မြေပုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးတစ်ဦးကို တပ်နဲ့ရဲကဖမ်းဆီး

မြေပုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးတစ်ဦးကို တပ်နဲ့ရဲကဖမ်းဆီး

မြောက်ဦး၊ ဇွန် ၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မနေ့ ဇွန်လ ၃ ရက်နေ့ ည ၉ နာရီလောက်က တပ်မတော်နဲ့ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း အသက် (၅၅) နှစ်အရွယ်လောက်ဖြစ်ပြီး သူ့ကို မနေ့ညနေက ဆိုင်ကယ် (၄) စီးနဲ့အတူ ရဲတပ်ဖွဲ့ဝင် (၂) ယောက်နဲ့ တပ်မတော်သား (၄) ယောက်တို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ မြေပုံမြို့နယ်က အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးပြောပြတာက” မနေ့က ညနေ ၉ နာရီကျော်လောက်မှာ ကိုယ့်အိမ်မာကို နေတာမှာ အဖမ်းခံရတာလို့ ကြားတယ်။ ဖမ်းတာက ရဲကနှစ်ယောက်၊ တပ်က နှစ်ယောက်လို့ကြားတယ်။ သူ့ကို မှတ်ပုံတင်ကိုယူခိုင်းပြီးတော့ တစ်ခါတည်းခေါ်သွားတာ။ ဘယ်အကြောင်းနဲ့ ဘာသတင်းရလို့ သူ့ကိုခေါ်သွားတာလည်းဆိုတာ မသိပါဘူး။” လို့ ပြောပါတယ်။

အဲ့ဒီ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘယ်နေရာမှာ ခေါ်ထားတယ်ဆိုတာ အတိအကျမသိရသေးကြောင်းနဲ့ လူတွေပြောပြချက်အရတော့ သူ့ကို မြေပုံမြို့ (စရဖ)ရုံးမှာ ဖမ်းထားတယ်လို့ ကြားမိတယ်လို့ အဲ့ဒီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့” မြောက်ပိုင်းအုပ်ချုပ်ရေးမှူးကို တပ်မတော်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ဒီနေ့မှာတော့ (စရဖ)ရုံးမှာ စစ်ဆေးနေတယ်လို့ကြားတယ်။ အခုကတော့ သူ့ကိုစစ်ဆေးပြီး တရားစွဲမလား၊ မစွဲဘူးလားဆိုတာတော့ မသိသေးဘူး။” လို့ ပြောပါတယ်။

ဆက်လက်ပြီး အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးနေတာကြောင့် မြေပုံမြို့နယ်က အုပ်ချုပ်ရေးမှူးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် နုတ်ထွက်ဖို့ လုပ်နေတယ်လို့ သတင်းရရှိကြောင်း အမည်မဖော်လိုတဲ့ မြေပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကပြောပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ အခုလိုမျိုးကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးနေတာတွေကို တာဝန်ယူမှု တာဝန်ခံမှုမရှိကြောင်းနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ မြေစာပင်သဖွယ်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြေပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း မြေပုံမြို့နယ် အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက်(၄၀)နှစ်နဲ့ မြေပုံမြို့ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂ တို့နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေကြားတာမရှိခဲ့ပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကိုဆက်သွယ်ခဲ့ရာမှာလည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #မြေပုံ

Zawgyi

ေျမပုံၿမိဳ႕မွာ ရပ္ကြက္အုပ္ခ်ဳပ္ခ်ဳပ္ေရးမႉးတစ္ဦးကို တပ္နဲ႔ရဲကဖမ္းဆီး

ေျမာက္ဦး၊ ဇြန္ ၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္၊ ေျမပုံၿမိဳ႕ေပၚက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို မေန႔ ဇြန္လ ၃ ရက္ေန႔ ည ၉ နာရီေလာက္က တပ္မေတာ္နဲ႔ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးေခၚေဆာင္သြားတယ္လုိ႔ သိရပါတယ္။

ဖမ္းဆီးခံရသူမွာ ေျမပုံၿမိဳ႕ေပၚ ေျမာက္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သန္း အသက္ (၅၅) ႏွစ္အ႐ြယ္ေလာက္ျဖစ္ၿပီး သူ႔ကို မေန႔ညေနက ဆိုင္ကယ္ (၄) စီးနဲ႔အတူ ရဲတပ္ဖြဲ႕ဝင္ (၂) ေယာက္နဲ႔ တပ္မေတာ္သား (၄) ေယာက္တို႔က ဖမ္းဆီးေခၚေဆာင္သြားတာျဖစ္တယ္လို႔ ေျမပုံၿမိဳ႕နယ္က အမည္မေဖာ္လိုတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတစ္ဦးက ေျပာပါတယ္။

