္နဲ႔ ဖြင့္ခြင့္လုပ္ထားတယ္။ ေနာက္ထပ္လူနာ ထပ္တိုးလာမွာစိုးလို႔ ကန္႔သတ္မႈေတြ လုပ္ထားတာျဖစ္ျပီး ကပ္တဲလ္ရြာရယ္၊ တြီးထန္ဆိုတဲ့ သူတို႔ ဆုေတာင္းပြဲသြားလုပ္ခဲ့တဲ့ ရြာကိုရယ္က က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္ေနပါတယ္” လို႔ ဝန္ၾကီး ဦးစိုးထက္က ေျပာပါတယ္။

ကိုဗစ္၁၉ အတည္ျပဳလူနာ ၅ ဦးနဲ႔ ထိေတြ႔မႈ ရွိထားသူေတြထဲက ၄၀ ေက်ာ္ကို ေဆးစစ္ထားတာေတြ ရွိျပီး၊ လတ္တေလာ ေဆးစစ္ျပီးသူ ၂၁ ဦးရဲ႕ အေျဖမွာေတာ့ ေရာဂါေတြ႔ရွိမႈ မရွိဘူးလို႔ သိရပါတယ္။

ဓာတ္ပံု – တီးတိန္ျမိဳ႕နယ္ သတင္းျပန္ၾကားေရးဌာန

#VoiceOfMyanmar #VOM #COVID19 #Coronavirus #Tedim #ChinState #ကိုဗစ္၁၉ #ကိုရိုနာဗိုင္းရပ္စ္ #တီးတိန္ #လူနာနံပါတ္၁

Related posts

Leave a Comment

VOM News

FREE
VIEW