ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ

ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ

ကလေး၊ ဧပြီ ၂၉၊ ၂၀၂၀

ငြိမ်းသူမင်း (VOM)

ကိုဗစ်၁၉ ပြန့်နှံ့မှု ကာကွယ်ရေးအတွက် lockdown ချထားတဲ့၊ ပထမဆုံး ကိုဗစ်၁၉ လူနာ တွေ့ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lockdown ဖြည်ရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။

ဝန်ကြီးက “ခု ပြည်ထောင်စုကို သဘောထား တင်ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် အတိုင်းပဲ ဆက်လုပ်ဖို့ပေါ့နော်။ Lockdown ချ ထားတာ တစ်လကျော်လာပြီ ဆိုတော့ ဖြေသင့်ပြီလို့ သုံးသပ်တယ်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးဌာနရဲ့ အကြံပြုချက် တောင်းထားပါတယ်။ လောလောဆယ် မှာတော့ အပေါ်ကနေ မလာသေးတော့၊ တင်ပြဆဲ အနေအထား မျိုးဖြစ်ပါတယ်။ Lockdown ဖြည်ချချင်တယ် တစ်ရွာလုံးကို Lockdown ဖြည်ပြီးတော့ ပိုး တွေ့ လူနာ တွေ နေထိုင်တဲ့ နေရာလေးကိုတော့ ကန့်သတ်ထားမယ်” လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရသည့် လူနာအမှတ်(၁)ဟာ ကပ်တဲလ်ကျေးရွာမှာ နေထိုင် သွားလာခဲ့ပြီး ဆုတောင်းပွဲများပြုလုပ်ခဲ့တာကြောင့် မတ် ၂၄ ရက်နေ့က စပြီးတော့ အဲ့ဒီရွာကို lockdown လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ လူနာအမှတ်(၁) နဲ့ ထိတွေ့ခဲ့သူတွကို စစ်ဆေးခဲ့တာမှာ ကပ်တဲလ်ကျေးရွာ ကနေ ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရသူ ၃ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကပ်တဲလ်ကျေးရွာရဲ့ Lockdown ကို ဧပြီ ၂၈ ရက်နေ့အထိ တိုးမြှင့်ခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၂၉ ရက်နေ့မှာတော့ Lockdown ဖြည်သင့် မဖြည်သင့် ပြည်ထောင်စု အစိုးရထံ ကို တင်ပြခဲ့တာဖြစ်ပါတယ်။

“ရွာမှာ ခါတိုင်း လိုပဲ နေထိုင်ကြတယ်။ အိမ်မွေး တိရစ္ဆာန် ထိန်းသိမ်းကျောင်းဖို့နဲ့ တောင်ယာစိုက်ခင်း သွားဖို့ အဲ့ဒီလောက် ပဲ အပြင်ကို သုံးယောက် အများဆုံး ပေးထွက်တယ်” လို့ ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင် က ပြောပါတယ်။

ကပ်တဲလ်ကျေးရွာက လူနာတွေ အပါအဝင် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာ (၅) ဦး ကိုလည်း ဓါတ်ခွဲ ဆေးစစ်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အဲဒီလို စစ်ဆေးရာမှာ လူနာအမှတ် (၁) ကတော့ နှစ်ကြိမ်ဆက်တိုက် Negative အဖြေ ထွက်ခဲ့ပြီး ကျန်တဲ့လေးဦးကတော့ Positive အဖြေ ထွက်ရှိဆဲ ဖြစ်တယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနရုံး ကနေ သိရပါတယ်။

#VoiceOfMyanmar #COVID19 #ChinState #Keptel #Tedim
#ကိုဗစ်၁၉ #တီးတိန် #ကပ်တဲလ်ရွာ

……….

zawgyi

ကပ္တဲလ္႐ြာ Lockdown ျဖည္ေရး ျပည္ေထာင္စု အစိုးရ ထံ တင္ျပ

ကေလး၊ ဧၿပီ ၂၉၊ ၂၀၂၀

ျငိမ္းသူမင္း (VOM)

ကိုဗစ္၁၉ ျပန္႔ႏွံ႔မႈ ကာကြယ္ေရးအတြက္ lockdown ခ်ထားတဲ့၊ ပထမဆံုး ကိုဗစ္၁၉ လူနာ ေတြ႔ရွိရာ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ေက်း႐ြာကို Lockdown ျဖည္ေရး အတြက္ ျပည္ေထာင္စု အစိုးရထံ တင္ျပထားတယ္လို႔ ခ်င္းျပည္နယ္ လူမႈေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦးေပါင္လြန္းမင့္ထန္ က ေျပာပါတယ္။