အဲ့ဒီအုပ္ခ်ဳပ္ေရးမွဴးေျပာျပတာက” မေန႔က ညေန ၉ နာရီေက်ာ္ေလာက္မွာ ကိုယ့္အိမ္မာကို ေနတာမွာ အဖမ္းခံရတာလို႔ ၾကားတယ္။ ဖမ္းတာက ရဲကႏွစ္ေယာက္၊ တပ္က ႏွစ္ေယာက္လို႔ၾကားတယ္။ သူ႔ကို မွတ္ပုံတင္ကိုယူခိုင္းၿပီးေတာ့ တစ္ခါတည္းေခၚသြားတာ။ ဘယ္အေၾကာင္းနဲ႔ ဘာသတင္းရလို႔ သူ႔ကိုေခၚသြားတာလည္းဆိုတာ မသိပါဘူး။” လို႔ ေျပာပါတယ္။

အဲ့ဒီ ေျမာက္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို ဘယ္ေနရာမွာ ေခၚထားတယ္ဆိုတာ အတိအက်မသိရေသးေၾကာင္းနဲ႔ လူေတြေျပာျပခ်က္အရေတာ့ သူ႔ကို ေျမပုံၿမိဳ႕ (စရဖ)႐ုံးမွာ ဖမ္းထားတယ္လို႔ ၾကားမိတယ္လုိ႔ အဲ့ဒီအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေတာ့” ေျမာက္ပိုင္းအုပ္ခ်ဳပ္ေရးမွဴးကို တပ္မေတာ္က စစ္ေဆးစရာရွိတယ္ဆိုၿပီး ေခၚသြားတယ္။ ဒီေန႔မွာေတာ့ (စရဖ)႐ုံးမွာ စစ္ေဆးေနတယ္လို႔ၾကားတယ္။ အခုကေတာ့ သူ႔ကိုစစ္ေဆးၿပီး တရားစြဲမလား၊ မစြဲဘူးလားဆိုတာေတာ့ မသိေသးဘူး။” လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး အခုလိုမ်ိဳး အုပ္ခ်ဳပ္ေရးမွဴးေတြကို ဖမ္းဆီးေနတာေၾကာင့္ ေျမပုံၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမွဴးေတြဟာ ကိုယ့္ဆႏၵနဲ႔ကိုယ္ ႏုတ္ထြက္ဖို႔ လုပ္ေနတယ္လို႔ သတင္းရရွိေၾကာင္း အမည္မေဖာ္လိုတဲ့ ေျမပုံၿမိဳ႕နယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ကေျပာပါတယ္။

ဝန္ႀကီးဌာနေတြအေနနဲ႔ အခုလိုမ်ိဳးေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးေတြက္ို ဖမ္းဆီးေနတာေတြကို တာဝန္ယူမႈ တာဝန္ခံမႈမရွိေၾကာင္းနဲ႔ အုပ္ခ်ဳပ္ေရးမွဴးေတြဟာ ႏွစ္ဖက္လက္နက္ကိုင္ တပ္ဖြဲ႕ေတြၾကားမွာ ေျမစာပင္သဖြယ္ျဖစ္ေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ေျမပုံၿမိဳ႕နယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔ကလည္း ေျမပုံၿမိဳ႕နယ္ အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေဇာ္ အသက္(၄၀)ႏွစ္နဲ႔ ေျမပုံၿမိဳ႕ ႐ြာသစ္ေကရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္တို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀၊ ၅၂ တို႔နဲ႔ အမႈဖြင့္ထားေၾကာင္း သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ နယ္/လုံဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ခဲ့ရာ ဖုန္းကိုင္ေျဖၾကားတာမရွိခဲ့ပါဘူး။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကိုဆက္သြယ္ခဲ့ရာမွာလည္း အဆက္အသြယ္မရရွိခဲ့ပါဘူး။

#voiceofmyanmar #VOM #ေျမပံု

Related posts

Leave a Comment

VOM News

FREE
VIEW