ကိုရိုနာဗိုင်းရပ်စ်ကို Remdesivirဆေးနဲ့ အရေးပေါ်ကုသဖို့ အမေရိကန်မှာခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ်ကို Remdesivirဆေးနဲ့ အရေးပေါ်ကုသဖို့ အမေရိကန်မှာခွင့်ပြု

ဝါရှင်တန်၊ မေ-၂-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကိုကုသဖို့အတွက် Remdesivir ဆေးကို အရေးပေါ်အသုံးပြုရေး အစားအစာနဲ့ဆေးဝါးစီမံခန့်ခွဲမှုဌာန (အက်ဖ်ဒီအေ) က ခွင့်ပြုလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီဆေးဟာ ဗိုင်းရပ်စ်ကုသရေးအတွက် အနာဂါတ်မှာ အလားအလာကောင်းတွေရှိပြီး မယုံနိုင်ကြည်နိုင်ဖွယ် ရလဒ်တွေကို တွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောပါတယ်။

အမေရိကန်အခြေစိုက် Gilead Sciences ကုမ္ပဏီကနေထုတ်လုပ်တဲ့ Remdesivir ဆေးဟာ အီဘိုလာရောဂါ ကုသရာဖို့အတွက် အသုံးပြုတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

အမေရိကန် အက်ဖ်ဒီအေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာအနည်းငယ်ကို Remdesivir ဆေးနဲ့ကုသဖို့ ဇန်နဝါရီလအတွင်းက ခွင့်ပြုခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နိုင်ငံတစ်ဝန်းရှိဆေးရုံတွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုဖို့ အာဏာပိုင်တွေက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အဲဒီဆေးနဲ့ လက်တွေ့စမ်းသပ်ကုမှုတွေပြုလုပ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေဟာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်သွားကြောင်း အမေရိကန်အမျိုးသားကျန်းမာရေးဌာနက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #အမေရိကန် #ကိုရိုနာဗိုင်းရပ်စ် #Remdesivirဆေး # အရေးပေါ်ကုဖို့ခွင့်ပြု

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကို Remdesivirေဆးနဲ႔ အေရးေပၚကုသဖို႔ အေမရိကန္မွာခြင္႔ျပဳ

၀ါရွင္တန္၊ ေမ-၂-၂၀၂၀
မ်ိဳးဆက္(VOM)

အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ႔ လူနာေတြကိုကုသဖို႔အတြက္ Remdesivir ေဆးကို အေရးေပၚအသံုးျပဳေရး အစားအစာနဲ႔ေဆး၀ါးစီမံခန္႔ခြဲမႈဌာန (အက္ဖ္ဒီေအ) က ခြင္႔ျပဳလိုက္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔႔က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အဲဒီေဆးဟာ ဗိုင္းရပ္စ္ကုသေရးအတြက္ အနာဂါတ္မွာ အလားအလာေကာင္းေတြရိွျပီး မယံုနိုင္ၾကည္နုိင္ဖြယ္ ရလဒ္ေတြကို ေတြ႔ရိွခဲ႔တယ္လို႔ အိမ္ျဖဴေတာ္မွာ ျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ထရန္႔က ေျပာပါတယ္။

အေမရိကန္အေျခစိုက္ Gilead Sciences ကုမၸဏီကေနထုတ္လုပ္တဲ႔ Remdesivir ေဆးဟာ အီဘိုလာေရာဂါ ကုသရာဖို႔အတြက္ အသံုးျပဳတဲ႔ ေဆး၀ါးတစ္မ်ိဳးျဖစ္ပါတယ္။

အေမရိကန္ အက္ဖ္ဒီေအဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ႔ လူနာအနည္းငယ္ကို Remdesivir ေဆးန႔ဲကုသဖို႔ ဇန္န၀ါရီလအတြင္းက ခြင္႔ျပဳခဲ႔တာျဖစ္ျပီး ယခုအခါမွာေတာ႔ နိုင္ငံတစ္၀န္းရိွေဆးရံုေတြမွာ ပိုမိုက်ယ္ျပန္႔စြာ အသံုးျပဳဖို႔ အာဏာပိုင္ေတြက ခြင္႔ျပဳေပးခဲ႔တာျဖစ္ပါတယ္။

အဲဒီေဆးနဲ႔ လက္ေတြ႔စမ္းသပ္ကုမႈေတြျပဳလုပ္ရာမွာ ကိုရိုနာဗိုင္းရပ္စ္လူနာေတြဟာ အခ်ိန္တိုအတြင္း ျပန္လည္ေကာင္းမြန္သြားေၾကာင္း အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနက မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #အေမရိကန္ #ကိုရိုနာဗိုင္းရပ္စ္ #Remdesivirေဆး # အေရးေပၚကုဖို႔ခြင့္ျပဳ

Related posts

Leave a Comment

VOM News

FREE
VIEW