ဝန္ႀကီးက “ခု ျပည္ေထာင္စုကို သေဘာထား တင္ၿပီးေတာ့ သူတို႔ရဲ႕ ခြင့္ျပဳခ်က္ အတိုင္းပဲ ဆက္လုပ္ဖို႔ေပါ့ေနာ္။ Lockdown ခ် ထားတာ တစ္လေက်ာ္လာၿပီ ဆိုေတာ့ ေျဖသင့္ၿပီလို႔ သုံးသပ္တယ္။ အဲ့ဒီအေပၚမွာ ဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္ ေတာင္းထားပါတယ္။ ေလာေလာဆယ္ မွာေတာ့ အေပၚကေန မလာေသးေတာ့၊ တင္ျပဆဲ အေနအထား မ်ိဳးျဖစ္ပါတယ္။ Lockdown ျဖည္ခ်ခ်င္တယ္ တစ္႐ြာလုံးကို Lockdown ျဖည္ၿပီးေတာ့ ပိုး ေတြ႕ လူနာ ေတြ ေနထိုင္တဲ့ ေနရာေလးကိုေတာ့ ကန႔္သတ္ထားမယ္” လို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပိုး ကူးစက္ခံထားရသည့္ လူနာအမွတ္(၁)ဟာ ကပ္တဲလ္ေက်း႐ြာမွာ ေနထိုင္ သြားလာခဲ့ၿပီး ဆုေတာင္းပြဲမ်ားျပဳလုပ္ခဲ့တာေၾကာင့္ မတ္ ၂၄ ရက္ေန႔က စျပီးေတာ့ အဲ့ဒီရြာကို lockdown လုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ လူနာအမွတ္(၁) နဲ႔ ထိေတြ႕ခဲ့သူတြကို စစ္ေဆးခဲ့တာမွာ ကပ္တဲလ္ေက်း႐ြာ ကေန ကို႐ိုနာဗိုင္းရပ္စ္ ပိုး ကူးစက္ခံထားရသူ ၃ ဦး ထပ္မံေတြ႕ရွိခဲ့ပါတယ္။

ဒါေၾကာင့္ ကပ္တဲလ္ေက်း႐ြာရဲ႕ Lockdown ကို ဧျပီ ၂၈ ရက္ေန႔အထိ တိုးျမွင့္ခဲ့ပါတယ္။ ဒီေန႔ ဧၿပီ ၂၉ ရက္ေန႔မွာေတာ့ Lockdown ျဖည္သင့္ မျဖည္သင့္ ျပည္ေထာင္စု အစိုးရထံ ကို တင္ျပခဲ့တာျဖစ္ပါတယ္။

“႐ြာမွာ ခါတိုင္း လိုပဲ ေနထိုင္ၾကတယ္။ အိမ္ေမြး တိရစာၦန္ ထိန္းသိမ္းေက်ာင္းဖို႔နဲ႔ ေတာင္ယာစိုက္ခင္း သြားဖို႔ အဲ့ဒီေလာက္ ပဲ အျပင္ကို သုံးေယာက္ အမ်ားဆုံး ေပးထြက္တယ္” လို႔ ကပ္တဲလ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ပူးဒိုခေတြာင္ က ေျပာပါတယ္။

ကပ္တဲလ္ေက်း႐ြာက လူနာေတြ အပါအဝင္ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ လူနာ (၅) ဦး ကိုလည္း ဓါတ္ခြဲ ေဆးစစ္မႈေတြ ဆက္တိုက္ျပဳလုပ္ေနပါတယ္။

အဲဒီလို စစ္ေဆးရာမွာ လူနာအမွတ္ (၁) ကေတာ့ ႏွစ္ႀကိမ္ဆက္တိုက္ Negative အေျဖ ထြက္ခဲ့ၿပီး က်န္တဲ့ေလးဦးကေတာ့ Positive အေျဖ ထြက္ရွိဆဲ ျဖစ္တယ္လို႔ ခ်င္းျပည္နယ္ ျပည္သူ႔က်န္းမာေရး ႏွင့္ ကုသေရးဦးစီးဌာန႐ုံး ကေန သိရပါတယ္။

#VoiceOfMyanmar #COVID19 #ChinState #Keptel #Tedim
#ကိုဗစ္၁၉ #တီးတိန္ #ကပ္တဲလ္ရြာ

Related posts

Leave a Comment

VOM News

FREE
VIEW